အစ္စရေးရောက်မြန်မာများ နေရပ်ပြန်လိုပါက Rescue Flight စီစဉ်ပေးနိုင်‌ရေး ဆောင်ရွက်မည်

အစ္စရေးနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လိုအပ်လာရင် Rescue Flightစီစဉ်ပေးနိုင်ရေး ဆောင်ရွက်သွားမယ်လို့ တဲလ်အဗီးမြို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

လက်ရှိအ‌ခြေအနေမှာ အစ္စရေးနိုင်ငံကို ပျံသန်းတဲ့ Commercial Fight တချို့ ရပ်နားထားမှုတွေရှိပေမယ့် အခက်အခဲကြုံတွေ့နေရသူ၊ နေရပ်ပြန်လိုသူမြန်မာနိုင်ငံသားတွေရှိရင် သံရုံးအနေနဲ့ သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒါကြောင့် အခက်အခဲကြုံတွေ့နေရသူ၊ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားတွေအနေနဲ့ သံရုံကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Post a Comment

Previous Post Next Post