လွန်ခဲ့တဲ့ ၅ နှစ်လောက်က
ရှမ်းပြည်နယ် မြောက်ပိုင်း ရှိ
မုံးကိုး ကျူကုတ် ပန်ဆိုင်း
မူဆယ်ဘက် ကို စစ်ဆင်ရေး
တာဝန်ထမ်းဆောင်ရင်း
ရောက်ခဲ့ဖူးတယ်။အဲဒီမှာ
တရုတ်တွေ ရဲ့ အားနည်းချက်
တစ်ခုကို သွားတွေ့မိတယ်။
တရုတ်တွေက အပျော်အပါး
လောင်းကစားတော်တော်လေး
မက်မောကြတယ်။ဒီလို မက်ရတာ
ဟာလည်း တရုတ် ရဲ့ တင်းကျပ်
တဲ့ ဥပဒေ စည်းမျဥ်းတွေကြောင့်
သူတို့ မြန်မာပြည်မှာ လာပျော်
ကြတာတွေ့ရတယ်။
ကာစီနိုဝိုင်းတွေ KTV မာဆက်တွေ
နိုက်ကလပ်တွေ မှာ တရုတ်တွေ
ညလုံးပေါက်လာကဲလေ့ရှိတယ်။
ဒီမှာတင် ကျွန်တော်
ဘယ်သူ့ကို သွားမြင်မိသလဲဆိုတော့
လီကွမ်ယု ကိုပါ။
လီကွမ်ယု က သူ့ဆီ
ကို ဆိုက်ကပ်လာတဲ့ သင်္ဘောပေါ်
က နိုင်ငံခြားတွေ ကို ကြည့်ပြီး
အဆင့်မြင့် ကာဆီနိုတွေ ထောင်ကာ
အခွန်ကောက်စားလိုက်တာ တစ်နှစ်
ကို ဒေါ်လာ ၅၈၅၀ သန်း လောက်
ရခဲ့ကြောင်း စာအုပ်တစ်အုပ်မှာ
ဖတ်ဖူးတယ်။ဒါကြောင့်
တို့ နိုင်ငံ လည်း လီကွမ်ယု လို
လုပ်မယ် ဆိုရင် တိုင်းပြည်ချမ်းသာ
လောက်မယ်လို့ တွေးမိခဲ့ဖူးတယ်။
လီ က သူ့နိုင်ငံသား ကို ကာဆီနို
ဝိုင်းထဲ မဝင်နိုင်အောင် ဝင်ကြေး
အများကြီးကောက်တယ်။နိုင်ငံခြား
သားကို free ဝင်ခွင့်ပေးတယ်။
သဘောကတော့ နိုင်ငံခြားသား
ဆီက အခွန်ရပြီးပြီမို့ လောင်ကစား
ကြောင့် ပျက်စီးချင်လည်း ပျက်စီး
ပါစေ၊ သူ့ နိုင်ငံသားတော့ မပျက်စီး
စေရဘူး ဆိုတဲ့ ပုံစံ ကျင်သုံးခဲ့တယ်။
ဒါနဲ့ ကျွန်တော်လည်း သူ့ လို ကျွန်တော့်
တိုင်းပြည်ကြီးကို ချမ်းသာစေချင်တော့
ငါသာ အာဏာရှိသူ ဆိုရင် တရုတ်နယ်စပ်
မြို့ တွေမှာ အဆင့်မြင့်ကာစီနိုတွေထောင်
ပြီး တိုင်းပြည်အခွန်ရအောင် လုပ်မယ်
ဆိုပြီး စိတ်ကူးခဲ့ဖူးတယ်။
ဒါပေမဲ့ ကျွန်တော်တို့ ဆီက ကာဆီနိုဝိုင်း
တွေ KTV မားဆက်တွေ ကလည်း တိုင်းပြည်
သာ အခွန်မရရင် နေရမယ်။ဒေသ အာဏာပိုင်
တွေ ၊ ပြည်သူ့စစ်ခေါင်းဆောင်တွေ နဲ့
လုပ်ငန်းရှင်တွေ ကျိကျိတတ်တတ်ချမ်းသာ
နေလိုက်တာမှ မပြောနဲ့တော့။ကိုယ်တွေ သုံးပွင့်
လောက်ကို ခေါင်းထဲမှာ မရှိတဲ့ သူက
