DSA Never Surrender! ဖြစ်ပေါ်လာခြင်း


★-★-★-★-★-★-★-★-★-★-★-★-★-★-★
မြန်မာနိုင်မှာ ရောင်စုံ သောင်းကျန်းသူတွေ ဗကပတွေ နေရာအနှံ့ ကြီးစိုးနေခဲ့စဉ် -မဝေးသေးတဲ့ တစ်ချိန်တုန်းကပေါ့ - - -
★ မြန်မာ့ တပ်မတော်ရဲ့ ရှေ့တန်း စခန်းကုန်း တစ်ခုမှာတော့ . . DSA ကျောင်းဆင်းခါစ ဒုဗိုလ်လေး တစ်ဦးဟာ တပ်စုလေးတစ်စုကို ကွပ်ကဲရင်း၊ အင်အားများပြားလှတဲ့ ရန်သူတွေရဲ့ တိုက်စစ်အဟုန်ကို အံတုရင်း၊ မဆုတ်တမ်း ခံစစ်ဆင် နေခဲ့တယ် . .
★ သောင်းကျန်းသူတွေ အနေနဲ့ အင်အားများစေကာမူ ရက်တိုတိုနဲ့ စခန်းကုန်းကို မသိမ်းပိုက်နိုင်သေးဘူးတဲ့ . . .
★ သောင်းကျန်းသူတွေက ' ဒုဗိုလ်လေးတို့ တပ်စု ရဲ့ စိတ်ဓာတ်ကို လေးစားကြောင်း၊ ဒါပေမယ့် သူတို့မှာ အင်အား ရိက္ခာ ကျည်ဆံ အလုံအလောက်ရှိတာကြောင့် အချိန်ကြာရင် ဒီစခန်းကို သူတို့ရမှာပဲ အဲဒီတော့ အခုကတည်းက လက်နက်ချမယ်ဆိုရင် အသက်ချမ်းသာရာပေးမယ် သူတို့တပ်ဖွဲ့မှာ ခေါင်းဆောင် တစ်နေရာလည်းပေးမယ် ' . . စသဖြင့် လှမ်းအော် ပြောကြသတဲ့ . .
★ ဒါပေမယ့် DSA ကျောင်းဆင်း ဒုဗိုလ်လေးနဲ့ မြန်မာ့တပ်မတော်သားတွေဟာ ရိက္ခပြတ် ကျည်ကုန် အသက်သေ တဲ့အထိ ရဲရဲတောက် မဆုတ်တမ်း ခံစစ် ဆင်ခဲ့ကြပါတယ် . .
★ နောက်ဆုံးမှာ သောင်းကျန်းသူတွေသည် စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ကြတယ် သေနတ် ဒဏ်ရာနဲ့ သွေးအိုင်ထဲမှာ လဲကျနေတဲ့ ဒုဗိုလ်လေးရဲ့ အလောင်းကို သူတို့ တွေ့ကြရတယ်
★ သွေးနဲ့ ရေးခြစ်ထားတဲ့ စာတစ်ကြောင်းကိုပါ သူတို့ မြင်ခဲ့ကြတယ် - ဒုဗိုလ်လေးရဲ့ သွေးနဲ့ ENGLISH လို ရေးခြစ်ထားတဲ့ စာတမ်းက -
" DSA NEVER SURRENDER (စစ်တက္ကသိုလ် ဘယ်တော့မှ လက်နက်မချ) " တဲ့
နောက်ပိုင်းမှာ တော့ DSA ရဲ့ သမိုင်းဝင် ဆောင်ပုဒ် တစ်ခု ဖြစ်သွားခဲ့တယ်...
သွေးနဲ့ရေးခြစ်ခဲ့တဲ့ ဆောင်ပုဒ်လေး .....က
ငါတို့ရင်ထဲမှာ သံမှိှုဆွဲထားတယ် ။
ဒါဟာ စစ်တက္ကသိုလ်က ရိုက်သွင်းထားတဲ့ စိတ်ဓါတ်ပေါ့ ။
C r
#MJYH

Post a Comment

Previous Post Next Post