PDF အဖွဲ့ဝင်အချင်းချင်း ပြသာနာ ဖြစ်ပွားရာကနေတဆင့်ရှမ်းတောင် အခြေစိုက်(၁၀၀၈)တပ်ရင်း-SSRY မှ ရဲဘော် ၂၃ ဦးသည် KNDF တပ်ရင်း ၂ သို့ အောက်တိုဘာလ ၈ ရက်က သွား ရောက်ပူးပေါင်းသွားတယ်လို့ အမည်မဖော်လိုသူ SSRY အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ရှမ်းတောင် အခြေစိုက် (၁၀၀၈) တပ် ရင်း-SSRY မှ ရဲဘော် ၂၃ ဦးသည် KNDF တပ်ရင်း ၂ သို့ အောက်တိုဘာလ ၈ ရက်နေ့တွင် လာရောက်ပူးပေါင်းသည်မှာ မှန်ကန်ကြောင်း KNDF တပ်ရင်း (၂) ကလည်း ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ KNDF တပ်ရင်း ၂ ရဲ့ ထုတ်ပြန်ချက်ကြောင့် SSRY ဟာ အရှက်သိက္ခာမဲ့ခဲ့ရပြီး ထုတ်ပြန်ချက်အပေါ် သတင်းအမှားသာ ဖြစ်တယ်လို့ စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ပေမဲ့လည်း SSRY ရဲ့ ခေါင်းဆောင်တွေအကြားမှာ မိန်းမ ကိစ္စ၊ ငွေကြေးအလွဲသုံးစားမှုကိစ္စနဲ့ အထက်အောက်အုပ်ချုပ်မှုကိစ္စတွေမှာ ပြသာနာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ SSRY ဟာ NUG အစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ အမှတ် (၃) စစ်ဒေသအတွင်း တာ၀န် ထမ်းဆောင်နေပြီး ရှမ်း-ကရင်နီနယ်စပ်မှာ KNDF အပါအ၀င် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ဆင်ရေးတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
#Mawshan Myay Media
Post a Comment