နိုင်ငံတော်ဝန်ကြီးချုပ်၏ NCA ၈ နှစ်ပြည့် မိန့်ခွန်းကောက်နုတ်ချက်


✅NCA စာချုပ်သည် တိုင်းရင်းသားတွေ ကိုယ်တိုင် ရေးဆွဲအတည်ပြုထားတဲ့ စာချုပ် ဖြစ်။တွေ့ဆုံညှိနှိင်းမှု အကြိမ်ပေါင်း ၅၀၀၀ ကျော် ပြုလုပ်ခဲ့။နိုင်ငံတကာခေါင်းဆောင်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော်၏ တရားဝင် အသိအမှတ်ပြုမှုဆိုင်ရာ သမိုင်းဝင်စာချုပ်တစ်ခုဖြစ်။

✅တိုင်းရင်းသားစည်းလုံးညီညွှတ်မှု ပြိုကွဲရခြင်းဟာ နယ်ချဲ့တွေရဲ့ ဥပဒေ အမျိုးမျိုးသွေးခွဲအုပ်ချုပ်ခဲ့ခြင်းက အဓိက ကျ။ ဗကပ တိုရဲ့ လက်နက်ကိုင်လမ်းစဉ်စနစ်ဟာ တိုင်းပြည် ပြည်တွင်းစစ်ဖြစ်လာဖို အကြောင်းဖန်စေခဲ့။ လက်ရှိ နိုင်ငံရေးစနစ်မှာ တပ်မတော်ပါဝင်နေရခြင်းသည်လည်း ဒီမိုကရေစီနှင့် မလျော်ညီသော မဲလိမ်၊ မဲခိုးမှုများကြောင့်သာ ဖြစ်။ လက်ရှိ ပြည်တွင်းအကြမ်းဖက်ဖြစ်စဉ်များကိုလည်း ပြည်ပ ဒီမိုကရေစီနိုင်ငံများကပင် အားပေးအားမြှောက်ပြုနေပြန်။

✅NCA သည် တိုင်းရင်းသားလက်နက်ကိုင်များအကြား ချုပ်ဆိုထားတဲ့ ကတိကဝတ်စာချုပ်ဖြစ်ပြီး လိုအပ်ပါက ဖွဲစည်းပုံ ပြင်ဆင်နိုင်ရေးအတွက် ဦးတည်ထားသော ကနဦး ခြေလှမ်းဖြစ်။ ၄၇ ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် တိုင်းပြုပြည်ပြု လွှတ်တော်တွင်သာ အတည်ပြုထားသကဲ့သို မြန်မာ့နိုင်ငံရေးအခြေအနေအရ  လွတ်လပ်ရေးသည်သာ အဓိကအဖြစ် ဆောင်ရွက်နေရသည့် အခြေအနေမျိုးကြုံခဲ့ရ။

✅ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်ရန် ဒီမိုကရေစီ စိတ်မွေး၍ ဖက်ဒရယ်စနစ်အား မိမိနိုင်ငံ ယဉ်ကျေးမှုနှင့် ကိုက်ညီသော စနစ်များကို အကောင်အထည်ဖော်ရန် လိုအပ်။ အထူးသဖြင့် လူမျိုးကို အခြေမခံဘဲ ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန်လည်း လိုအပ်။

✅ဒီမိုကရေစီ၏ အသက်သွေးကြောသည် ရွေးကောက်ပွဲသာဖြစ်။ နိုင်သူအကုန်ယူစနစ်သည် တိုင်းရင်းသားအကျိုးတည်ဆောက်ရာနှင့် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ရေးတွင် အားနည်းချက်များရှိ။

✅NCA စာချုပ် လက်မှတ်ရေးထိုးကျန်အဖွဲများအား အစဉ်ဖိတ်ခေါ်သွားမည်ဖြစ်။ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များတွင်လည်း ငြိမ်းချမ်းရေးကိစ္စများ  အလေးထားထည့်သွင်းဆောင်ရွက်လျက်ရှိပြီး ဆွေးနွေးရာတွင်  ကန့်သတ်ချက်မရှိသော ဖိတ်ခေါ်မှုများဖြင့် ညှိနှိင်းဆောင်ရွက်ခဲ့။

✅နိုင်ငံတော်ဖွံဖြိုးရေးအတွက် နိုင်ငံရေး ရည်မှန်းချက်နှင့် အမျိုးသားရေး ရည်မှန်းချက် များကို အဂ္ဂမဟာ ဗျူဟာအထိ ချမှတ်၍ ရည်မှန်းဆောင်ရွက်လျက်ရှိ။ နိုင်ငံသူ/သား များကလည်း ဝိုင်းဝန်းကူညီပေးရန် လိုအပ်။ ငြိမ်းချမ်းရေးအမွေအနှစ်များအား နောင်မျိုးဆက်သစ်များအပေါ် လက်ဆင့်ကမ်းအမွေ ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရာတွင် NCA ကတိကဝတ် များအပေါ် အလေးထား သစ္စာစောင့်ပေးကြရန် တိုက်တွန်း။
crd#

Post a Comment

Previous Post Next Post