သူပုန်စိတ်ဓာတ်တွေနဲ့တိုင်းပြည်တည်ဆောက်လိုမရပါ


ကိုယ့်တိုင်းပြည်မှာ ကိုယ့်လူမျိုး အုပ်ချုပ်တာကို
ကျွန်ဖြစ်တယ်လို့  ဘယ်သူသင်ပေးခဲ့လည်းမသိပါဘူး။တော်တော်လေး ဆိုးရွားလှတဲ့အတွေးအခေါ်တွေ စွဲကပ်နေတာတွေ့ရတယ်။

ပြည်ပနိုင်ငံ ပြည်ပ အဖွဲ့အစည်းတွေက  မြန်မာ
လူမျိုးတွေရဲ့ စိတ်နေစရိုက်ကိုကြည့်ပြီး ဂျင်းထည့်
ခဲ့တာ ဖြစ်နိုင်သလို အချင်းချင်းခေါင်းပုံဖြတ်နိုင်ဖို့
နားမလည်တဲ့သူတွေကို ဂျင်းထည့်ခဲ့တာလည်း
ဖြစ်နိုင်ပါတယ်။

ကျွန်ဖြစ်တယ် ကျွန်မဖြစ်ဘူး ဆိုတာကလည်း
ကိုယ့်ခံယူချက်နဲ့ပဲ ဆိုင် ပါလိမ့်မယ်။ကမ္ဘာပေါ်
ရှိ ဘယ်နိုင်ငံ ဘယ်လူမျိုးမှတော့ ကိုယ့်တိုင်းပြည်
ကို ကိုယ့်လူမျိုးပြန်အုပ်ချုပ်တာ ကျွန်ဖြစ်တယ်
လို့ မခံယူကြပါဘူး။မြန်မာတွေပဲ ခံယူနေတယ်
ဆိုရင် မြန်မာတွေလွဲနေလို့ပဲ။

ဒီလိုပါပဲ ၊ အာဏာရှင်အုပ်ချုပ်ရင် တော်လှန်ရ
မယ်တို့ ၊ ပုန်ကန်ရမယ်တို့၊ အာခံရမယ်တို့ ဆို
တာတွေ ကို လည်း ဘယ်သူတွေ သင်ပေးခဲ့ပြန်
လည်း မသိပါဘူး။တော်တော်လွဲနေတဲ့ အလွဲတွေ။

အာဏာရှင်အုပ်ချုပ်တိုင်းတော်လှန်ကြေးဆိုရင်
စင်္ကာပူလို အာဏာရှင်နိုင်ငံ ကလည်း ပြည်တွင်း
စစ်တွေ ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာစရာအကြောင်း
မရှိပါဘူး။စစ်အာဏာ သိမ်းတိုင်း ထတော်လှန်ရမယ်
ဆိုရင် ထိုင်းနိုင်ငံလည်း မြန်မာလို စစ်နွံထဲက
ထွက်နိုင်အုံးမှာ မဟုတ်ပါဘူး။ကမ္ဘာအရှည်ကြာဆုံး
စစ်အာဏာရှင် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးတဲ့ စပိန်ဟာ
လည်း ဒါမျိုး တော်လှန်ပုန်ကန်တာ မကြားခဲ့ဖူးပါဘူး။

ချီဂွေဗားရား ၊ ကက်စထရိုတို့လို တော်လှန်ခဲ့တဲ့ မျိုးဆက်တွေဟာ လည်း ဒေါင်ဒေါင်မည် အာဏာရှင်
တွေပဲ ဖြစ်သွားကြတာပဲ။ဘယ်နိုင်ငံတွေ က
လက်နက်ကိုင် တော်လှန်လို့ ဒီမိုကရေစီ ရသွားတာရှိဖူးလို့လဲ။

ဒီလုပ်ရပ်တွေဟာ တော်တော့်ကို မှားနေပါတယ်။
ထစ်ထနဲ့ ဆို တော်လှန်မယ် ၊ ပုန်ကန်မယ်၊ ခြားနားမယ်၊ဖျက်ဆီးမယ်၊ အာခံမယ် ဆိုတဲ့ စရိုက်တွေကို သူပုန်စရိုက် သူပုန်စိတ်ဓာတ်တွေလို့ ခေါ်ပါတယ်။
ရှေးရှေးတုန်းက တော့  ဒီလို လူတွေ ကို သူပုန် သူကန်ခေါ်ကြတယ်။ဒီလိုသူပုန် စိတ်ဓာတ်
တွေနဲ့တော့ တိုင်းပြည်တည်ဆောက်လို့ မရပါဘူး။

လူတွေရဲ့ အမှန်တရားနဲ့  အကျိုးစီးပွား
ဟာ ဝါဒ ပေါ်ကို လည်း အခြေတည်လို့မရသလို ကိုယ်အာဏာရရှိရေးနဲ့ ကိုယ်ချမ်းသာဖို့အရေးမှာလည်းအခြေတည်လို့ မရပါဘူး။ဘယ်လိုအချက်ပေါ်မူတည်ပြီးအခြေတည်ရမလဲ ဆိုရင်တော့ ကိုယ့်နိုင်ငံ ရဲ့ အမျိုးသားအကျိုးစီးပွားပေါ်အခြေတည်ပြီး
ရပ်တည်ကြရတယ်။ကိုယ်မှန်ခြင်း မမှန်ခြင်း ထက်
ကိုယ့်နိုင်ငံ ရဲ့ အမျိုးသားစီးပွားဟာ အမြဲတမ်းမှန်နေတယ် ဆိုတာကို လက်ရှိ အစ္စရေးနဲ့ ဟားမက်စစ်ပွဲမှာ
အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ကို ကြည့်ရင်သိနိုင်ပါတယ်။
ကိုယ့်နိုင်ငံကောင်းဖို့ လုပ်ရင်တော့ အမြဲတမ်းမှန်နေမှာဖြစ် ပြီး ကိုယ့်နိုင်ငံဆိုးဖို့လုပ်ရင်တော့ အမြဲတမ်းမှားနေတယ် ဆိုတာက်ု သဘောပေါက်ဖို့ လိုတယ်။

ဒါကြောင့် ဒီမိုကရေစီအတွက်ပဲတော်လှန် တော်လှန်၊
ဘာအတွက်ပဲ တော်လှန် တော်လှန် ၊ ဘယ်သူ့အတွက် ပဲ တော်လှန် တော်လှန် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်အကျိုးစီးပွား ကို ထိခိုက်ပျက်စီးအောင် လုပ်တာ ဖြစ်လို့ ဒီလုပ်ရပ်တွေဟာ မှားနေကြောင်း ထပ်ပြောလိုတယ်။. သူပုန် စိတ်ဓာတ်တွေ ပြင်ဖို့လိုတယ်။ဒီလိုမှ မဟုတ်ဘဲ သူပုန်စိတ်ဓာတ်တွေနဲ့ ဆက်သွားကြအုံးမယ်ဆိုရင် ဆက်မွဲအုံးမှာပဲ။

ဒါကြောင့်အထပ် ထပ်ပြောချင်တာက သူပုန်စိတ်ဓာတ်တွေနဲ့တိုင်းပြည်တည်ဆောက်လို့ မရဘူး
ဆိုတာ အမြန်ဆုံးနားလည်ကြဖို့ လိုပါတယ်။

အောင်နိုင်သူ

Post a Comment

Previous Post Next Post