ပေါ်တာကောလာဟလ

ရန်ကုန်မှာပေါ်တာဆွဲနေပြီတဲ့............
လူငယ်တွေကို စစ်မှုထမ်းဖို့ပေါ်တာဆွဲတာတဲ့....
စတဲ့ ကောလာဟလတွေကို နည်းမျိုးစုံ ဆိုရှယ်မီဒီယာမျိုးစုံကနေပြီး မနားတမ်းသတင်းမှားတွေထုတ်လွှင့်နေတဲ့သူတွေ အခုတော့လည်း အချိန်ဆိုတဲ့ သမားတော်ကကုသပေးလိုက်ပေမယ့် မျက်နှာပြောင်တိုက် နေကြတာ သိက္ခာမဲ့ အရှက်နည်းကြတာပါပဲဗျာ။
အဲ့ဒီပေါ်တာဆွဲတယ်ဆိုတဲ့ ကောလာဟလကြီးကတော့ အရင်ကြားကြားချင်း လူတွေက ဟုတ်နိုးဟုတ်နိုးနဲ့ ဖြစ်နေကြတာပေါ့ဗျာ တန်ဆောင်တိုင်လပြည့်နေ့ညရောက်မှ ဘယ်လိုမှညာလို့မရအောင် လမင်းကြီးနှင့်အတူ အမှန်တရားဆိုတာကြီးက ဘွားကနဲ ပေါ်လာတော့တာကိုးဗျ။
ရန်ကုန်မြို့ရဲ့ လမ်းမကြီးပေါ်မှာတော့ တန်ဆောင်တိုင်လပြည့်နေ့ ည ရန်ကုန်မြို့ကြီးရဲ့ လမ်းမကြီးတွေပေါ်မှာ တန်ဆောင်တိုင်ပွဲဆင်နွှဲနေတဲ့ လူတွေ အများကြီးနဲ့ ညလုံးပေါက် စည်ကားနေတာကတော့ လိုက်ရှင်းပြစရာမလိုတော့အောင်ကို ရန်ကုန်မှာပေါ်တာဆွဲနေတယ်ဆိုတဲ့ ကောလာဟလကို အမှိုက်လှဲသလို လှဲထုတ်ပစ်လိုက်တာပါပဲဗျာ။
အသိ၊ သတိ ကပ်နိုင် စဉ်းစားနိုင်ကြပါစေ

#dgf21news

Post a Comment

Previous Post Next Post