ရောင်နီပြောက်ကျား PDF အဖွဲ့ ကျုးလွန်တဲ့ စစ်ရာဇဝတ်မှု


နိုင်ငံ့ဝန်ထမ်းနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့သူ ခုနစ်ဦးကို ကျဆုံးသွားတဲ့ PDF တွေအတွက် သွေးကြွေးဆပ်တယ်လို့ပြောပြီး ရောင် နီ ပြောက် ကျား PDF အဖွဲ့က လ-ည်-လှီး-သ-တ်-ဖြ-တ်နေတဲ့ ရုပ်သံဖိုင်ထွက်ပေါ်လာပါတာကြောင့် စိတ်နှလုံးညှိုးချုံးစရာဖြစ်လာရပါတယ်။

တစ်ဖက်ကို အကြမ်းဖက်အဖွဲ့အစည်းလို့ပြောနေတဲ့သူတွေဟာ သူတို့ကိုယ်တိုင်က သာမန်ပြည်သူတွေကို လ-ည်-လှီး-သ-တ်-ဖြ=တ်နေတဲ့ ရုပ်သံဖိုင်တွေ ငါးခုထက်မနည်းသက်သေအဖြစ်ထွက်ခဲ့ပြီဖြစ်သလို ဒီရုပ်သံဖိုင်မှာဆိုရင် ရောင်နီပြောက်ကျား PDF အဖွဲ့ဟာ တူးထားတဲ့ကျင်းထိပ်မှာ လူခုနစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး စစ်မေးနေတာမြင်ရပါတယ်။ စစ်မေးခံနေရသူတွေမှာ လခရ၊ ထွေအုပ် အပါအဝင် ၆ ဦးနဲ့ မန်ကျည်းတုံရွာက (ဒလန်)ဦးပြူးမောင်ရဲ့တပည့်ဆိုသူ ပါဝင်ပါတယ်။ ဒူးထောက်လက်ပြန်ကြိုးတုပ်ထားသူတွေကို ထွေအုပ်ကဆိုတာ၊ လခရဆိုတာ၊ ဦးပြူးမောင်ရဲ့ တပည့်ဆိုတာ အတည်ပြုပြီးနောက်မှာ လ-ည်-လှီး-သ-တ်-ဖြ-တ်ပြီး တူးထားတဲ့ကျင်းထဲ ကန်ချလိုက်ပါတယ်။

စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားတဲ့သူ ၇ ဦးကိုသ-တ်ဖြ-တ်လိုက်တဲ့ ရောင် နီ ပြောက် ကျား PDF အဖွဲ့ဟာ NUG လက်အောက်ခံအဖွဲ့ဖြစ်ပြီး စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က ကံသစ်ရွာသားတွေနဲ့ ဖွဲ့စည်းထားသလို စစ်ကိုင်းတိုင်း ရွှေဘို၊ ခင်ဦး၊ ဝက်လက်နယ်တဝိုက်မှာ လှုပ်ရှားပါတယ်။ အဲဒီ ကံသစ်ရွာဟာ ၂၀၂၁ နွေဦးတော်လှန်ရေးအစကတည်းက NUG ​ဩဇာခံပြီး လက်နက်ကိုင်ခဲ့သလို ရွာထဲမှာရှိတဲ့ ပြည်ခိုင်ဖြိုးထောက်ခံသူတွေရဲ့ နေအိမ်တွေ၊ လယ်တွေကို သိမ်းယူ၊ မီးရှို့ဖျက်ဆီးကြပြီး သာမန်ကံသစ်ရွာသူ၊ ရွာသား ၁၅ ဦးထက်မနည်းကို သ-တ်-ဖြ-တ်လိုက်ချိန်မှာ ရွာထဲက ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတွေက ခြေလွတ်လက်လွတ်ထွက်ပြေးရပါတယ်။ အခုအချိန်အထိလည်း ကံသစ်ရွာသားတွေတစ်ဖြစ်လဲ ရောင်နီပြောက်ကျား PDF အဖွဲ့ဟာ သူတို့ကြောက်လို့ထွက်ပြေးတဲ့ ပြည်ခိုင်ဖြိုးထောက်ခံသူတွေဆီကို သူတို့သ-တ်ထားတဲ့ပုံတွေပို့ပြီး သေရဲရင် ပြန်လာဖို့အထိ စိန်ခေါ်နေဆဲပါ။ တစ်ဖက်မှာလည်း စစ်သုံ့ပန်းအဖြစ်ဖမ်းထားတဲ့သူတွေကို လက်လွတ်စပါယ် ရက်ရက်စက်စက်သ-တ်ဖြ-တ်နေမှုဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး ဒီလိုသ-တ်ဖြ-တ်မှုတွေအတွက်တော့ NUG က တာဝန်ခံရပါလိမ့်မယ်။ 

Post a Comment

Previous Post Next Post