အကြမ်းဖက် PDF ရန်ကိုကာကွယ်ဖို့ ဗန်းမောက်ပြည်သူ့စစ်တွေ စစ်အခြေခံသင်တန်း ဆင်းကြပြီ


စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ အမှတ် (၇၇၁) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့၊ ဗန်းမောက်မြို့မ ( မြို့မ)ပြည်သူ့စစ် အခြခံသင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက်က မြို့နယ်ထွေအုပ်ရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားမှာ အမှတ် (၇၇၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းအောင် က ပြည့်သူ့စစ်သင်တန်း ဖွင့်လှစ်ရခြင်းနဲ့ပတ်သက်ပြီး အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ အမှတ် ၇၇၁ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းအောင်နဲ့အတူ အထွေထွေအုပ်ချုပ်ရေးမှူး ရဲမွန်အောင်၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူး မောင်မောင်ရင်နဲ့ တပ်မတော်မှ အရာရှိကြီးများ ရပ်မိရပ်ဖများ သင်တန်းသားများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post