ဒီမိုကရက်တစ် NUG သာလိကာနှင့် အံတိုနေတဲ့ တိုင်းရင်းသား EAOs ကျားအိုကြီးတွေ အကြောင်းကို စတိလောက် တို့ဆိတ်ကြည့်ရအောင်ပါ
NUG က သူတို့ကိုယ်သူတို့ ပြည်သူ့ကိုယ်စားပြု အစိုးရလို့ ဖင်ပွာအောင် အော်နေပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် EAOs တွေက NUG ကို သူတို့ရဲ့ အစိုးရပါလို့ တစ်ကြိမ်တစ်ခါမှ ထုတ်ဖော် ပြောဆိုတာမျိုးမရှိခဲ့ပါဘူး
NUG က အစိုးရအဆင်တန်ဆာမရှိတဲ့ ဟန်ပြ အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပြီး သူတို့ကိုယ်တိုင် ရပ်တည်နိုင်စွမ်းမရှိပါ
KIA နှင့် KNU နယ်မြေကို ကပ်ပါးကောင်တွေလို မှီခိုနေရပါတယ်
စစ်ရေးစစ်ရာ ကိစ္စတွေမှာလည်း ၎င်း EAOs တို့ကိုသာ ရှိခိုးဦးတင် ဆရာတင်ထားရပါတယ်
NUG/ PDF ဆိုတာ KIA နှင့် KNU တို့ရဲ့ အထောက်အပံ့မပါပဲ လုံးဝရပ်တည်လို့ မရပါဘူး၊ NUG ကိုယ်တိုင်လည်း တိုင်းဒေသကြီး စစ်မြေပြင်ကို ယောင်လို့တောင် ခြေမချရဲပါဘူး
ဒါ့ပြင် NUG သည် ဖက်ဒရယ်ခေါင်းဆောင် အဆင့်မှာလည်း ရှိမနေပါ။
ယာယီအားဖြင့်သာ တပ်မတော်ကို ဘုံရန်သူအနေဖြင့် တိုက်ခိုက်နေကြပြီး ဖက်ဒရယ် တပ်ပေါင်းစုဆိုတာလည်း လုံးဝဖြစ်မလာနိုင်မှန်း အားလုံးက ကြိုသိနေကြပါတယ်။
NUG နှင့် KNU/KIA ကြား ပူးပေါင်းဆက်ဆံရေးမှာ NUG က နိုင်ငံရေးအရ ဆရာကျဖို့ လုံးပန်းနေရပြီး KIA/KNU တို့ကလည်း စစ်ရေးအရ NUG ကို နောက်လိုက်အဆင့်မှာသာ ထားလိုကြပါတယ်
NUG ၏ ၎င်း EAOs တို့အပေါ် သဘောထားမှာ ရိုးသားမှုမရှိပါ။
နိုင်ငံတကာ မျက်နှာစာမှာ ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးကို ရှေ့ရှုပြီး နိုင်ငံရေးအရ ရေရှည် လုပ်စားကိုင်စားလို့ရအောင် အသက်ဆက်နိုင်ရေး အဓိကရည်ရွယ်ပါတယ်
အပေါ်ယံကြည့်ရင် KIA ဘက်က လက်နက်ရောင်းဖို့နဲ့ NUG ဆီက အရိုးကိုက် ဝေစုခွဲဖို့ လုပ်ပါတယ်။
KIA ရဲ့ မဟာရည်ရွယ်ချက်ကို အတွင်းကျကျ နှိုက်ကြည့်ရင်တော့ ဒါထက်နက်ရှိုင်းပါတယ်။
KIA-KIO က တိုင်းရင်းသားလက်နက်ကိုင်အားလုံးရဲ့ စစ်ရေးဦးဆောင်သူ နေရာနဲ့ ပိုင်နက်နယ်မြေချဲ့ဖို့ အဓိက ရည်မှန်းပါတယ်
KNU ရဲ့ သဘောထားကို ကြည့်ရင် နိုင်ငံရေးသဘာရင့်တွေ ရှိနေကြလို့ NUG ကို နယ်မြေခိုလှုံခွင့် ပေးပြီး စစ်ရေးထက် နိုင်ငံရေးအရ လွှမ်းမိုးနိုင်ဖို့ကို ရည်ရွယ်ပါတယ်၊
ကရင့်လက်နက်ကိုင်တွေထဲက တိုက်ချင်ခိုက်ချင်တဲ့ အဖွဲ့တွေကတော့ စစ်ရေးဘက်မှာပါ နလန်ပြန်ထဖို့ အားထုတ်နေတာ တွေ့ရပါတယ်
မတူညီကွဲပြားခြားနားပြီး အကျိုးစီးပွားရလိုမှုတွေ ရည်မှန်းချက်မတူသူတွေ ပူးပေါင်းထားတဲ့ သွေးစွန်းညှီဟောက်နံ့နံနေတဲ့ NUG နဲ့ KIA /KNU တွေရဲ့ ဇာတ်သိမ်းနိဂုံးက ဘာုဖစ်မလဲပဲကိုသာ စိတ်ရှည်လက်ရှည် စောင့်ကြည့်လိုက်ကြပါစို့
အားလုံးကို ခြုံကြည့်ရင် ဘာဘူစောင်က အနွေးဆုံးပါပဲ😁
အသန်း
Post a Comment