အော့နှလုံးနာစရာဖြစ်တဲ့ဆေးရုံတိုက်ခိုက်မှုများ

အောက် ၁၇ ရက်နေ့က ဂါဇာရှိ Al Ahli ဆေးရုံဗုံးကြဲတိုက်ခိုက်ခံရလို့ ကလေးငယ်တွေအပါ လူ ၅၀၀ လောက်သေဆုံးမှုနဲ့ပတ်သက်ပြီး ကမ္ဘာ့အသိုက်အဝန်းအားလုံး စိုးရိမ်ထိတ်လန့်သွားကြတယ်။ လူတွေဟာ ဒီလောက်တောင် အကြင်နာတရား မရှိတော့ဘူးလားပေါ့။  
-
ဒီဖြစ်ရပ်က ကမ္ဘာစစ်ကြီးတောင် ဖြစ်သွားနိုင်တဲ့အတွက် အစ္စရေးဘက်ကလည်း ဝန်မခံသလို၊ မှားယွင်းပစ်မိတာ လို့လည်း ပြောတယ်၊ ဟားမက်စ်တို့ ဗုံးခွဲတာလို့လည်း လက်ညှိုးထိုးတယ်။ ဟားမက်စ်တို့ကလည်း အစ္စရေးတို့ရဲ့ ဒုံးကျည်မှန်တာဖြစ်ကြောင်း၊ လေ့လာသုံးသပ်သူတွေကလည်း ဒီလောက် ဖျက်အားကြီးတဲ့ဗုံး အစ္စရေးတို့မှာသာ ရှိပြီး ဟားမက်စ်တို့ထံတွင် မရှိကြောင်း အမျိုးမျိုးပြောဆိုကြတာပေါ့။  
-
ဗြဟ္မဦးခေါင်းကြီးလိုဖြစ်တဲ့ ဒီဖြစ်ရပ်ကြီးက အာရပ်ကမ္ဘာနဲ့ မွစ္စလင်အသိုင်းအဝိုင်းကြားမှာ မီးပုံပေါ် ဓာတ်ဆီ လောင်းထည့်လိုက်သလို သွေးဆူသွားစေခဲ့ပါတယ်။  
-
ဒါမျိုး အကြမ်းဖက်မှုဖြစ်ရပ်ဟာ မြန်မာနိုင်ငံတွင်းမှာ NUG P-D-F တွေရဲ့ ယုတ်မာတဲ့လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ရင် ပါမွှားအဆင့်လေးမျှသာ ဖြစ်ပါတယ်။  
-
မြန်မာနိုင်ငံမှာဆိုရင် 1-2-2021 ရက်မှ 2023 စက်တင်ဘာလကုန်အထိအတွင်းမှာ N-u-G P-d-F တွေက  --
* ဆေးရုံ/ဆေးခန်း/ကိုဗစ်စင်တာကို ဗုံးခွဲတိုက်ခိုက်မှု (၃၂)ကြိမ်။  
* ဆေးရုံ/ဆေးခန်း/ကိုဗစ်စင်တာကို မီးရှို့ဖျက်ဆီးမှု (၁၆)ကြိမ်။  
* အကြမ်းဖက်လုပ်ကြံမှုကြောင့် ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း (၁၆)ဦး သေဆုံးခဲ့။  
-
ဒါတင်လားဆိုတော့ မကသေးပါဘူး။ ထွက်ပြေးနေတဲ့ N-U-g အဖွဲ့တွေက ပြည်ပကနေ မြှောက်ပေးပြီး ပြည်တွင်းက ကျန်းမာရေးဝန်ထမ်းတွေကို CDM လုပ်ကြဖို့ သွေးထိုးခဲ့ကြသေးတယ်။ ဒီလုပ်ရပ်တွေကြောင့် ကိုဗစ် 2nd Wave (Delta)မှာ ကျန်းမာရေးဝန်ထမ်းမလုံလောက်လို့ ရောဂါကြောင့် မြန်မာပြည်သူတွေ မသေသင့်ဘဲ အများကြီး ဆုံးရှုံးခဲ့ကြရတယ်။  
-
အခုလိုမြန်မာပြည်က ဖြစ်ရပ်တွေသာ ကမ္ဘာက သိခဲ့ရင် အစ္စရေးတို့ ဂါဇာဆေးရုံကို ဗုံးကြဲတဲ့ case က မထင် မရှားနဲ့ ပျောက်ကွယ်သွားနိုင်တာ အမှန်ပါပဲ ။  
-
ကြုံကြိုက်လို့ ရှင်းပြတာ။ (လာမဆဲကြနဲ့)
crd#KT

Post a Comment

Previous Post Next Post