၁။ ၁၉၅၈ခုနှစ်အိမ်စောင့်အစိုးရ
၁၉၅၈ ခုနှစ် တပ်မတော်က အာဏာရယူခဲ့ရမှုဟာ အာဏာရပါတီ ဖဆပလ နှစ်ခြမ်းကွဲခဲ့တဲ့ပြဿနာက စခဲ့တာ ဖြစ်ပါတယ်။
၁၉၅၆ အထွေထွေရွေးကောက်ပွဲမှာ ဖဆပလက အနိုင်ရ ခဲ့ပေမယ့် အတိုက်အခံပါတီဖြစ်တဲ့ ပမညတ ရတဲ့ မဲအရေ အတွက်နဲ့ သိပ်မကွာတဲ့အတွက် ဖဆပလကို လူထုထောက်ခံမှု ကျဆင်းလာနေပြီဆိုတာ သတိပြုမိရာမှာ ဦးနုက ဖဆပလ အမတ်တွေ အကျင့်ပျက် လာဘ်စားမှု လူထုအပေါ် အနိုင် ကျင့်မှုတွေကြောင့်လို့ သုံးသပ်ပြီးဖဆပလသန့်ရှင်းရေးလုပ်ဖို့ ကြိုးစားလာသလိုဦး ကျော်ငြိမ်းက ပမညတဟာ တောတွင်း လက်နက်ကိုင်တွေ ထောက်ခံအားပေးမှုနဲ့ လက်နက်အားကိုး ဖိအားပေးမှုကြောင့် မဲတွေရလာတာဖြစ်လို့ တောတွင်းလက် နက်ကိုင်အဖွဲ့တွေကို အပြတ်ချေမှုန်းရမယ်လို့ သုံးသပ်ရာက သဘောထားကွဲလွဲလာကြရာကစပြီး အခြားပြဿနာများမှာပါ အထင်အမြင်လွဲလာရာကနေ နောက်ဆုံးမှာ ဖဆပလနှစ်ခြမ်းကွဲ သွားပြီးနောက်လွှတ်တော်မှာ ဦးကျော်ငြိမ်းရဲ့ဆွေ-ငြိမ်း (တည်မြဲ) ဖဆပလက ဦးနုရဲ့ နု-တင်(သန့်ရှင်း) ဖဆပလအစိုးရ ကို ၁၉၅၈ ဇွန်လ ၉ ရက်နေ့ လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်ရာမှာ ဖဆပလအမတ်အများစုရှိတဲ့ တည်မြဲက အနိုင်ရရမှာဖြစ်ပေမယ့် ပမညတ အမတ်မဲများရအောင်စည်းရုံးခဲ့ တဲ့ သန့်ရှင်းက စ မဲအသာနဲ့ ကပ်အနိုင်ရပြီး အစိုးရ ဆက် လက် ရပ်တည်သွားနိုင်ခဲ့ပါတယ်။ ပမညတ မဲများနဲ့ အစိုးရ ဆက်ရပ်တည်နိုင်ခဲ့တဲ့အတွက် ဦးနုဟာ ပမညတ ဖြစ်စေချင်တဲ့ အတိုင်း တောတွင်း လက်နက်ကိုင်(ဗကပ)တွေကို သင်ပုန်း ချေကြေညာ ချက်ထုတ်ပြန်ပြီး ကမ်းလှမ်းခဲ့ရပါတယ်။ ဒီကြေ ညာချက်မှာ တောတွင်းလက်နက်ကိုင်တွေ ဘာတွေပဲလုပ်ခဲ့လုပ် ခဲ့ (လူသတ်၊ ဓားပြတိုက်၊ မုဒိမ်းကျင့်) ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့လည်း ခွင့်လွှတ်တယ်၊ အစိုးရအဖွဲ့မှာလည်း သင့် လျော်သလို တာဝန်ပေးမယ်ဆိုတဲ့အတွက် တပ်မတော် အရာ ရှိကြီးများအကြားမှာ မကျေနပ်မှုတွေ များပြားလာပါတယ်။
အခြေခံဥပဒေအရ ၁၉၅၈ သြဂုတ်လမှာ ဘက်ဂျက် အတည်ပြုရေး လွှတ်တော် မပျက်မကွက်ခေါ်ရမှာ ဖြစ်ပေမယ့် ဒီတစ်ခါ လွှတ်တော်မှာ အယုံအကြည်မရှိအဆိုပြန်တင်ရင်နိုင် ဖို့ အလားအလာမရှိတော့ဘဲ အစိုးရပြုတ်ကျဖို့သေချာနေတဲ့ အတွက် ဝန်ကြီးချုပ်ဦးနုက လွှတ်တော်မခေါ်တော့ဘဲ သမ္မတ လက်မှတ်နဲ့ ဘက်ဂျက်အတည်ပြုလိုက်တဲ့အတွက် အခြေခံဥပဒေ
ကို စက္ကူစုတ်လို သဘောထားပြီး အာဏာရှင်စနစ်ကျင့်သုံး တယ်လို့ ဝိုင်းစွပ်စွဲလာကြတယ်။ ၁၉၅၈ တပ်မှူးများညီလာခံမှာ ဗိုလ်မှူးကြီးမောင်မောင်၊ ဗိုလ်မှူးကြီးအောင်ကြီး၊ ဗိုလ်မှူးကြီး ချစ်မြိုင်တို့က ““နိုင်ငံတော်ကို သစ္စာဖောက် လက်နက်ကိုင်ပြီး အစိုးရကို တော်လှန်တယ်ဆိုတဲ့သူတွေက လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှုတွေ ကျူးလွန်တာကို အရေးမယူဘဲ သင်ပုန်းချေပေး မယ်၊ ပြီးတော့ အစိုးရတောင် တက်လုပ်ဦးမယ်ဆိုတာဟာ ဘယ်လိုမှ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စ”လို့ ဆွေးနွေးလာ ကြတယ်။
