အစ္စရေးနယ်မြေအချို့ တိုက်ခိုက်ခံရ

ပါလစ်စတိုင်းလက်နက်ကိုင်တပ်ဖွဲ့ ဟားမက်စ်တပ်ဖွဲ့ဟာ ဂါဇာကမ်းမြှောင်မှတစ်ဆင့် အစ္စရေးနယ်စပ်စစ်စခန်းများကို အင်အားအလုံးအရင်းဖြင့် အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေးတို့အထိနာခဲ့ရပါတယ်။

ထိုသို့တိုက်ခိုက်ရာ၌ တာဝေးအတွဲလိုက်ပစ်ဒုံး (5000)ကျော်ကို ဒေသစံတော်ချိန် မနက် (၆)နာရီခွဲတွင် မိနစ် (၂၀)အတွင်း ပစ်ခတ်ခဲ့သည့်အပြင် ဗုံးသီးချဒရုန်းအချို့ဖြင့်ပါ တိကျသည့်တိုက်ခိုက်မှုများပြုလုပ်ခဲ့တာကြောင့် အစ္စရေးနယ်ခြားစောင့်တပ်ဖွဲ့ဝင် (၃၀)ကျော်ကျဆုံးခဲ့ပြီး Merkava Mk-4 တင့် (၁၀)စီး၊ Merkava Mk-3 တင့်အချို့နှင့် Namer စစ်သည်တင်ယာဉ်သံချပ်ကာအချို့ကို ဟားမက်စ်အဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အစ္စရေးဟာ ‌မမျှော်လင့်ဘဲ စပရိုက်အတိုက်ခံရတာကြောင့် စစ်လက်နက်ပစ္စည်းကြီးများကို  နိုင်ငံတောင်ပိုင်းသို့ အသဲအသန်ရွှေ့ပြောင်းခဲ့ရပြီး ၎င်းတို့အနက် F-16 တိုက်လေယာဉ်များလည်းပါဝင်ခဲ့ပါတယ်။

အစ္စရေးစစ်သည်ရာနှင့်ချီ၍ အဖမ်းဆီးခံထားရပြီး အဆိုးရွားဆုံးရုပ်သံဖိုင်ကတော့ ကျဆုံးနေသည့် အစ္စရေးစစ်သမီး၏ DB ကို ဝတ်လစ်စလစ်အနေအထားဖြင့် ကားပေါ်တင်ဆောင်ကာ လှည့်လည်အောင်ပွဲခံနေသည့် ရုပ်သံဖိုင်ဖြစ်ပါတယ်။ ဟားမက်စ်အဖွဲ့ဟာ တွေ့သမျှ အစ္စရေးပြည်သူများကို သေနတ်ဖြင့် လိုက်ခံပစ်ခဲ့တာကြောင့် အရပ်သား (၅၀)ခန့် ကျဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေသန်ရာဟုနှင့် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒင်နီရယ်ဟာဂရီ စသည့်ပုဂ္ဂိုလ်နှစ်ဦးမှ အစ္စရေးဟာ စစ်ပွဲထဲ တရားဝင်ရောက်ရှိပြီးတိုက်ခိုက်နေရပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ထို့သို့မိန့်ခွန်းပြောပြီး မကြာမီအချိန်၌ အစ္စရေးလေတပ်ဟာ လက်တုံ့ပြန်သည့်အနေဖြင့် ချီတက်လာသည့် ဟားမက်စ်အဖွဲ့၏ ကားများ နှင့် ဂါဇာကမ်းမြောင်ရှိ ပါလစ်စတိုင်း‌တို့နေထိုင်ရာနေရာကို လေကြောင်းတိုက်ခိုက်မှုစစ်ဆင်ရေးကြီးတစ်ခုပြုလုပ်ခဲ့ပြီး ယခုအချိန်အထိဆိုလျှင် ဗုံးတန်ချိန် (၁၆)တန်ကျော်ကို လေကြောင်းမှ ကြဲချခဲ့ပြီးဖြစ်ပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ် ဗိုလ်ချုပ်ဒင်နီရယ် ဟာဂရီကတော့ "ဒီတိုက်ခိုက်မှုတွေအတွက် ဟားမက်စ်အဖွဲ့မှာတာဝန်ရှိပါတယ်။ ဟားမက်စ်ဟာ ဒုံးကျည်တွေပစ်ခတ်တဲ့အပြင်မှ ပေါင်းစပ်စစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့တာပါ။ အစ္စရေးပြည်သူအားလုံးကို အစ္စရေးစစ်တပ်က အကာအကွယ်ပေးသွားပါမယ်" ဟုပြောဆိုခဲ့ပါတယ်။

ပါလစ်စတိုင်းဟာ စစ်ပွဲကို လက်ဦးမှုရယူနိုင်ခဲ့သည့်အချိန်ဟာ (၂)နာရီသာကြာမြင့်ခဲ့ပြီး ယခုအချိန်မှာ အစ္စရေးလေတပ်မှ ပါလစ်စတိုင်း နေရာများကိုတန်ချိန်များစွာကြဲချနေပြီဖြစ်ပါတယ်။ ယခုအချိန်တွင် အစ္စရေးစစ်တပ်ဟာ သံမဏိဓားဟု အမည်ရသည့် တန်ပြန်စစ်ဆင်ရေးတစ်ခုဆင်နွှဲနေပြီဖြစ်ပြီး ဝေဟင်၊ကြည်းကြောင်း၊ နှင့်ရေကြောင်းရောဖြင့်ပါ တန်ပြန်တိုက်ခိုက်မှုပြုလုပ်နေခဲ့ပါတယ်။