ခင်များများ။သူတို့ကို ကြည့်လိုက်ရင်
ကားအကောင်းစားကြီးတွေ စီးပြီး
တပည့် တပန်းတွေ တပုံ တပင်နဲ့
ရာဇဝတ် ဂိုဏ်းခေါင်းဆောင် တွေလား
အောက်မေ့ရတယ်။
ကိုယ်တွေ အသိမိတ်ဆွေ မရှိခင်က
မူဆယ်နားရောက်စ မှာ စဆရ နေ့တွက်
စရိတ်လေးတွေ စုပြီး KTV တစ်ဆက်ရှင်
နှစ်ဆက်ရှင် လောက်သွားရဖို့ ကြိုးပမ်း
ရုန်းကန် နေရချိန် မှာ ဒီလူတွေ က
KTV မှာ တစ်ည ကို သိန်းရာချီသုံး
နိုင်ကြတယ်။
တစ်ခါ
တရုတ်ပြည်မ ကြီး က အပြစ်ရှိလို့
ပြည်နှင်ဒဏ် အပေးခံရတဲ့ တရုတ်သူဌေး
တွေ ကလည်း သူတို့ အနေစားချောင်ဖို့
အာဏာပိုင်တွေနဲ့ ပေါင်းကြရတယ်။
စဥ်းစားသာ ကြည်ပေတော့။
အပျော် အပါး လောင်းကစား အဂတိ
လိုက်စားမှုတွေ က နယ်စပ်တစ်လျှောက်
မှာ တိုင်းပြည်ကို အကျိုးမပြုပေမဲ့
ချမ်းသာသွားကြသူတွေ ကတော့
အများကြီးပဲ။
အခွန်စနစ် ကလည်း ကောင်းကောင်း
မကြီးကျပ်နိုင်တော့ အဲဒီက ရတဲ့ ငွေမဲ
တွေ ဟာ ပြည်မထဲ အထိ ဝင်လာပြီး
အိမ် ခြံ မြေ ဈေးကွက် တွေမှာပါ
ဝင်ရောက်နေရာ ယူလာကြတော့
ရန်ကုန် မန္တလေး က မြေတွေဟာ
နယူးယောက်ထက် ဈေးကြီး
ကုန်ကြတယ်။
အခုလည်း ဘယ်လိုမှ အကျိုးမပေးတဲ့
ဒီနယ်စပ် က နေ ဖြစ်ခဲ့တဲ့ အပျော်အပါး
လောင်းကစား အဂတိ လိုက်စားမှုတွေ
ကနေ အခုအခြေအနေ ကို ရောက်ခဲ့ရတာ
တိုင်းပြည်အတွက် ရော တပ်မတော်သား
တွေ ၊ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေ
အတွက်ပါ ရင်နာမဆုံးဖြစ်ရတယ်။
တရုတ်ကလည်း လူးပါးဝချက် လွန်
တယ်။ကိုယ့်နိုင်ငံသား ကို ကိုယ်နိုင်အောင်
မထိန်းဘဲ သူများနိုင်ငံကို လူးပါးဝချင်
တိုင်းဝမယ် ဆိုတာ မျိုးကတော့ စော်ကား
လွန်းတယ်။
ဒါကြောင့် ပြောချင်တာ ဖြစ်ပြီးခဲ့တာတွေ
က ပြင်လို့မရတော့ပေမဲ့ ဘာကြောင့်
ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ အဖြေရှာ
လို့ရလို့ သင်ခန်းစာယူဖို့လိုတယ်။
အထူးသဖြင့် တရုတ်နိုင်ငံ နဲ့ တရုတ်နိုင်ငံ
သားတွေ ကို ဆက်ဆံရာမှာ သတိကြီးကြီးထားဆက်ဆံ မှ တော်ကာကျလိမ့်မယ်။
Crd:အောင်နိုင်သူ(ဇွဲကပင်)
Post a Comment