ဖဆပလ(သန့်ရှင်း)နဲ့ တပ်မတော်အကြားမှာ ပြဿနာ တွေဖြစ်လာချိန်၊ စက်တင်ဘာ ၂ ရက်နေ့ သန့်ရှင်း ဖဆပလ ညီလာခံမှာ ဟံသာဝတီခရိုင်ကိုယ်စားလှယ်က တပ်မတော်ဟာ ရန်သူနံပါတ်တစ်ဖြစ်တယ်လို့ ကြေညာပြောဆိုလာတဲ့အတွက် ဒီလိုစိန်ခေါ်လာတာဟာ တောတွင်းနဲ့ ပြည်ထဲရေးအောက် လက်နက်ကိုင်အဖွဲ့တွေ အားကိုးရှိလို့သာဖြစ်မယ်လို့ တပ်မတော် တပ်မှူးကြီးများဘက်က သုံးသပ်ကြပြီးလက်ဦးမှုယူ အာဏာ သိမ်းဖို့အထိ ပြင်ဆင်လာကြတယ်။ ပြည်ထဲရေးဝန်ကြီး ဗိုလ်မင်းခေါင်ကလည်း သူ့လက်အောက်ရှိ စစ်ရဲတပ်ရင်းများနဲ့ ပြူစောထီးတပ်များကို လက်နက်ခဲယမ်းများဖြည့်တင်းပြီး အသင့်ပြင်ဆင်လာတဲ့အတွက် နှစ်ဖက်အခြေအနေတွေ အတင်း မာဆုံးဖြစ်လာတယ်။ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဝန်ကြီး ချုပ်ဦးနုနဲ့ ညှိနှိုင်းအဆင်ပြေပြီး လွှတ်တော်မှာ တရားဝင် အာဏာလွှဲပြောင်းရေး၊ ၆ လ အတွင်း ရွေးကောက်ပွဲလုပ်ပေးရေး သဘောတူညီချက်နဲ့ လွှတ်တော်က အတည်ပြုချက်အရ ၁၉၅၈ အောက်တိုဘာ ၂၈ မှာ အိမ်စောင့်အစိုးရ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
၆ လပြည့်ချိန်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အတွက် ရွေးကောက်ခံမဟုတ်သူသည် ၀န်ကြီးချုပ် ၆ လထက် ပိုလုပ်ခွင့်မရှိဆိုတဲ့ အခြေခံဥပဒေပုဒ်မ ၁၁၆ အရ ဗိုလ်ချုပ်ကြီးနေဝင်းက ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်စာတင်ပါတယ်။ ဒီအခါ လွှတ်တော်ကပဲ ဗိုလ်ချုပ်ကြီးနေဝင်း ဝန်ကြီးချုပ်ဆက်လုပ်မှ ဖြစ်မယ်ဆိုပြီး ၁၉၅၉ ဖေဖော်ဝါရီ ၂၈ လွှတ်တော်မှာ အခြေခံ ဥပဒေပုဒ်မ ၁၁၆ ပြင်ဆင်ရေးအဆိုကို အမတ် ၃၃၃ ဦးမှာ ၃ဝ၄ ဦးက ထောက်ခံအတည်ပြုကြလို့ ဗိုလ်ချုပ်ကြီးနေဝင်း ဝန်ကြီးချုပ်ဆက်လုပ်ခဲ့ရပါတယ်။ (လွှတ်တော်အမတ်တွေ ကန့်ကွက်ရင် ဝန်ကြီးချုပ် ဆက်လုပ်လို့မရပါ)
ဒီဖြစ်စဉ်တွေအရ ၅၈ အိမ်စောင့်အစိုးရ ပေါ်ပေါက်လာ ခြင်းဟာ လွှတ်တော်အမတ်တွေသဘော တူညီချက်နဲ့ လွှတ် တော်မှာအတည်ပြု အာဏာလွှဲခဲ့တာဖြစ်သလို အခြေခံဥပဒေ ပြင်ဆင် ဝန်ကြီးချုပ်သက်တမ်းတိုးမှုဟာ လည်းလွှတ်တော် အမတ်တွေ ထောက်ခံမှုအရဖြစ်လို့ အာဏာသိမ်းအစိုးရ မဟုတ် ဘူးဆိုတာထင်ရှားနေပေမယ့် ဒီကနေ့ တပ်မုန်းဝါဒဖြန့်ချိရေး အဖွဲ့များကတော့ တပ်က ပထမအကြိမ် အာဏာသိမ်းမှုအဖြစ် သာ ဝါဒဖြန့်နေကြဆဲဖြစ်ပါတယ်။
ဖဆပလ နှစ်ခြမ်းကွဲရာကစလို့ အယုံအကြည်မရှိ အဆိုတင်ရာမှာ အစိုးရပြုတ်မကျရေး မြေပေါ်ကွန်မြူနစ်လို့ ခေါ်ကြတဲ့ ပမညတအမတ်မဲများကို စည်းရုံးယူရခြင်းအတွက် အပေးအယူအဖြစ်အစိုးရက သူပုန်များအတွက် သင်ပုန်း ချေကြေညာချက်ထုတ်ပြန်ရခြင်း၊ အာဏာရပါတီက တပ် မတော်ကိုရန်သူ နံပါတ်တစ်လို့ ကြေညာလာခြင်း၊ ပြည်ထဲရေး အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များနဲ့ တပ်မတော် နှစ်ဖက် အပြန်အလှန် စစ်ပြင်လာခြင်းတွေဟာ ၅၈ အိမ်စောင့်အစိုးရ ပေါ်ပေါက်လာခြင်း အကြောင်းရင်းတွေ ဖြစ်ပါတယ်။
၂။ ၁၉၆၂ တပ်မတော်က အာဏာသိမ်းခြင်း ၁၉၅၈ အောက်တိုဘာ ၂၈ မှာ ပေါ်ပေါက်ခဲ့တဲ့ အိမ်စောင့် “အစိုးရဟာ ၁၉၆၀ ဖေဖော်ဝါရီ ၆ ရက်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရရှိတဲ့ သန့်ရှင်းဖဆပလ (ပြည်ထောင် စုပါတီ)ကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။
ဝန်ကြီးချုပ်ဦးနုဟာ ရွေးကောက်ပွဲ အနိုင်ရရှိမှုနဲ့အတူ ရွေးကောက်ပွဲအနိုင်ရရင် လုပ်ပေးမယ်လို့ ကတိပြုခဲ့တဲ့ ဗုဒ္ဓ ဘာသာကို နိုင်ငံတော်ဘာသာပြဌာန်းရေး၊ ဖက်ဒရယ်မူ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေး၊ ရခိုင်၊ မွန်နဲ့ ချင်းပြည်နယ် ပေးရေး ဖိအားများကို ဆက်လက်ရင်ဆိုင်ရပါတယ်။
မွန်ရခိုင်တို့က ပြည်နယ်ရရှိရေး အပြင်းအထန် တောင်း ဆိုလာကြပြီး၊ ပြည်နယ်ရရှိပြီးဖြစ်တဲ့ ရှမ်းတို့ကလည်း ဖက် ဒရယ်မူ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားလာကြသလို လူနည်းစု ဘာသာဝင်များကလည်း နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းရေးကို ဆန့်ကျင်ကန့်ကွက်လာကြပါတယ်။