ဂါဇာကို အစ္စရေးလေတပ်မှ ပြုလုပ်ခဲ့သည့် လေကြောင်းတန်ပြန်စစ်ဆင်ရေးအတွင်း ပါလစ်စတိုင်း ၂၀၀နီးပါး ကျဆုံးခဲ့ပြီဖြစ်ပြီး ၁၆၀၀ကျော်ဒဏ်ရာရှိခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။  အမေရိကန်ကုမ္ပဏီ Lockheed Martin ထုတ် F-16  တိုက်လေယာဉ်ချည်း အစီးရေ (၁၇၀) ကျော်ပိုင်ဆိုင်ထားသည့်  အစ္စရေးလေတပ်ဟာ အမေရိကန်ပြီးလျှင် ကမ္ဘာပေါ်၌ F-16 အုပ်အင်အားအတောင့်တင်းဆုံးလေတပ်ဖြစ်ပါတယ်။

ထို့အပြင် Boeing ကုမ္ပဏီထုတ် F-15 တိုက်လေယာဉ် (၁၀၉)စီး နှင့် Lockheed Martin ထုတ် F-35I ကိုယ်ပျောက်တိုက်လေယာဉ် (၃၉) စီး ပိုင်ဆိုင်ထားတာကြောင့် လေတပ်၏ တုံ့ပြန်နိုင်စွမ်းကိုသွားပြီးလျှော့တွက်မိသည့် ပါလစ်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်အဖို့ ကျားမြှီးသွားဆွဲသလိုဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ထို့အပြင် ကြည်းတပ်ဟာလည်း အလျင်အမြန်ပြန်လည်စုစည်းခဲ့ပြီး CH-53 Stallion ရဟတ်ယာဉ်ကြီးများကိုအသုံးပြု၍ စတင်စစ်ချီနေပြီဖြစ်ပါတယ်။
အစ္စရေးစစ်တပ်ဟာ မြို့ပြစစ်ပွဲအတွက် အလျင်အမြန်ပြင်ဆင်ခဲ့ကာ အထူးတပ်ဖွဲ့နှင့် ပူးပေါင်း၍ တန်ပြန်ထိုးစစ်ဆင်နွှဲနေခဲ့ပြီဖြစ်ပါတယ်။

စစ်မှုထမ်းဟောင်းများကိုလည်း ပြန်လည်ခေါ်ယူထားပြီး မြေပြင်တပ်ဖွဲ့၌ အားဖြည့်ပေးနေကြပြီဖြစ်သလို ရေတပ်ကလည်း မော်တော်ဘုတ်များဖြင့်ချီတက်လာသည့် ဟားမက်စ်သူပုန်အဖွဲ့များကို အရှင်မထားဘဲချေမှုန်းနေပြီဖြစ်ပါတယ်။

ထိုတန်ပြန်ထိုးစစ်၌လည်း ထုံးစံအတိုင်း သွက်လက်မြန်ဆန်ကာ တိကျလွန်းသည့် အစ္စရေးလေတပ်ဟာ ‌တိုင်းပြည်ကို နောက်တစ်ကြိမ်ထပ်မံကယ်တင်သွားခဲ့ပြန်ပါတယ်။ သတိထားမိသလောက် အစ္စရေးအမျိုးသမီးစစ်အမှုထမ်းများ၏ အခန်းကဏ္ဌဟာ သိပ်ကိုအရေးပါခဲ့ပြီး လေတပ်၏ လက်နက်တပ်ဆင်မှုနှင့် လေကြောင်းလမ်းပြမှုတို့ကို အမျိုးသမီးချည်းဖြင့်သာ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာအနီး၌ ‌စစ်မျက်နှာငယ် (၁၂)ခုဖွင့်ကာ တန်ပြန်တိုက်စစ်စတင်နေပြီဖြစ်ပြီး လေတပ်ဟာလည်း သမရိုးကျဗုံးအပြင် ပဲ့ထိန်းမစ်ဇိုင်းဒုံးများဖြင့် ဂါဇာအတွင်းသို့ပစ်ခတ်နေခဲ့ပြီဖြစ်ပါတယ်။

Al Jazeera သတင်း၏ ဖော်ပြချက်အရ အစ္စရေးလေတပ်ဟာ အင်ဒိုနီးရှားနိုင်ငံမှ လာရောက်ဖွင့်လှစ်ထားသည့် ဂါဇာကမ်းမြှောင်ဒေသ၏ တောင်ဘက်ရှိ Nasser ဆေးရုံကိုပါ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး သူနာပြုတစ်ဦးနှင့် လူနာတင်ယာဉ်မောင်းသူ တစ်ဦး ကျဆုံးခဲ့ကာ အမြှောက်အများဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

ယခု စစ်ပွဲကြောင့် အစ္စရေးဘက်မှ စစ်သားရော အရပ်သားအပါအဝင် လူ ၁၀၀ကျော် ‌ ‌ကျဆုံးပြီး ပါလစ်စတိုင်းဘက်မှ ၂၀၀ကျော်ကျဆုံးခဲ့တာကြောင်း သတင်းအရင်းအမြစ်များအရသိရပါတယ်။

#JohnThu

#photoscredit

#MR

Post a Comment

Previous Post Next Post