တရုတ်နိုင်ငံသားတွေကို မိခင်နိုင်ငံသို့ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပြန်လာဖို့ ယူနန်ရဲတပ်ဖွဲ့ တိုက်တွန်းတောင်းဆို
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား တွေကို မိခင်နိုင်ငံကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီးပြန်လာဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုများ၊ ရာဇဝတ်မှုများ ကျူးလွန်နေတဲ့ ဂိုဏ်းခေါင်းဆောင်လေးဦးကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီးနောက် တရုတ်ရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို မိခင်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို ပြန်လာဖို့ အခုလိုမျိုးသတိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ယူနန်ပြည်နယ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသားတွေ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံစေဖို့ နဲ့ အွန်လိုင်း အသုံးပြုပြီး လိမ်လည်မှုကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့တရားမဝင်လုပ်ရပ်တွေကို ထိရောက်တဲ့ဖြိုခွင်းမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ စီစဉ်နေတဲ့အတွက် အခုလိုမျိုးတရုတ်နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Post a Comment