အင်းတော်မြို့နယ်တွင် ကျောင်းထိုင်ဆရာတော်တစ်ပါးကို KIA/PDF အကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မန္တလေး-မြစ်ကြီးနား ကားလမ်းအနီးရှိ ပင့်တင့်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကို KIA/PDF အကြမ်းဖက်အဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရသည်။
ပင့်တင့်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးဉာဏ္ဏိတကို ၎င်းကျေးရွာအနီးတွင် အခြေချနေသည့် KIA/PDF အကြမ်းဖက်အဖွဲ့ဝင်များမှ စက်တင်ဘာလ (၂၇) ရက်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း၊ စက်တင်ဘာလ (၂၉) ရက်က ဆရာတော် ဦးဉာဏ္ဏိတတ အသတ်ခံရပြီးနောက် ဆရာတော်အလောင်းအား သွားရောက်ကောက်ယူရန် KIA/PDF အကြမ်းဖက်သမားများက ပြောခဲ့သည့်အတွက်ကြောင့် သွားရောက် ကောက်ယူခဲ့ပြီး အဆိုပါ နေရာအနီးတွင် မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
KIA/PDF အကြမ်းဖက်သမားများ၏ လက်ချက်ကြောင့် ပျံလွန်တော်မူခဲ့သည့် ပင့်တင်ဆရာတော် ဦးဉာဏ္ဏိတသည် သက်တော် (၅၃) နှစ် ဝါတော် ၃၂ ဝါ ရှိပြီဖြစ်ကာ ငယ်ဖြူတစ်ပါးဖြစ်ပြီး လွန်ခဲ့သည့် လအနည်းငယ်က KIA/PDF အကြမ်းဖက်အဖွဲ့ဝင်များမှ ခြိမ်းခြောက်စားပေးပို့လာသည့်အတွက် ဆရာတော်က ရှောင်တိမ်းခဲ့ဖူးကြောင်း၊ ဝါတွင်းကာလတွင် ကျေးရွာရှိ ဒါယိကာ၊ ဒါယိကာမများက အာမခံကြောင်း ပြန်လည် ပင့်လျှောက်မှုကြောင့် ဝါဆိုရန် ပင့်တင့်ကျေးရွာကျောင်းသို့ ပြန်လည်ကြွလာခြင်းဖြစ်ပြီး KIA/PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

Post a Comment

Previous Post Next Post