အာဏာရ ပြည်ထောင်စု ပါတီအတွင်းမှာလည်း “ဦး၊ ဗိုလ်၊ သခင်” အုပ်စုသုံးစု အာဏာလုပွဲတွေ ပြင်းထန်လာ တဲ့အတွက် ရွေးကောက်ပွဲအနိုင်ရအစိုးရဖွဲ့ပြီး မကြာမီ ပြဿနာပေါင်းစုံရင်ဆိုင်လာရပါတယ်။
နိုင်ငံတော်ဘာသာကိုဆန့်ကျင်တဲ့ ဗုဒ္ဓဘာသာမဟုတ်သူ များ (ကချင်၊ချင်း)၊ ပြည်နယ်တောင်းဆိုတဲ့ ဗုဒ္ဓဘာသာများ (ရခိုင်၊ မွန်)၊ ဖက်ဒရယ်မူတောင်းဆိုတဲ့ ဗုဒ္ဓဘာသာ(ရှမ်း)တို့ အပေးအယူ လုပ်အကျပ်ကိုင်လာကြတဲ့အတွက် နိုင်ငံတော် ဘာသာ ဥပဒေကို ရခိုင်နွန်အမတ် များကပါလီန်မှာကန့်ကွက်ရင် မွန်နဲ့ရခိုင်ပြည်နယ်ပေးမယ်ဆိုတဲ့ ကတိကို ပြန်ရုပ်သိမ်းမယ်၊ ရှမ်းနဲ့ ကယားတို့ကလည်း နိုင်ငံတော်ဘာသာကိစ္စဈေးဆစ်ရင် ဖက်ဒရယ်မူ အဆိုပြုချက်ကို ဆက်မဆွေးနွေးနိုင်ဘူးလို့ ဝန်ကြီး ချုပ်ဦးနုကပြန်လည်အကျပ်ကိုင် ပြောဆိုပြီး နိုင်ငံတော်ဘာသာ ဥပဒေ ပြဋ္ဌာန်းရေးကို ၁၉၆၁ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ လွှတ်တော်မှာ ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။
ရှမ်းပြည်နယ်ကဦးဆောင်တဲ့ ဖက်ဒရယ်မူအရေး ကြိုးပမ်း နေဆဲမှပဲ ရှမ်းစော်ဘွားအချို့ဦးဆောင်တဲ့ ရှမ်းပြည်ခွဲထွက် တည်ထောင်ရေး လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာနေပြီဖြစ်ပါတယ်။ ၁ဝ နှစ်ကြာရင် ခွဲထွက်ခွင့် ဆိုတဲ့ အခြေခံဥပဒေကိုကိုင်ပြီး ခွဲထွက်ရေးအတွက် စော်ဘွားများဟာ ၁၉၅၇ခု နှစ်ကတည်းက မိုင်းရယ်မြို့မှာ ဆွေးနွေးဆုံးဖြတ် ခဲ့ကြကြောင်း ရှမ်းပြည်နယ် အဓိကအဖွဲ့ကြီးတစ်ဖွဲ့ဖြစ်တဲ့ ရလပဖ အဖွဲ့က ဖက်ဒရယ်မူကို ဆန့်ကျင်ကြောင်း ၁၉၆၁ ဇူလိုင် ၁၃ မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန် ကြေညာခဲ့ပါတယ်။
၁၉၆၁ ဧပြီ ၂၁ ရက်နေ့ တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးမှာ ဝန်ကြီးချုပ်ဦးနုက “မိမိ ထံတွင်အရေးကြီးသည့် စာတစ်စောင်ရရှိထားကြောင်း၊ စာပါ အကြောင်းအရာမှာ မြန်မာပြည်မှ ခွဲထွက်ရေးအတွက် ရှမ်းပြည် တော်လှန်ရေးပါတီဆိုတာ ထောင်ပြီးပြီး ခွဲထွက်နိုင်ရေးအတွက် ပြည်ပအကူအညီလိုတယ်၊ ပေးရင်လည်း အမြန်ပေးပါ” လို့ ပါဝင်ကြောင်း၊ မည်သူ့လက်ချက်ဆိုတာ သိရှိထား၍ ၄င်းပုဂ္ဂိုလ် ကို ဖမ်းဆီးရန်ဆုံးဖြတ်ခဲ့သော်လည်း စဝ်ခွန်ချိုကတောင်းပန် ထားသဖြင့် ဆိုင်းထားကြောင်း” ဖွင့်ပြောပါတယ်။ (အမည်ထုတ်ဖော်မပြောသော်လည်း ညောင်ငွေသွားစဝ်ရွှေသိုက်ဟု သိထားကြသည်) ဝန်ကြီးချုပ်ကိုယ်တိုင် ပြည်နယ်အစိုးရအဖွဲ့ ကို ပြန်တဲ့ အထောက်အထားအရ ဖက်ဒရယ်ဆိုတာ ထွက်မဟုတ်ဘူးလို့ ပြော၊ အလုံးစုံမှန်ကန်မှုမရှိကြောင်းထင်ရှားပါတယ်။ ရှမ်းခေတ်ဘွားအချို့ ဦးဆောင်ထောက်ပံ့မှုနဲ့ ရှမ်းပြည် လွတ်မြောက်ရေး တပ်မတော်ဖွဲ့စည်းမှု၊ ရှမ်းပြည်ခွဲထွက်ပြီးနောက် အမေရိကန်ဦးဆောင်တဲ့ ဆီးတိုးစစ်စာချုပ်ထဲ ဝင်ရောက်အထိ ပြင်ဆင်လာမှုနဲ့အတူ တစ်ဖက်မှာလည်း ရှမ်းစော်ဘွားများကပ် ဦးဆောင်ပြီး ဖက်ဒရယ်မူဒေါ်ရှမ်းမူ ဗမာသည်လည်း ပြည်နယ် တစ်ခုဖြစ်ရမည်ဆိုတဲ့ ရှစ်ပြည်နယ်ချဲ့)ကို တင်သွင်းလာပါတယ်။
၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ညနေ ၆ နာရီ အချိန် ရန်ကုန်မြို့ ပြည်လမ်းအသံလွှင့်ရုံ ခန်းမဆောင်မှာ ဖက်ဒရယ်မူဆွေးနွေးပွဲကြီး စတင်ပါတယ်။ ဝန်ကြီးချုပ်ဦးနုက အဖွင့်မိန့်ခွန်းပြောပြီး ရှမ်းပြည်နယ်ဥက္ကဌ စဝ်ခွန်ချိုက ဖက် ဒရယ်မူကိုတင်သွင်းပါတယ်။ ကချင်၊ ချင်း၊ ရှမ်း၊ ယား ပြည်နယ် ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးကြပြီး နောက်မတ်လ ၁ ရက်နေ့မှာ ပမညတ၊ ဖဆပလ ကိုယ်စား လှယ်များက သဘောမတူကြောင်း ကန့်ကွက်ဆွေးနွေးကြပါတယ်။
