ပထမဆုံးပြောရမယ်ဆိုရင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ KIA ဌာနချုပ် လိုင်ဇာမှာ တိုင်းရင်းသားလူမျိုးများ ညီလာခံဆိုပြီးလုပ်တယ်။ အဲဒီညီလာခံကို EAOs အဖွဲ့တွေအားလုံးတက်ရောက်ခဲ့ပြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းဖို့အတွက် ဘုံသဘောတူညီချက်ချမှတ်ကာ NCCT ဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီ NCCT အဖွဲ့မှာ လိုင်ဇာအစည်းအဝေးမှာ ပါဝင်လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့မှ တစ်ဖွဲ့လျှင် တစ်ဦးကျစီပါဝင်ပြီး ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဖြစ်တယ်။
အဲဒီအဖွဲ့မှာ အဖွဲ့ခေါင်းဆောင်ကတော့ NMSP မှ နိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင်က KNU မှ စောကွယ်ထူးဝင်း နဲ့ KIA အဖွဲ့မှ ဂွမ်မော်တို့ဖြစ်တယ်။ သူတို့ ၃ ဦးရဲ့ ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေးအတွက် ၂ နှစ်နီးပါးဆွေးနွေးပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ သူတို့စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ NCA မူကြမ်းကို ရရှိခဲ့တယ်။ အဲဒီမူကြမ်းကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာကိုယ်တိုင် အပ်နှံခဲ့တယ်။
ဒီလို စိတ်ကြိုက်ရေးဆွဲခဲ့တာကိုပင် မကျေနပ်သေးပဲ ထပ်မံဖြည့်စွတ်ရန် အချက်အလက်အချို့ကျန်ရှိသေးဟုဆိုကာ KNU ဗဟိုဌာနချုပ် လော်ခီးလာမှာ ပြုလုပ်တဲ့ တိုင်းရင်းသားညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့ ထပ်မံတင်သွင်းခဲ့တယ်။
နောက်ဆုံး ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ NCA မူချောရရှိလို့ လက်မှတ်ထိုးကြဖို့ ညှိနှိုင်းကြတဲ့အခါ ပဏာမရှေ့ပြေးအဖွဲ့ နဲ့ နောက်ချန်ထိုးမယ့်အဖွဲ့ဆိုပြီး နှစ်ပိုင်းကွဲသွားပြန်တယ်။
ဒီနေရာမှာ ပြောချင်တာက နောက်ချန်ထိုးမယ့်အဖွဲ့မှာ အဖွဲ့ခေါင်းဆောင်လုပ်ပြီး NCA ကို စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ KIA အဖွဲ့လည်းပါတယ်။ကိုယ်တိုင်လည်း အဖွဲ့ခေါင်းဆောင်လုပ်တယ် ကိုယ်တိုင်လည်း စိတ်ကြိုက်ရေးဆွဲခဲ့ပြီး လက်မှတ် မထိုးဘူးဆိုတော့ ဒီကောင်တွေရဲ့ သဘောထားကို ဘာဖြစ်ချင်တာလဲ မေးရမလိုပဲ။
ဒါပေမယ့် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ကတော့ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး တစ်နိုင်ငံလုံးအေးချမ်းဖို့အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ကြသလို နိုင်ငံတကာ အသိသက်သေများရှိမှာ NCA လက်မှတ်ရေးထိုးမယ့် အဖွဲ့တွေ ငြိမ်းချမ်းရေးလက်မှတ်ထိုးကာ သမိုင်းတစ်ရပ် ထူနိုင်ခဲ့ပါတယ်။
ယခုဆိုရင် ၁၅-၁၀-၂၀၂၃ ရက်နေ့မှာ NCA လက်မှတ်ရေးထိုးတာ ( ၈ )နှစ်ပြည့်မြောက်ပြီဖြစ်ပြီး ဒီအခမ်းအနားကိုလည်း NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေအပြင် နိုင်ငံတကာသက်သေတွေ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေနဲ့ NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေကိုပါ တက်ရောက်ဖို့အတွက် ဖိတ်ကြားထားတယ်လို့သိရပါတယ်။
နစက အနေနဲ့ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရဖို့အတွက် အစွမ်းကုန်ကြိုးစားနေပေမယ့် အချို့တိုင်ရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကတော့ ကိုယ်ကျိုးကိုကြည့်ပြီး ကိုယ့်ပြည်နယ်ကို စစ်တလင်းဖြစ်အောင် ဖန်တီးနေကြသလို ပြည်သူတွေကိုလည်း စစ်ပွဲကာဗာတစ်ခုအဖြစ် အသုံးချလျက်ရှိနေတာကိုလည်းတွေ့ရပါတယ်။
ဒါကြောင့်
နိုင်ငံကို တိုးတက်စေချင်ရင်
နိုင်ငံသားတွေအားလုံးရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေနေတာကို မြင်ချင်တယ်ဆိုရင် ငြိမ်းချမ်းရေးယူကြပါ။
လက်နက်ကိုင်ပြီး တိုက်လာတာ နှစ်ပေါင်း ၇၀ ကျော်ပါပြီ ငြိမ်းချမ်းမှုအဖြေရှာမတွေ့ခဲ့ပါဘူး။
ဒါ့ကြောင့်
နိုင်ငံရေးနည်းနဲ့ ပြောင်းပြီး ဆွေးနွေးအဖြေပြန်ရှာကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
ငြိမ်းချမ်းပါစေ မြန်မာ့ မြေ
(မှတ်ချက်။ NCA ကို အလောတကြီးလက်မှတ်မထိုးဖို့ တိုင်းရင်းသားခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည် သွေးခွဲစကားပြောခဲ့ပါသေးတယ်)
မှိုင်းဝေ
Post a Comment