နိုင်ငံသားများ၏ လူမှုစီးပွားဖွံဖြိုး တိုးတက်ရေးတိုကို ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင် ပြောကြား


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ အနာဂတ်နိုင်ငံတော်အတွက် တည်ငြိမ်အေးချမ်းမှု၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်သွေးစည်းမှု၊ နိုင်ငံသားများ၏ လူမှုစီးပွားဖွံဖြိုး တိုးတက်ရေးတိုကို ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို အောက်တိုဘာလ ၃၁ ရက်နေ့က ပြုလုပ်တဲ့ (၂၄)ကြိမ်မြောက်
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အခြားတစ်ဖက်မှလည်း နိုင်ငံတော်ရဲ့အနာဂတ်ကို ဖန်တီးကြမည့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံတော်၏ သားကောင်းရတနာ၊ သမီးကောင်းရတနာ မျိုးဆက်သစ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိတယ်လိုလည်း ဆိုပါတယ်။ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်နဲ့ ပြည့်စုံနေရန်အတွက် ပြုစုပျိုးထောင်ရာတွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အခြေခံသည့် အနုသုခုမပညာရပ်များသည် အခြေခံကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိတယ်လိုလည်း ပြောကြားခဲ့ပါသေးတယ်။

Post a Comment

Previous Post Next Post