မတ်လ(၇)ရက်နေ့မှာ ဆွေးနွေးမယ့် ဦးနှင့် ပြည်ထောင်စု ပါတီကလည်း (အာဏာသိမ်းလိုက်လို့ မဆွေးနွေးလိုက်ရာ မယ့်) ကြိုတင်ဖြန့်ဝေထားတဲ့ ဆွေးနွေးချက်စာတမ်းအရ သဘောမတူကြောင်း သိရပါတယ်။ ဖက်ဒရယ်မူကို ပမညတ၊ ဖဆပလ၊ ပထဆိုတဲ့ ဗမာ ပါတီကြီးသုံးခုစလုံးက လက်မခံ တဲ့အတွက် ပြည်ပနဲ့ဆက်သွယ် လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ထားတဲ့ ရှမ်းစော်ဘွားအချို့ရဲ့ အစီအမံအတိုင်း အခြေခံ ဥပဒေ မးထားတဲ့ခွဲထွက်ခွင့်အရ ခွဲထွက်ကြောင်း ကြေညာ ဆိုတဲ့လမ်းကြောင်းက ပိုပီပြင်လာပါတယ်။
ဖက်ဒရယ်ရရင်လည်း ဖက်ရယ်က တစ်ဆင့် ခွဲထွက်ရေး သွားမယ်): ဖက်ဒရယ်မရရင်လည်း ခွဲထွက်ခွင့်အရ ခွဲထွက် မယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းများအရ တပ်မတော်(က မတ်လ ၂ ရက်နေ့မှာ လက်ဦးမှုရယူ အာဏာသိမ်းလိုက်ပါ တော့တယ်။
တပ်မတော်က အာဏာလိုချင်လို့ ဖက်ဒရယ်ဟာ ခွဲထွက် ရေး ပြည်ထောင်စုပြိုကွဲရေးဖြစ်တယ် အကြောင်းပြ အာဏာ သိမ်းလို့ ဆိုကြပေမယ့် အက်ယ်ကို အကြောင်းပြီး နောက်ကွယ်က ခွဲထွက်ရေးကြိုးပမ်းမှု အထောက်အထား တွေ့ရှိခဲ့တယ် ဆိုတာဝန်ကြီးချုပ်ဦးနုရဲ့ ၁၉၆၁ ဧပြီ ၂၁ ရက်နေ့ တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့အစည်းအဝေး ပြောကြားချက်ပင် ထင်းပွားနေပြီ ဖြစ်ပါတယ်။
၃။ ၈၈ အာဏာသိမ်းခြင်း
၁၉၆၂ တော်လှန်ရေးကောင်စီနဲ့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအောက်မှာ ၂၆ နှစ်ကြာ ဆိုရှယ်လစ် စီးပွားရေး စနစ်အရ မြို့ခြံဟာ ဆင်းရဲကျပ်တည်းနေနံရတဲ့ ပြည်သူ လူထုအများနေ့ဟာ ၁၉၈၇ ခုနှစ် တရားမဝင်ငွေကြေညာချက် အပေါ် မကျေနပ်မှုတွေ တိုးလာချိန်၊ ၁၉၈၈ မတ်လ ၁၂ ရက်နေ့ည ရန်ကုန်စက်မှုတက္ကသိုဝင်းအနီး အနောက်ကြို့ကုန်း၊ အုပ်ထွက်ရှိ စန္ဒာဝင်း၊ လေးကိုဖက်ရည်ဆိုင်မှာ စက်နှုာက္ကသိုလ် ကျောင်းသားသုံးကြ အရပ်သားလေးဦး၊ရန်ပွဲကစခဲ့တဲ့မီးပွားလေး
ကနေ ၈၈ အရေးအခင်း မီးတောက်ကြီးအဖြစ် တောက် လောင်သွားခဲ့ပါတယ်။ မတ်လ ၁၃ ရက်နေ့ည ရပ်ကွက် အရပ်သားနဲ့ ကျောင်းသား၊ ပဋိပက္ခလုံထိန်းတွေဝင်ရှင်းရာမှာ စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော် ကျည်ထိမှန် သေဆုံးသွားတဲ့အတွက် ပြဿနာပိုကြီးမားလာပြီး မတ်လ ၁၆ ရက် တံတားနီအရေးအခင်းကနေ မတ်လ ၁၈ ရက်နေ့ မြို့လယ် ဗန္ဓုလပန်းခြံမှာ ကျောင်းသားများ ဟောပြောရာက လူထူး ပေါင်းမိပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တယ်။ အာဏာပိုင် တွေ ကိုင်တွယ်ဖြေရှင်းမှု အမှားတွေကြောင့် ဆူပူအုံကြွလာချိန် မှာ တိုင်းပြည်ရဲ့ ဆိုးဂါးတဲ့ စီးပွားရေး နိုင်ငံရေးတွေရေးသား ထားတဲ့ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးရဲ့ (၄၁)မျက်နှာ အိတ်ဖွင့်ပေးစာနဲ့ သက်ခိုင်ဦးဆောင်တဲ့ ဗကပမြေအောက်(ယူဂျီ) ၄၀၂၈ ပါတီကော်မီတီလှုပ်ရှားမှုတွေကြောင့် အရှိန်အဟုန်မြင့် လာပြီး ဇွန်လ ကျောင်းပြန်ဖွင့်ချိန်မှာ ဇွန်၂၁ မြေနီကုန်း အရေး အခင်း၊ ထပ်ဖြစ်လာတဲ့အတွက် ရန်ကုန် မန္တလေး တက္ကသိုလ်တွေ ပိတ်လိုက်ပြီးနောက် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အခြား မြို့ကြီးများဆီ ကူးစက်သွားပါတယ်။ ဇူလိုင် ၂၃ မှာ အရေးပေါ် ´ ပါတီညီလာခံကျင်းပ မတ်လနဲ့ဇွန်လအတွင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအတွက် သူ့မှာ အဝန်ရှိတယ်လို့ ယူဆးတဲ့အတွက် ပါတီဥက္ကဋ္ဌရာထူးက နုတ်ထွက်ခွင့်တင်ပြီး ဦးနေဝင်း နုတ်ထွက် သွားတယ်။ ဒီညီလာခံမှာပါတီဥက္ကဋ္ဌ ဦးနေဝင်းပြောသွားတဲ့ သမိုင်းဝင်စကားနှစ်ခွန်းက ““ပြည်သူလူထုက တစ်ပါတီစနစ် ကြိုက်သား၊ ပါးနစ်ကြိုက်သလားဆိုတာကို ဆန္ဒခံယူပြီး ပြည်သူလူထုဆန္ဒအတိုင်း လုပ်ပေးပါ” ဆိုတဲ့စကားနဲ့ “စစ် တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ဖောက်တာမပါဘူး။ အဲဒါ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင် အဲဒီလိုဆူတဲ့လူတွေ မသက်သာဘူးမှတ်ပေတော့ ”ဆိုတဲ့ စကား ပါပဲ။ အဲဒီအချိန်အထိ ကျောင်းသားအရေး၊ တာဝန်ရှိသူတွေကို အရေးယူရေးတာ တောင်းဆိုကြပြီး ဘယ်သူကမှ ပါတီစုံဒီမို ကရေစီတောင်းဆိုတာ မရှိကြသေးဘဲ ဦးနေဝင်းကစတင်ပြော ဆိုလိုက်တာဖြစ်လို့ ပါတီးလမ်းကြောင်းကို ပထမဆုံး လမ်း ခွင့်ပေး လိုက်တဲ့သမိုင်းဝင် စကားဖြစ်ပါတယ်။ ဇူလိုင် ၂၃ အထိ ၈၈ အရေးအခင်း ကိုင်တွယ်ဖြေရှင်းမှုများမှာ တပ် မတော်က လုံးဝပါဝင်ပတ်သက်ခြင်း မရှိသေးချိန်ဖြစ်လို့ ကပ် ပြည်သူ ဘာပြဿနာမှမရှိခဲ့ပေမယ့် “စစ်တပ်က ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး"ဆိုတဲ့ စကားကြောင့် တပ်နဲ့ပြည်သူ သွေးခွဲလိုသူတွေ အကြိုက်တွေ့သွားပြီး ဒီစကားကို ကောင်း ကောင်းအသုံးချ ပြီးတပ်မှန်းပါဒ ဖြန့်ကြပါတော့တယ်။ ဇူလိုင် ၂၇ မှာ ဦးစိန်လွင်သမ္မတ ဖြစ်လာပြီးနောက် ဩဂုတ်လ ၄ ရက်နေ့မှာ ရန်ကုန်မြို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီး နယ်က တပ်အချို့ ရန်ကုန်ထဲခေါ်ယူရာကးလို့ တပ်မတော်က စတင် ပါဝင်လာရပါတယ်။ BBC, VOA ကလည်း ဩဂုတ် လ ၅ ရက်နေ့ကို တစ်နိုင်ငံလုံး ဆူပူအုံကြွကြမယ့် ရှစ်လေးလုံး နေ့အဖြစ် လှုံ့ဆော်ပေးရာမှာ BBC သတင်းထောက် ခရစ်စတို တဂါးနက် အချိန်ကိုက်လုပ်ကြံဖန်တီးထုတ်လွှင့်လိုက်တဲ့ ထောင် ဘဲရှိကျောင်းသူများ မုဒိမ်းကျင့်ခံရမှု အင်တာဗျူးဟာ သြဂုတ်လ ၈ - ရက်နေ့ လမ်းပေါ် ထွက်ကြဖို့ လူထုစိတ်ကိုနှိုးဆွရာမှာ အထိရောက်ဆုံးဖြစ်ခဲ့ပါတယ်။ (အဖြစ်မှန်မဟုတ်တဲ့ လုပ်ကြံ ဖန်တီးထုတ်လွှင့်မှုလို့ အသံသွင်းခဲ့တဲ့ ကာယကံရှင်တွေ ကိုယ် တိုင်ပြန်ဝန်ခံခဲ့ကြပေမယ့် သွေးအေးသွားပြီဖြစ်လို့ ဘယ်သူမှ စိတ်မဝင်စားကြတော့ပါဘူး) ၈၊ ၈၈ မှာ
တစ်နိုင်ငံလုံး မြို့ကြီးများ အပါအဝင် မြို့နယ်(၄၈)ကျော် လူစုလူဝေးနဲ့ ဆန္ဒပြခဲ့ကြပြီး သြဂုတ်လ(၁၂)ရက်နေ့မှာ ဦးစိန်လွင် နှုတ်ထွက် သွားပါတယ်။ သြဂုတ်လ(၁၉)မှာ ဒေါက်တာမောင်မောင် သမ္မတဖြစ်လာပြီးနောက် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပိုင်းကို အတွက် ဆန္ဒပြချီတက်ပွဲများ ပိုမိုများပြားလာပြီး သမဂ္ဂ၊ သပိတ်ကော်မီတီ၊ သပိတ်စခန်းတွေ အစုလိုက်အပြုံလိုက် မှိုလိုပေါ်ထွက်လာကြပါတယ်။ သြဂုတ်လ ၂၆ ရက်မှ ရွှေတိဂုံ အနောက်ဘက်မှ လူထုဟောပြောပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် စတင်ပါဝင်လာပါတယ်။
