အောက်တိုဘာ (၇) ရက်နေ့ကနေ
အောက်တိုဘာလ
(၁၂) ရက်နေ့ အထိ
#ပါလက်စတိုင်းက
သေဆုံးသူ (၁၀၅၅) ဦး
ဒဏ်ရာရ (၅၁၈၃) ဦး
#အစ္စရေးက
သေဆုံးသူ (၁၂၀၀) ဦး
ဒဏ်ရာရ (၂၈၀၀) ဦး ရှိတယ်။
သေဆုံးသူတွေထဲမှာ
ကလေး (၄၀၀) ကျော်ပါဝင်တယ်။
ကုလသမဂ္ဂဝန်ထမ်း(၁၁)ဦးပါတယ်။
အစ္စရေးက
ပါလက်စတိုင်းပြည်သူတွေကို
စားနပ်ရိက္ခာ နဲ့
ရေ ၊ မီးကို ဖြတ်ထားလို့
ပါလက်စတိုင်းပြည်သူတွေဟာ
ဘေးဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်။
အစ္စရေးကို တိုက်တာက
ဟားမတ်စ်တွေ
ပါလက်စတိုင်းပြည်သူတွေ မဟုတ်ဘူး။
အခု အစ္စရေးက အပြစ်မဲ့တဲ့
ပါလက်စတိုင်းပြည်သူတွေကို
ဘာကြောင့်
ရက်စက်ကြမ်းကြုတ်စွာ
တိုက်နေတာလဲ။
( NUG/PDF တွေက အပြစ်မဲ့
ရဟန်းရှင်လူပြည်သူတွေကို
ဒလန်ခေါင်းစဉ်တပ်ပြီး
အကြမ်းဖက် သတ်ဖြတ်နေသလိုပါပဲ)
အစ္စရေးက ဂါဇာဒေသကို
ဝင်ရောက်တိုက်ခိုက်တော့မှာ
ဖြစ်လို့
ဂါဇာက ပါလက်စတိုင်းပြည်သူတွေကို
အီဂျစ်နိုင်ငံဘက်ကို ရွှေ့ပြောင်းဘို့
အမိန့်ပေးထားတယ်။
အစ္စရေးကို စစ်ရေးအကူအညီပေးဘို့
လေယာဉ်တင်
စစ်သင်္ဘောအုပ်စု (၂) စုကို
အမေရိကန်က
အစ္စရေးကို လွှတ်ထားတယ်။
လောလောဆယ်
နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့
စစ်ဗိုလ်ချုပ်ကြီး တစ်ဦး
အစ္စရေးကို ရောက်နေတယ်။
ဗုဒ္ဓဟူးနေ့ (ဒီနေ့)မှာ
ဂျိုးဘိုင်ဒင် အစ္စရေးကိုရောက်မယ်။
ရုရှားက အဆိုတင်သွင်းခြင်း
*******
ပါလက်စတိုင်းက အစ္စရေးကို ၊ အစ္စရေးက ပါလက်စတိုင်းကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှု ၊ အရပ်
သားများကို အကြမ်းဖက်မှုတွေ အတွက် ပြစ်တင်ရှုတ်
ချကြောင်း ဆုံးဖြတ်ချက် မူကြမ်းကို ရုရှားက ကုလသမဂ္ဂ
လုံခြုံရေးကောင်စီကို တင်သွင်းခဲ့တယ်။
👉#ပယ်ချခြင်း
******
တရုတ် ၊ ယူအေအီး ၊မိုဇမ်ဘစ်နဲ့
ဂါဘွန်က ထောက်ခံတယ်။
US ၊ UK ၊ ပြင်သစ် နဲ့ ဂျပန်က
ကန့်ကွက်တယ်။
👉#ကြားနေ
*******
ဘရာဇီး၊ဂါနာ ၊မော်လ်တာ ၊
ဆွစ်ဇာလန်၊အယ်လ်ဘေးနီးယားနဲ့
အီကွေဒေါ (၆) နိုင်ငံက
ကြားနေတယ်။
ရုရှားကတင်သွင်းတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို အတည်
ပြုမယ်ဆိုရင် လုံခြုံရေးကောင်စီ ၁၅ နိုင်ငံအနက်အနည်း
ဆုံး ၉ နိုင်ငံက ထောက်ခံမဲပေးမှ အတည်ပြုနိုင်မယ်။
အခု ရုရှားကို ထောက်ခံတာက
(၄) မဲ ပဲ ရှိတဲ့အတွက်
ရုရှား ရဲ့ အဆိုပြုချက်ကို
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
အစည်းအဝေးက ပယ်ချလိုက်တယ်။
🍀#ပြောချင်တာက
ဟားမတ်စ်တွေက
အစ္စရေးကို ဝင်တိုက်ပြီး
အစ္စရေးပြည်သူတွေကို
အကြမ်းဖက် တိုက်ခိုက်တာ
ပြန်ပေးဆွဲတာကလည်း
အမှန်တရားပဲ။
အစ္စရေးက ဂါဇာဒေသကို
အမြောက်နဲ့ပစ် လေယာဉ်နဲ့ ဗုံးကြဲ
ဗုံးကြဲရာမှာလည်း
အဖြူရောင် မီးစုန်းဓာတ်ပါတဲ့
ခဲယမ်း (ကန့်သတ်ပစ္စည်း) တွေ နဲ့
ဗုံးကြဲတာလည်း အမှန်ပဲ။
အဲ့ဒီလို
အကြမ်းဖက်တိုက်ခိုက်မှုတွေ
ပြုလုပ်တာကို
ပြစ်တင်ရှုတ်ချပေးဘို့
ရုရှားက အဆိုတင်သွင်းတာဟာ
မှားနေသလား❓
အမှန်တရားကို မဲ ခွဲပြီး
ဆုံးဖြတ်လို့ ရသလား❓
ကန့်ကွက်မဲ ပေးတဲ့
ကြားနေတဲ့ နိုင်ငံတွေဟာ
ဘာကြောင့်....အမှန်တရားကို
မျက်ကွယ်ပြုနိုင်ရတာလဲ❓
ဒီ လူတွေ ပြော ပြောနေတဲ့
လူ့အခွင့်အရေးဆိုတာ ဘာလဲ❓
အဲ့ဒီ လူတွေမှာ
လူသားချင်းစာနာထောက်ထားတဲ့
နှလုံးသားဆိုတာ မရှိဘူး။
အဲ့ဒီ လူတွေမှာ
ရက်စက်ကြမ်းကြုတ်တဲ့
နှလုံးသားပဲ ရှိတယ်ဆိုတာ
မျက်မြင်ပါပဲ။
ဘင်အရေး အတွက် ၊
ပဇီကြီး အတွက် ၊
အနန်ပါ အတွက် ၊
မုန်လိုင်ခတ် အတွက်
တပ်မတော်ကို
အကြမ်းဖက်စစ်ကောင်စီလို့
ပြောနေသူတွေ
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့
ဆုံးဖြတ်ချက်ကို
မှန်တယ်လို့ ပြောကြမလား❓
✍️✍️✍️
(#ဆီမီးအိမ်)
ကိုထိုက်
Post a Comment