လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် မြန်မာကလေးငယ် ၃ ဒသမ ၇ သန်းခန့် ကျောင်းပညာရေးကိုလုံလောက်စွာမသင်ရဘဲဖြစ်နေတယ်လို UNICEF ထုတ်ပြန်


           ≋ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုသတ်ပြီး စာသင်ကျောင်းတွေကို ဗုံးခွဲဖျက်ဆီးနေတဲ့ အကြမ်းဖက် NUG ရဲ့လုပ်ရပ်တွေကို ချန်လှပ်ထား≋

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် ကျောင်းပညာသင်ကြားရမယ့်အရွယ်ရှိတဲ့ ကလေးငယ်အားလုံးရဲ့ ၃ ဒသမ ၇ သန်းဟာ ကျောင်းပညာသင်ကြားမှုတွေကို လုံလောက်စွာမရရှိခဲ့ဘူးလို ကမ္ဘာကလေးငယ်များရန်ပုံငွေအဖွဲ (UNICEF) က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ Myanmar: Education Fact Sheet 2023 မှာ ဖော်ပြထားပါတယ်။

Grade 5 ပညာသင်ကြားနေတဲ့ မြန်မာကလေးငယ် ၁၀ ဦးမှာ ၉ ဦးက စာဖတ်စွမ်းရည်နဲ့ သင်္ချာတွက်ချက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမရှိဘူးလိုလည်း UNICEF က ဆိုထားပြီး မြန်မာနိုင်ငံက ကလေးငယ်ဦးရေ ၆၃၇၀၀၀ ကျော်ဟာ IDP စခန်းတွေမှာ နေထိုင်နေရတယ်လိုလည်း ဆိုထားပါတယ်။

ဒါအပြင် ဘေးကင်းစွာနဲ့ စဉ်ဆက်မပြတ်သင်ယူနိုင်မှုဟာ ကလေးတိုင်းရဲ့ အခွင့်အရေးဖြစ်ကြောင်း၊ ကလေး သူငယ်တွေအနေနဲ့ ပညာသင်ယူဖိုလိုအပ်ရုံသာမက လုံခြုံတယ်လို သူတိုခံစားရတဲ့နေရာမှာ ပညာသင်ယူနိုင်ခွင့်လည်းရှိတယ်လို UNICEF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

UNICEF အနေနဲ့ မြန်မာကလေးငယ်တွေရဲ့ ပညာသင်ယူခွင့် ဆုံးရှုးနေတာတွေနဲ့ပတ်သက်လို ရှည်လျားစွာ ဖော်ပြထားပေမယ့် အကြမ်းဖက်အဖွဲအစည်းအဖြစ် ကြေညာခံထားရတဲ့ NUG လက်အောက်ခံ PDF တွေရဲ့လုပ်ရပ်တွေဖြစ်တဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းတွေကို ဗုံးခွဲဖျက်ဆီးခြင်း၊ ကလေးငယ်တွေကို နိုင်ငံရေးအရ ဆန္ဒပြခိုင်းနေခြင်း၊ လက်နက်ကိုင်ခိုင်းပြီး စစ်ပွဲတွေမှာ ပါဝင်စေခြင်း စတဲ့အကြောင်းတရားတွေကိုတော့ ချန်လှပ်ထားတာ တွေ့ရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post