အချင်းချင်းတိုက်ရင်းလည်း ရှုပ်နေကြတဲ့ လက်နက်ကိုင်တော်လှန်ရေး


TNLAဆိုတာ KIAက မွေးထုတ်လိုက်တဲ့ပလောင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပေမယ့် အင်အားရှိလာတော့ UWSAထံတပည့်ခံပြီးKIAကိုအာခံလာပါတယ်။

ရှမ်းမြောက်ဒေသမှာ နယ်မြေလုဘက်ဆက်ကြေးလုဘက်ဖြစ်လာပြီး KIAသာမက SSPPနဲ့ပါ တိုက်ပွဲတွေဖြစ်လာပါတယ်။မကြာသေးမီကာလတွေကပဲ SSPPနဲ့TNLA ပေါင်းပြီး RCSS ကိုတိုက်နေရာကအခုSSPP နဲ့TNLA တိုက်ပွဲတွေဖြစ်လာပြန်တော့ မျက်စိလည်စရာလို့ထင်ရပေမယ့် EAOများသမိုင်း ကြောင်း အရ တစ်ဖွဲ့နဲ့တစ်ဖွဲ့ပေါင်းလိုက်ခွာလိုက် တွေကထူးဆန်းတဲ့ကိစ္စတွေမဟုတ်တော့ပါဘူး။

အင်အားနည်းပါးချိန်မှာမဟာမိတ်ဖွဲ့ပြီး အကူအညီယူမယ်၊အင်အားကြီးထွားလာရင်နယ်မြေလုဘက်အာဏာလုဘက်အဖြစ် ရန်သူဖြစ်လာမယ်ဆိုတာ EAOလောကရဲ့နိယာမဖြစ်ပါတယ်။

KIAဟာတစ်ချိန်က ဗကပ(ယခုUWSA)နဲ့ မဟာမိတ်အဖြစ်ပေါင်းလိုက် ရန်သူအဖြစ်တိုက်လိုက် လုပ်ခဲ့ပြီးအင်အားကြီးထွားလာတဲ့အခုအချိန်မှာEAO လောကဆရာကြီးနေရာမှန်းလာပြီးUWSAနဲ့ပုခုံးချင်းယှဥ်လာလို့ ဆက်ဆံရေးမကောင်းဘဲ တစ်ယောက်ခြေလှမ်းတစ်ယောက်စောင့်ကြည့်နေကြတဲ့အနေအထားဖြစ်ပါတယ်။

ဗကပ လက်ထွက်UWSA ကလည်း KIA မွေးထုတ်လိုက်တဲ့ TNLA အရွယ်ရောက်လာတော့ အဆင်သင့်ကောက် မွေးစားပြလိုက်ပြီးKIAကိုပညာပေး လိုက်ပါတယ်။

ယခင်နှစ်ပေါင်းလေးဆယ်လောက်ကတည်းက SSAနဲ့ SURAအဖြစ် ရန်ဘက်ဖြစ်ခဲ့ပြီးတိုက်ခဲ့ကြတဲ့ရှမ်းလက်နက်ကိုင်အဖွဲ့ကြီးနှစ်ဖွဲ့ဟာ အခုအချိန်မှာလည်း SSPPနဲ့ RCSSအဖြစ် တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။

SSAက ဗကပ နဲ့အဆင်ပြေပြီးSURAက ဗကပနဲ့မတည့်ခဲ့သလိုအခု လည်း SSPPက UWSAနဲ့အဆင်ပြေပြီး RCSSကလည်း UWSAနဲ့ မတည့်ပါ။

UWSAရန်ကာကွယ်ဖို့ ထိုင်းက RCSSကိုကြားခံထားပါတယ်။ထိုင်း(အမေရိကန်)နောက်ခံ KNUအင်အားကြီးမားခဲ့စဥ်က(တရုပ်နောက်ခံ )ဗကပနဲ့ စင်ပြိုင် ဆရာကြီးနေရာလုခဲ့ ပေမယ့် အခုအချိန်မှာတော့ KNUကနေ အကွဲကွဲအပြဲပြဲ အဖွဲ့ပေါင်းများစွာကွဲထွက်သွားပြီဖြစ်လို့KIA လောက်တောင်မရှိတော့တဲ့အတွက် ဆရာကြီးနေရာကိုUWSA က ရရှိထားပါတယ်။

ဗမာဗမာချင်းဖြစ်တဲ့ပြဿနာမှာဝင်မပါဘူး၊ပြည်ထောင်စုကဘယ်တော့မှခွဲမထွက်ဘူးလို့ကတိပြုပြီးနိုင်ငံတော်အလံ ကိုထိပ်မှာလွှင့်ထူထားတဲ့EAOဆရာကြီး UWSAက ငြိမ်းချမ်းသာယာစွာ ကွန်ဖက်ဒရေးရှင်းပုံစံအပြည့်အဝရနေပြီဖြစ်ပေမယ့် ဗမာအခက် EAO အချက် လုပ်နေတဲ့ EAOs နယ်မြေလူထုများက တော့ ပြာပုံထဲမှာ အလူးအလဲခံနေကြရဆဲဖြစ်ပါတယ်၊၊

ရှမ်းလူမျိုးတူSSPPနဲ့RCSSတိုက်နေကြသလို ကရင်လူမျိုးတူ KTLAနဲ့ KNUတပ်မဟာ၄ တိုက်ပွဲတွေဖြစ်နေပြီးရခိုင်လူမျိုးတူ AAက ALPခေါင်းဆောင်တွေကို လုပ်ကြံသတ် ဖြတ် နေပါတယ်။ပြောတော့ဖက်ဒရယ်ဒီမိုကရေစီ လုပ်တော့လူမျိုးတူချင်းတောင်မတည့်ဖြစ်နေကြပါတယ်။

လူမျိုးတူလူမျိုးကွဲ အာဏာလုပွဲနယ်မြေလုပွဲတွေနဲ့ရှုပ်ထွေးလှတဲ့ EAOs ကိုထိန်းနိုင်တဲ့သာလွန်အင်အားကြီးတပ်မတော်မရှိတော့တာနဲ့ ထသတ်ကြတော့မှာမြေကြီး လက်ခတ်မလွဲသေချာနေတဲ့အတွက် တပ်မတော်ပြိုကွဲရေးလုပ်တာဟာ အားလုံးပြိုကွဲရေးလုပ်တာပဲဆိုတာ နား လည် ကြဖို့လိုပါတယ်။

#ThaungLwinHein
(crd)

Post a Comment

Previous Post Next Post