ကရင်ပြည်နယ်အတွင်း အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်လုပ်ဆောင်နေသော KTLA မှ နာမည်ကြီး လူလိမ်ကြာကူလီ ဗိုလ်စလုံးက ၎င်းဦးဆောင်တဲ့ တပ်ရင်းကို ပစ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေ


ကရင်ပြည်နယ်အတွင်း အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်လုပ်ဆောင်နေသော ကော်သးးလေအာမီ- KTLA၏ အထူးကွန်မန်ဒိုတပ်ရင်းမှူး နာမည်ကြီး ဗိုလ်စလုံးဟာ လက်ရှိအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေသည်ဟု KTLA တာဝန်ရှိသူများ၏ ပြောကြားချက်ကို
ကိုးကား၍ KIC မှ ရေးသားဖော်ပြထားသည်။

ဗိုလ်စလုံးသည်  ဒူးပလာယာခရိုင် တောနော(ဒေါန)အရှေ့ဘက်ခြမ်း၊ မောခီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၅)ရွာမှ ဒေသခံပြည်သူလူထုအပေါ် ခြိမ်းခြောက်ပြောဆိုခြင်း၊ အကြောင်းမဲ့ ထိုးကြိတ်နှိပ်စက်ခြင်းစသည့် လုပ်ဆောင်ခဲ့မိသည့် အမှားများကို ပြန်လည်ရင်ဆိုင်ဖြေရှင်းမပြုဘဲ ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။

ယခင်ကလည်း ဗိုလ်စလုံးသည် ပခုက္ကူ  PDF ထံမှ လက်နက်ဝယ်ယူပေးမည်ဟုဆိုကာ ရယူထားသော ထိုင်းဘတ်ငွေ ၁၇ သိန်းကို ပြန်မပေးသဖြင့် PDF နှင့် ရေစကြိုပြည်သူများက ပြန်တောင်းသည့်အထိ နာမည်ကြီးခဲ့ပါတယ်။

KTLA ကို ဗိုလ်ချုပ် စောနယ်ဒါးမြက ဦးဆောင်ဖွဲ့စည်းခဲ့ပြီးနောက် လက်ရှိအချိန်ထိ ကရင်ပြည်နယ်အတွင်း အပြစ်မဲ့အရပ်သားများအား အကြောင်းမဲ့သတ်ဖြတ်ခြင်းအပါအဝင် လူအခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များ၊ အကြမ်းဖက်မှုလုပ်ရပ်များကို အကြိမ်ကြိမ် ကျူးလွန်လုပ်ဆောင်လျက်ရှိနေသည့် အကြမ်းဖက်အဖွဲ့ပင် ဖြစ်သည်။

#Mawshan Myay Media

Post a Comment

Previous Post Next Post