အစိုးရယန္တယား မလည်ပတ်နိုင်တော့ဘဲ ရပ် တန့်သွားတဲ့အတွက် မင်းမဲ့စရိုက်ဖြစ်လာပြီး ဂိုဒေါင်စက်ရုံ ဖောက် လုယက်မှုများကနေ ခေါင်းဖြတ်သတ်မှုများအထိ ဆိုးဝါးလာပါတယ်။ (၃)လအတွင်း ပါတီစုံဒီမိုကရေစီ ရွေး ကောက်ပွဲလုပ်ပေးမယ်၊ ရွေးကောက်ပွဲမှာ လက်ရှိအစိုးရနဲ့ ပါတီတာဝန်ရှိသူတွေ လုံးဝမပါဝင်ဘူးလို့ ဒေါက်တာ မောင် မောင်က စက်တင်ဘာ ၁၁ ရက်နေ့မှာ ကြေညာတာကို ဦးနုက လက်ခံပေမယ့် အမေရိကန်လွှတ်တော်အမတ် စတီဗင်ဆိုလာ အကြံ ပေးချက်အရ ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘဲ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးသာ တောင်းဆိုပါတယ်။ ရန်ကုန်နဲ့ နယ်အချို့မှာ မင်းမဲ့တိုင်းပြည်လိုဖြစ်နေပြီး ခေါင်းဖြတ် သတ် မှုတွေကြောင့် ပြည်သူလူထု ကျီးလန့်စာစားဘဝ ရောက်နေ ပါတယ်။ တိုင်းပြည်အုပ်ချုပ်ရေးအာဏာ ပျက်ပြားနေမှုကို အခွင့်ကောင်းယူပြီး ဗကပ၊ ကေအန်ယူ၊ ကေအိုင်အေတို့က စစ်ရေး ထိုးစစ်တွေပြင်ဆင်လာပြီဖြစ်သလို တရုတ်မြန်မာ နယ်စပ်မှာ တရုတ်ဘက်ကကြီးမားတဲ့ စစ်အင်အားနဲ့ တပ်ချလာ ခြင်း၊ အမေရိကန် စစ်သင်္ဘောအုပ်စု မြန်မာ့ရေပိုင်နက်ထဲ ဝင်လာခြင်းတို့ကြောင့် တိုင်းပြည်ကံကြမ္မာဟာ `စိုးရိမ်စရာ အကောင်းဆုံး အခြေအနေဆီ ရောက်လာတယ်။ ဒီအခြေ အနေအထိ တပ်မတော်ဟာ မိမိသဘောဆန္ဒနဲ့ ဘာမှလှုပ်ရှား မှုမပြုခဲ့ဘဲ အုပ်ချုပ်ရေးယန္တယားပျက်နေပြီဖြစ်တဲ့ အစိုးရ အမိန့်ကိုသာ စောင့်မျှော်နာခံနေဆဲဖြစ်ပါတယ်။ စက်တင်ဘာ (၁၇) မှာ ရန်ကုန်စစ်ရုံးချုပ်အနီး မင်းသိင်္ခအပါအဝင် ဟောပြော သူတွေက စင်ပေါ်ကနေ စစ်ရုံးဘက် အသံချဲ့စက်လှည့်ပြီး တပ်မတော်ကိုမကြားဝံ့မနာသာ ဆဲဆို ရိုင်းစိုင်းပြနေတာကို စစ်သည်တွေ သည်းမခံနိုင်ဖြစ်လာလို့ ပြန်မတုံ့ပြန်ကြဖို့ အထက် အဆင့်ဆင့်က ဖျောင်းဖျတားဆီးခဲ့ရတယ်။ စက်တင်ဘာ(၁၇) ညနေမှာပဲ ရန်ကုန်ကုန်သွယ်ရေးရုံးချုပ်မှာ လုံခြုံရေးတာဝန်ယူ ထားတဲ့တပ်ကို ဆန္ဒပြလူအုပ်စုက ဝင်ရောက်စီးနင်းပြီး လက် နက်ခဲယမ်းတွေ သိမ်းယူသွားတဲ့အခါမှာတော့ တပ်မတော်ရဲ့ သည်းခံနိုင်မှုဟာ အစွမ်းကုန်သွားပြီဖြစ်ပါတယ်။ ဒီမိုကရေစီ ရရှိရေး ရိုးရိုးသားသားဆန္ဒပြသူဟာ တုတ်ဆွဲဓားဆွဲနဲ့ ရန်ပြု ရော၊ လက်နက်ခဲယမ်းတွေ ဝင်သိမ်းစရာ အကြောင်းမရှိတဲ့ အတွက် လုံခြုံရေးတပ်က မိမိကိုယ်ကို ခုခံခွင့်အရပစ်ခတ်ရင် အစုလိုက်အပြုံလိုက် သေဆုံးကြရဖို့သာရှိပါတယ်။ “တပ်က ပစ်ခတ်၊လူတွေ အစုလိုက်အပြုံလိုက် သေကြေ၊ တပ်က အပြစ်မဲ့ပြည်သူတွေကို ပစ်သက်နေပြီလို့ ဝါဒဖြန့်ကြေညာ ဆိုတာ နောက်ကွယ်က ကြိုးကိုင်ဆရာကြီးတွေ လိုလားဖန်တီး တဲ့ အကွက်ဖြစ်ပါတယ်။ ဒီအကွက်ထဲမဝင်ဘဲ လုံခြုံရေး ကပ်ဖွဲ့ဝင်တွေက လက်နက်ခဲယမ်းတွေ ထားခဲ့ပြီး အရပ်ဝတ်နဲ့ ရှောင်ထွက်သွားကြလို့ လူအစုလိုက်အပြုံလိုက်ပစ်သတ်ခံရမယ့် ဘေးက လွတ်သွားခဲ့ရပေမယ့် နောက်တစ်ကြိမ် အလားတူ ဖြစ်စဉ်များ တပ်အဖြစ်ခံရရင် တပ်ပျက်ဖို့သာရှိတော့တဲ့အတွက် စက်တင်ဘာ(၁၈) ညနေမှာ တပ်မတော်က နိုင်ငံတော် အာဏာရယူ အာဏာသိမ်းလိုက်ပါတော့တယ်။
၄။ ၂၀၂၁ အာဏာထိန်၊အစိုးရ
အာဏာသိမ်းတယ်ဆိုတာ မလွဲမရှောင်သာတော့မှသာ လုပ်ရတဲ့အလုပ်ဖြစ်ပေမယ့် ကောင်းတဲ့ကိစ္စမဟုတ်လို့ အာဏာသိမ်းမှုများ ထပ်ပေါ်မလာရအောင် ၂၀၀၈ အခြေခံဥပဒေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒီအခြေခံဥပဒေဟာ တပ်မတော်ရဲ့အခန်းကဏ္ဍကို နေရာပေး ထားတဲ့အတွက် ဒီမိုကရေစီစစ်စစ်မဟုတ်ဘူးဆိုပေမယ့် တိုင်း ပြည်နဲ့လူထု အကျိုးစီးပွား တိုးတက်ရေး လုပ်ဆောင်ရာမှာဘာမှ အနှောင့်အယှက်မပေးနိုင်တဲ့အတွက် နိုင်ငံနဲ့ပြည်သူ့အကျိုး သယ်ပိုးဖို့ စိတ်ထားအမှန်ရှိတဲ့ နိုင်ငံရေးပါတီများ နိုင်ငံရေး သမားများ လက်ခံနိုင်တဲ့ဥပဒေဖြစ်ပါတယ်။ အခြေခံဥပဒေပြင်မှ တိုင်းပြည် တိုးတက်အောင်လုပ်လို့ရမယ်ဆိုတာ မဟုတ်ကြောင်း ဒီမိုကရေစီပထမသက်တမ်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒီအခြေခံဥပဒေနဲ့ပဲ လုပ်ပြသွားခဲ့ပြီးဖြစ်ပါတယ်။ ဒီမိုကရေစီ ဒုတိယသက်တမ်း ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ အရှိန်အဟုန်နဲ့ တိုးတက်လာမယ်လို့ ထင်ခဲ့ကြပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်မှ တိုင်းပြည် တိုးတက်အောင်လုပ်နိုင် မယ်ဆိုပြီး အခြေခံဥပဒေပြင်ရေးခေါင်းစဉ်နဲ့ တပ်မတော်ကို ထိပ်တိုက် ရင်ဆိုင်လာတဲ့အတွက် တစ်ချိန်ချိန်မှာ တပ်မတော်က အခြေခံဥပဒေကပေးထားတဲ့ လုပ်ပိုင်ခွင့်နဲ့အညီ အာဏာရယူ လာနိုင်တယ်ဆိုတာ သာမန်နိုင်ငံရေး လေ့လာသူတွေတောင် သုံးသပ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။
စစချင်းဆောက်နဲ့ထွင်းဆိုသလို “နိုင်ငံတော်၏ အတိုင် ပင်ခံဥပဒေ" လွှတ်တော်မှ တင်ကတည်းက ပြဿနာစခဲ့ပြီး တပ်မတော်ဘက်က အလျှော့ပေးခဲ့လို့ အဆင်ပြေသွားပေမယ့် လွှတ်တော်တွင်းလွှတ်တော်ပြင်ပမှာ ၅ နှစ်လုံးလုံး တောက် လျှောက် တပ်မတော်နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့အကြောင်းရင်း တွေ တဖြည်းဖြည်း စုပုံလာပြီး မဲမသမာမှုဖြေရှင်းရေး ထိပ် တိုက်ရင်ဆိုင်မှုမှာ အာဏာဝင်ထိန်းတဲ့အထိ ပြဿနာအကြီးမား ဆုံးဆီ ရောက်သွားခဲ့ပါတယ်။၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမှုမရှိဘူးဆိုတာ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလတွေက ပြောဆိုဖော်ပြခဲ့ကြတဲ့ နိုင်ငံရေး ပါတီများနဲ့ မီဒီယာများရဲ့မှတ်တမ်းတွေ အထင်အရှား ရှိနေဆဲ ဖြစ်ပါတယ်။ မြို့နယ်ခရိုင်ရွေးကော်အဖွဲ့မျာကို NLD လူများ ခန့်ထားခြင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမည်စာရင်းပေး ပို့တဲ့ သူတွေကို ခရိုင်မြို့နယ်ကော်မရှင် တာဝန်ပေးအပ်ရခြင်း တွေဟာ ဝန်ကြီးချုပ်လက်မှတ်ထိုးပြီး UEC ကို တရားဝင် စာပို့ထားတဲ့ အထောက်အထားတွေဖြစ်လို့ NLD က UEC အလုပ်ကို တိုက်ရိုက်ဝင်လုပ်နေကြောင်း ငြင်းမရတဲ့ အချက်တွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမဲမသမာမှု များစွာထဲ အထင်ရှား ဆုံးတစ်ချက် ထုတ်နုတ်ပြရင် ရွေးကောက်ပွဲပြီးသည်အထိ UEC က ထုတ်ပြန်တဲ့ တစ်နိုင်ငံလုံးမဲစာရင်းတွေ မတည်ငြိမ် နိုင်သေးဘဲ အကြိမ်ကြိမ် ပြင်ဆင်ထုတ်ပြန်နေရခြင်းပါပဲ။ မဲရုံအချို့ရလဒ်တွေမှာ မဲပေးခွင့်ရှိသူစာရင်းထက် မဲပေးသူစာရင်း က ပိုများနေတဲ့အတွက် ပြဿနာတက်လာရာက တစ်နိုင်ငံလုံး မဲပေးခွင့်ရှိသူစာရင်းတွေ အကြိမ်ကြိမ်ပြင်ဆင်နေရတာ ဖြစ်လာ ပါတယ်။မဲပေးခွင့်ရှိသူ စာရင်းဆိုတာ မဲပေးရက်မတိုင်မီ အတည်ပြု စာရင်းချုပ်ပြီးရမှာဖြစ်ပေမယ့် ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ တစ်နိုင်ငံလုံးမဲပေးခွင့်ရှိသူ ၃၇၂၆၈၈၇၆ ဦးလို့ ဖော်ပြပြီး နိုဝင်ဘာ ၃၀ ရက်နေ့မှာ တစ်နိုင်ငံလုံးမဲပေးခွင့်ရှိသူ စာရင်း ၃၈၂၇၁၄၄၇ ဦးလို့ ပြောင်း လဲပြင်ဆင်ထုတ်ပြန်ပါတယ်။ မဲပေးရက်မတိုင်မီ အတည်ပြုပြီး ဖြစ်ရမယ့် မဲပေးခွင့်ရှိသူစာရင်းဟာ နိုဝင်ဘာ ၈ ရက်နေ့ မဲပေးရက်ပြီးနောက် နိုဝင်ဘာ ၉ ထုတ်ပြန်တာတောင် မမှန်သေးဘဲ နိုဝင်ဘာ ၃ဝ ထုတ်ပြန်ချက်မှာ တစ်သန်းကျော် ထပ်တိုးစာရင်းထည့် ထုတ်ပြန်ရတယ်ဆိုကတည်းက မဲစာရင်း တွေ ဘယ်လောက်လိမ်လည် မသမာမှုတွေဖြစ်နေပြီဆိုတာ သိသာထင်ရှားနေပါတယ်။ မဲပေးခွင့်ရှိသူစာရင်းကို ရွေး ကောက်ပွဲကျင်းပပြီးနောက် တစ်လလောက်ကြာမှ အတည်ပြု ထုတ်ပြန်နိုင်တယ်ဆိုတာ အံ့ဖွယ်ထူးခြားဖြစ်စဉ်အဖြစ် ဂင်းနစ် မှတ်တမ်းဝင်နိုင်ပါတယ်။
