လုံခြုံရေးရဲတပ်ဖွဲဝင်များ၏ ရွံရွံချွံချွံတိုက်ခိုက်မှုကြောင့် ချိန်ခါလီရဲကင်းကို လာတိုက်တဲ့ အကြမ်းဖက် AA သောင်းကျန်သူအဖွဲ ဆုတ်ခွာထွက်ပြေးခဲ့ရ

နိုဝင်ဘာလ ၁၃ ရက် နံနက်အစောပိုင်းမှစ၍ ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြိုနယ်၊ ချိန်ခါလီရဲကင်းစခန်းငယ်တစ်ခုအား AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲများမှ သာလွန်အင်းအားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

AA သောင်းကျန်းသူအဖွဲသည် တပ်မတော်နှင့် နှစ်ဖက်သဘောတူအပစ်ရပ်စဲထားသော်လည်း နှစ်ဖက်အပစ်ရပ်ထားမှုအား ဖောက်ဖျက်ကာ အဆိုပါ ချိန်ခါလီစခန်းငယ်အား သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  ချိန်ခါလီရဲကင်းစခန်းရှိ ရဲတပ်ဖွဲဝင်များမှ မလျော့သောဇွဲဖြင့်ပြန်လှန်ခုခံတိုက်ခိုက်ခဲ့မှု ၊ တပ်မတော်မှ လက်နက်ကြီးပစ်ကူ၊ ရေတပ်ပစ်ကူပေးမှုတိုကြောင့်သောင်းကျန်းသူများ သေဆုံးဒဏ်ရာရများစွာဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကျပြီးအခြေအနေအား ပြန်လည်ထိန်းထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

ချိန်ခါလီစခန်းဟာ စစ်တွေ ရေချမ်းပြင် မှ မောင်တောကို သွားတဲ့ ကားလမ်းမကြီးဘက်မှရှိတဲ့ နယ်ခြားစောင့်စခန်းငယ်တစ်ခုလည်းဖြစ်ပါတယ်။

Post a Comment

Previous Post Next Post