ကိုးကန့်ဒေသတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီခွဲအထိ ညမထွက်ရအမိန့် ကြေညာ


ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၌ မြန်မာစံတော်ချိန် ည ၁၀ နာရီမှ နံနက် ၄ နာရီခွဲအထိ ညမထွက်ရအချိန် အဖြစ်သတ်မှတ်ကြောင်း အောက်တိုဘာ ၂၉ ရက်စွဲဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့က အမိန့်ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်အတွင်း အခြေအနေများ ရှုပ်ထွေးလျက်ရှိရာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ကာကွယ်ရန်၊ တည်ငြိမ် အေးချမ်းသော လူမှုဘဝများ ထိန်းသိမ်းရန်နှင့် မမျှော်လင့်ထားသော အခြေအနေများကို ရှောင်ရှားနိုင်ရန်အတွက်ဖြစ်ကြောင်း အဆိုပါ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။

Post a Comment

Previous Post Next Post