ဒီလို လူသိထင်ရှား ရှက်စရာမဲစာရင်းတွေဖြစ်နေတဲ့ အတွက် (နိုင်ငံရေးပါတီတွေ တောင်းဆိုတာလည်း အရာ မရောက်တော့တဲ့အတွက်) တပ်မတော်က မဲစာရင်းကိစ္စဖြေရှင်းဖို့ တစ်ဆင်ပြီးတစ်ဆင့် အကြိမ်ကြိမ် တောင်းဆိုတာကိုဘာမှ မဖြေရှင်းဘဲ “သိမ်းချင်ရင် အမှိုက်သိမ်း၊ ဘာရမလဲ သာဝ ရယ်”သွားလုပ်တဲ့အတွက် “မင်းဘယ်ပြေးမလဲ မိချိုသဲက ဖြစ်သွားရတာပါပဲ။ ရွေးကောက်ပွဲ အကြိုကာလကတည်းက ပေါ်ပေါက်လာတဲ့မတရားမှုတွေကြောင့် အပြန်အလှန်တင်းမာ လာ ရင်း တပ်ကအာဏာထိန်းတဲ့အထိ ရောက်သွားနိုင်တယ်ဆိုတာ သာမန်လူတောင် သိနိုင်တဲ့အတွက် NLD က မသိစရာအကြောင်း မရှိလို့ အာဏာ မသိမ်းရဲရင် ငါတို့အစိုးရ ဆက်လုပ်ရမယ်၊ အာဏာသိမ်းရင်လည်း စစ်အာဏာရှင်အစိုးရအဖြစ် နာမည် ပျက်ပြီးငါတို့မဟုတ်တာ လုပ်ခဲ့သမျှ လူထုအာရုံပျောက်သွား မှာဖြစ်တယ်၊ ကြိုက်တဲ့လမ်းရွေးဆိုပြီး စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ (တိုင်းပြည်လူထု အကျိုးဘာမှ ထည့်မစဉ်းစား ဘူးဆိုတာ သေချာနေပါတယ်)..အာဏာသိမ်းတာမဟုတ်ဘဲ အခြေခံဥပဒေနဲ့အညီ အရေးပေါ်ကာလ သတ်မှတ်တစ်နှစ်အတွင်း အာဏာပြန်လွှဲ ဖို့ ဖြစ်ပေမယ့် ဆူပူအကြမ်းဖက်မှုတွေကြောင့် အခုအချိန်အထိ အာဏာပြန်မအပ်နိုင်တော့ဘဲ ဘယ်အချိန် အာဏာပြန်အပ်နိုင်မယ်ဆိုတာ မရေရာ မသေချာတဲ့အခြေအနေဆီ ရောက်နေပြီ ဖြစ်ပါတယ်။ မဲလိမ်မဲခိုးပြဿနာရှင်းဖို့ တောင်း ဆိုတာမရှင်းလို့ ခေတ္တအာဏာထိန်းပြီး ရွေးကောက်ပွဲကျင်းပ အာဏာပြန်လွှဲမယ်ဆိုတာကို ရွေးကောက်ပွဲမလုပ်ရဘူး ဆိုတော့ တပ်မတော်ကသာ အာဏာ တောက်လျှောက်ယူထားပါတော့လို့ ပြောတာနဲ့အတူတူပါပဲ။
၅၈ အိမ်စောင့်အစိုးရကို အာဏာသိမ်းအစိုးရလို့ ခေါ်ကြ သလိုပဲ အ၂ဝ၂၁ အိမ်စောင့်အစိုးရကိုလည်း အာဏာသိမ်းအစိုးရ လို့ ခေါ်နေကြပြီး အာဏာထိန်းရာကနေ အာဏာပြန်မအပ်နိုင် တဲ့ အာဏာသိမ်းအစိုးရအစစ်ဖြစ်အောင် တွန်းပို့နေကြပါတယ်။
(တာတီးလိုလူတွေ)
တပ်မတော်ကအာဏာသိမ်းမှု အာဏာထိန်းမှုတွေဟာ အကြောင်းမဲ့ မဟုတ်ဘဲ နိုင်ငံရေးသမားများက ဖန်တီးမှုကြောင့် ပေါ်ပေါက်လာတာဖြစ်ကြောင်း တင်ပြပါ အာဏာ သိမ်း/ထိန်းမှ ဖြစ်စဉ်များအရ သိနိုင်ပါတယ်။ အာဏာသိမ်း/ ထိန်းမခံချင်ရင် အာဏာသိမ်း/ထိန်းဖို့ ဖြစ်လာနိုင်တဲ့ အကြောင်းတရားတွေ ပေါ်မလာအောင် ပိတ်ဆို့ရမှာဖြစ်ပေမယ့် အာဏာမသိမ်း/ မထိန်းရင်မဖြစ်တော့တဲ့ အခြေအနေရောက်အောင် ဖန်တီး လမ်းဖွင့်ပေးနေတာ လည်းနိုင်ငံရေးသမားတွေ ဖြစ်နေပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်ဆိုတာကိုနားမလည်ဘဲ အကြောင်း တရားတွေ ဖန်တီးပြီးအကျိုးဖြစ်လာမှ “စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပစ်” ဆိုတာဟာ ““ပန်းမြိုင်လယ်က ဥယျာဉ်မှူး" ရုပ်ရှင်ဇာတ်ကားထဲမှာ သူ့အဖေထန်း ပင်ပေါ်ကပြုတ်ကျသေရ တာ
ထန်းပင်ကြောင့်ဆိုပြီး ထန်းပင်ကို ခုတ်ဖြတ်နေတဲ့ တာတီး (ကျော်ဟိန်း)လို လူတွေဖြစ်ပါတယ်။ စစ်အာဏာရှင်ပေါ်လာတာ တပ်မတော်ကြောင့်ဆိုပြီး တပ်မတော်ကိုအမြစ်ဖြတ်မယ်ဆိုတာ သူ့အဖေ ထန်းပင်ပေါ်က ပြုတ်ကျသေတာ ထန်းပင်ကြောင့်ဆိုတဲ့ တာတီး အတွေးအခေါ်ဖြစ်ပါတယ်။
တာတီးလိုလူတွေ ရှိနေသမျှ အာဏာ သိမ်းမှု/ ထိန်းမှု တွေ ပေါ်ပေါက်နေဦးမှာသာ ဖြစ်တဲ့အတွက် စစ်အာဏာရှင်လို့ ဆိုနေကြတဲ့ အာဏာသိမ်းမှု/ထိန်းမှုတွေ အမှန်တကယ် အမြစ်ပြတ်ဖို့ဆိုရင် တာတီးလိုလူတွေကို အရင်ဆုံး အမြစ်ဖြတ် ပစ်မှသာရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
စစ်ငြိမ်း(၈ ၉:၂ဝ၂၃)
Admin(တောင်ပေါ်သား)
Post a Comment