ဒီအဖွဲ့အစည်း ဆီက ဒီအသံကို ဒီတစ်ခါပဲကြားဖူးပါသေးတယ်တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ PDF တွေက အမျိုးသမီးတွေအပေါ် အဓမ္မကျင့်မှုနဲ့ ရာဇဝတ်မှုကျူးလွန်တာတွေ ရှိနေကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးအစီရင်ခံစာထဲမှာ သောမတ်အင်ဒရူးထည့်သွင်းဖော်ပြ

ဒီအဖွဲ့အစည်း ဆီက ဒီအသံကို ဒီတစ်ခါပဲကြားဖူးပါသေးတယ်
တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ PDF တွေက 
အမျိုးသမီးတွေအပေါ်  အဓမ္မကျင့်မှုနဲ့ ရာဇဝတ်မှုကျူး
လွန်တာတွေ ရှိနေကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေး
အစီရင်ခံစာထဲမှာ သောမတ်အင်ဒရူးထည့်သွင်းဖော်ပြ 

မြန်မာနိုင်ငံထဲမှာ တိုင်းရင်းသား  လက်နက်ကိုင်အုပ်စု
တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအပါဝင် 
တခြားလက်နက်ကိုင်အုပ်စုတွေကလည်း အမျိုးသမီး
တွေအပေါ် အဓမ္မပြုကျင့်မှုတွေ  ကျူးလွန်ခဲ့တာတွေရှိ
နေတယ်ဆိုတာ အမျိုးသမီးရေးရာအုပ်စုတွေက ပြော
ကြားခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာတစ်ခုမှာထည့် 
သွင်းဖော်ပြထားပါတယ်။ 

အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကုလသမဂ္ဂကိုတင်
သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်
အရေး အထူးကိုယ်စားလှယ်သောမတ်အင်ဒရူးရဲ့ အ
ပိုဒ် ၁၀၂ ပိုဒ်ပါ မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအ
နေများ အစီရင်ခံစာ အပိုဒ် ၃၅ မှာ ထည့်သွင်းဖော်ပြ
ထားတာဖြစ်ပါတယ်။ 

အစိုးရကိုဆန့်ကျင်နေတဲ့ အတိုက်အခံလက်နက်ကိုင်
အုပ်စုတွေဟာ အုပ်စုလိုက်မုဒိန်းကျင့်ခြင်း၊ မုဒိန်းကျင့်
ပြီး သတ်ပစ်ခြင်းနဲ့  ကလေးသူငယ်များကို မုဒိန်းကျင့်
ခြင်းစတဲ့ရာဇဝတ်မှုတွေကိုလည်း ကျူးလွန်နေကြောင်း 
သောမတ်အင်ဒရူးက ပြောပါတယ်။ 

တရားစီရင်ရေးစနစ်နဲ့ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေ
တဲ့အတွက် ဒီရာဇဝတ်မှုတွေဟာ အများပြည် သူသိ
တဲ့သတင်းတွေအဖြစ်   ထွက်ပေါ်မလာခဲ့ဘူးလို့ ၄င်း
က ပြောပါတယ်။ 

ရာဇဝတ်မှု ကျူးလွန်ခံရသူတွေဟာ ခြိမ်းခြောက်ခံရ
ခြင်း၊ လက်စားချေခံရနိုင်ဖွယ်ရှိခြင်းနဲ့ ဒီမိုကရေစီလို 
လားတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို သိက္ခာကျအောင်
လုပ်တယ်လို့ ဝေဖန်ခံရမှာကို စိုးရိမ် ကြောက်ရွံ့ခြင်း
တို့ ရှိနေတဲ့အတွက် အဲဒီ  လက်နက်ကိုင်တပ်ဖွဲ့တွေ 
ထိန်းချုပ်ထားပြီး ၄င်းတို့လွှမ်းမိုးကြီးစိုးနေတဲ့ နယ်
မြေတွေမှာ ၄င်းတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို 
ထုတ်ဖော်ပြောဆိုရဲခြင်းမရှိဘူးလို့ ဆိုပါတယ်။ 

NUG အစိုးရရဲ့ အမျိုးသမီး၊ လူငယ်နဲ့   ကလေးသူ
ငယ်ရေးရာဝန်ကြီးဌာနဟာ “တိုင်တန်းခြင်း၊ စောင့်
ကြပ်ကြည့်ရှုခြင်း၊ ကျူးလန်ခံရသူကိုထောက်ပံ့ခြင်းနဲ့ 
ပညာရေး  အစီအစဉ်တွေ” အပါအဝင် လိင်အကြမ်း
ဖက်မှု ဆိုင်ရာကာကွယ်ရေးမူဝါဒတစ်ခုကို အကောင် 
အထည်ဖော်ဆောင်ရွက်နေပါတယ်လို့ NUG အစိုးရ
က ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် 
သောမတ်အင်ဒရူးကို ပြောတယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ လက်တွေ့မှာ   လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မ ခွဲ
ခြားမှုဆိုင်ရာ အခြေခံ အကြမ်းဖက်မှုတွေ ကျူး လွန်
ခံရသူအများအပြားဟာ တရားမျှတမှုကို ကြိုးစားရှာ
ဖွေခွင့်မရဘဲ ပြစ်မှုကျူးလွန်သူတွေဟာ လည်း ဒီက
နေ့အချိန်အထိ ၄င်းတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် 
တရားဥပဒေနဲ့  အညီ   စစ်ဆေး စီရင်မခံရဘဲ လွတ်
မြောက်နေတယ်လို့ အင်ဒရူးက ပြောပါတယ်။ 

Ref: Report of the Special Rapporteur on the 
situation of human rights in Myanmar: Clause 
35 

#Newvisionmedia

Post a Comment

Previous Post Next Post