NUG အကြမ်းဖက်အဖွဲ့ဟာ ပြည်ပြေးအစိုးရအမည်ခံပြီး
ပြည်တွင်းက သာမန်ပြည်သူတွေရဲ့ ပုံမှန်လည်ပတ်နေတဲ့
နေ့စဉ်လူနေမှုဘဝတွေ တည်ငြိမ်အေးချမ်းမှုမရှိအောင်
လုပ်ဆောင်နေတာ အားလုံးမြင်တွေ့ ကြားသိကြရမှာဖြစ်ပါတယ်။
ငါနဲ့မတူ ငါ့ရန်သူ အယူအဆနဲ့
သူတို့အပေါ် မထောက်ခံသူတွေကို
ဒလန်ခေါင်းစဉ်တပ် လုပ်ကြံ-တ်ဖြတ်မှုတွေ
ပြုလုပ်ခိုင်းနေသလို
ပညာအခြေခံအားနည်းတဲ့
အညာဒေသက ပြည်သူလူထုကိုလည်း
ဝါဒမှိုင်းတိုက်ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့
တပ်မတော်ကို ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်အောင်
လှုံ့ဆော်ပံ့ပိုးစီမံပေးလျက်ရှိပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံ အလုံးစုံပျက်သုံးရေးအတွက်
လတ်တလောထိခိုက်ပျက်စီးဆုံးရှုံးအောင် လုပ်ရုံသာမက
တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့
ကလေးသူငယ်တွေ ပညာမသင်ကြားနိုင်အောင်
စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ
တိုက်ခိုက်နေတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ အေက်တိုဘာလ ၁ ရက်အထိ-
-စာသင်ကျောင်း ဗုံးခွဲတိုက်ခိုက်ခံရမှု ၅၄၃ ကြိမ်
-စာသင်ကျောင်း မီးရှို့ခံရမှု ၁၂၂ ကြိမ်
-ဆရာ/ဆရာမ အ-တ်ခံရမှု ၆၈ ယောက် ရှိပြီဖြစ်ပါတယ်။
စာသင်ကျောင်းမဖွင့်ရဆိုပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်သလို
စာသင်ကျောင်းတွေ ဖွင့်နေတာကိုလည်း
ရက်ရက်စက်စက် Drop ဗုံးကြဲချတိုက်ခိုက်မှုတွေ
ပြုလုပ်နေတာဖြစ်ပါတယ်။
အဆိုးဆုံးကတော့ ကလေးတွေ စာသင်နေချိန်မှာ
Drone သုံးပြီး Drop ဗုံးနဲ့ တိုက်ခိုက်တာတွေလုပ်နေခြင်းပဲဖြစ်ပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက လုံးဝလက်မခံတဲ့
ပညာရေးကဏ္ဍကို အကြမ်းဖက်တိုက်ခိုက်မှုတွေကို
NUG ရဲ့စေခိုင်းချက်အရ PDF နဲ့ EAOs
အဖွဲ့တစ်ချို့က လုပ်ဆောင်နေခြင်းဟာ
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လုပ်ရပ်မဟုတ်ပဲ
တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေ
ပညာမသင်ကြားနိုင်အောင်လုပ်တဲ့
ဆိုးရွားရက်စက်လွန်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေပဲ
ဖြစ်ပါတယ်။
Post a Comment