KIA ကချင်လက်နက်ကိုင်အဖွဲ့ အင်အား ၄၀၀ ကျော် ရွာထဲမှာ ဝင်နေလို့ တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး ဒေသခံတွေ ထွက်ပြေး၊ KIA စားသောက်ဖို့အတွက် ကားတွေတားပြီး ပိုက်ဆံတောင်းနေတယ်လို့ ဒေသခံတွေပြော

KIA ကချင်လက်နက်ကိုင်အဖွဲ့ အင်အား ၄၀၀ ကျော် ရွာထဲမှာ ဝင်နေလို့ တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး ဒေသခံတွေ ထွက်ပြေး၊ KIA စားသောက်ဖို့အတွက် ကားတွေတားပြီး ပိုက်ဆံတောင်းနေတယ်လို့ ဒေသခံတွေပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်ထဲမှာ KIA ကချင်လက်နက်ကိုင်အဖွဲ့  အင်အား ၄၀၀ ကျော် ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားလို့ တိုက်ပွဲ ဖြစ်ပွားမှာ စိုးရိမ်ပြီး ယာယီတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့က စပြီး သိန်းနီနဲ့ နမ့်ဆလပ်ကြားမှာ ရှိတဲ့ ကွန်ကောက်၊ ပိန်းဟုန်း၊ တန့်ခန့်၊ နောင်မောင်းရွာတွေမှာ KIA ကချင်လက်နက် ကိုင်အဖွဲ့ အင်အား ၄၀၀ ကျော် ဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရွာမှာ အများကြီးပဲ။ သူတို့ဝင်လာတော့ တိုက်ပွဲဖြစ်မှာ ကြောက်ပြီး ပြေးကြတာ။ ပြီးတော့ သူ့တို့စားဖို့အတွက် ဆန်ရယ်၊ ပိုက်ဆံရယ် အိမ်တိုင်း လိုက်ကောက်တယ်။တစ်အိမ်အနည်းဆုံး တစ်သောင်းထည့်ခိုင်းတယ်။ ကြောက်လို့ ပေးလိုက်ရတယ်။" ဟု အမည်မဖော်လိုသူ ကွန်ကောက်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် KIAကချင်လက်နက်ကိုင်အဖွဲ့ က သိန်းနီကနေ ကွမ်းလုံ၊ ချင်းရွှေဟော်ဘက်သွားတဲ့ ကားတွေကို သိန်း ၂၀ ကနေ သိန်း ၅၀ အထိ ကောက်ခံနေပြီး ငွေမပေးနိုင်တဲ့ ကားသမား ၃၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့ ကုန်ကားမောင်းသူတွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း KIAကချင်လက်နက်ကိုင်အဖွဲ့က ပန်နားကျေးရွာအနီးမှာ ကုန်ကားတစ်စီးလျှင် သိန်း ၂၀ ကျော်အထိ အတင်းအဓမ္မတောင်းယူခဲ့သလို ငွေမပေးလျှင် ကားကို မီးရှို့ ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ အဆိုပါကုန်ကားမောင်းသူတွေထံမှ သိရပါတယ်။

#Sai Naung
#Mawshan Myay Media
ဓာတ်ပုံ... ရွာထဲမှာ ဝင်ရောက်တပ်စွဲနေသော KIA တပ်ဖွဲ့ဝင်အချို့နှင့် KIA မှ မီးရှို့ဖျက်ဆီးခဲ့သော ကားများ

Post a Comment

Previous Post Next Post