တကယ်ပဲမြို့ပြတွေကိုသိမ်းနိုင်တာလား?မြို့ပြကိုသိမ်းနိုင်ရုံမျှဖြင့် အောင်မြင်မှုလို့ဆိုနိုင်သလား?

တကယ်ပဲမြို့ပြတွေကိုသိမ်းနိုင်တာလား?
မြို့ပြကိုသိမ်းနိုင်ရုံမျှဖြင့် အောင်မြင်မှုလို့ဆိုနိုင်သလား?

တော်လှန်ပုန်ကန်ရေးအင်အားစုတွေဟာ
မြို့ငယ်လေးတွေကို ဝင်ရောက်တိုက်ခိုက်ကြတယ်၊
ရဲစခန်းတပ်စခန်းတွေရှေ့ ဓာတ်ပုံရိုက်ပြကြတယ်၊
နိုင်ငံတော်အလံကိုဖြုတ်ချပြတယ်၊
ဒါဟာ မြို့နယ်တစ်ခုကို သိမ်းပိုက်ထိမ်းချုပ်နိုင်တယ်လို့ ပြောဖို့ရာခက်ပါတယ်၊
မြို့တစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး အဲ့ဒီမြို့မှာပဲ တပ်စခန်းအခြေချနိုင်နေနိုင်တယ်ဆိုဒါဟာ သိမ်းပိုက်ထားတယ်လို့ ပြောရင်လက်ခံနိုင်စရာရှိပါတယ်၊
ခက်တာက မြို့သိမ်းပါပြီဆိုပြီး
တပ်မတော်စစ်ကြောင်းလည်းလာရော ထွက်ပြေးပြီ၊

ထားပါတော့ မြို့ပြတချို့ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီပဲထားပါတော့၊
တော်လှန်ရေးအောင်ရောလား?
Noပါ ရုရှားသည်လျှင် ယူကရိန်း ကိယက်မြို့ကိုသိမ်းနိုင်ပါလျက် ယူကရိန်းကို မရရှိခဲ့ပါဘူး။

လက်တွေ့အကျဆုံး ဥပမာပြောပြရရင်
 ၁၉၄၉ခုနှစ်ကာလ ပက်ဝန်းကျင်တုန်းက
ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO)၊
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ 
အလံဖြူကွန်မြူနစ်ပါတီ (CPB)၊
 အလံနီ ကွန်မြူနစ်ပါတီ၊
 ပြည်သူ့ရဲဘော် အဖွဲ့ (PVO) ၊
အစရှိတဲ့ လက်နက်ကိုင်တွေဟာ
ရန်ကုန် အင်းစိန် အပါဝင် ပုသိမ်၊တောင်ငူ၊ဖြူး မြို့တွေအထိ သိမ်းပိုက်ထိန်းချုပ်ထားတဲ့အပြင် တပ်မတော်ရဲ့ တပ်မ တပ်ရင်း တပ်ခွဲတွေဟာ အလျှိုလျှိုတောခိုသွားကြပါသေးတယ်၊
တပ်မတော်ဟာ ရန်ကုန်တစ်မြို့တည်းသာအုပ်ချုပ်နိုင်တော့တဲ့အချိန်ထိဖြစ်ခဲ့ရပါတယ်၊

ဒီကြားထဲ မူဂျာဟစ်သောင်းကျန်းသူတွေ၊
ကူမင်တန်တရုတ်တွေရဲ့ပြည်ပကျူးကျော်မှုကိုပါ တပ်မတော်ရင်ဆိုင်နေရပါသေးတယ်။

အဲ့သည်အချိန်က မြန်မာ့တပ်မတော်ဆိုတာ လက်နက်အင်အား လူအင်အားဟာ ယခုလက်ရှိ မြန်မာ့တပ်မတော် အခြေ‌နေထက် များစွာ အင်အားနဲပါတယ်။

ဒီလိုအခြေနေမျိုးမှာတောင် မြန်မာ့တပ်ဟာ
ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ အုပ်ချုပ်သွားခဲ့တာပါ၊

ဒီတော့
အများကြီးမပြောလိုတော့ပါဘူး
တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်မတော်ရဲ့ ထောင်ခြောက်ထဲက ရုန်းမလွတ်နိုင်တော့တဲ့ အခြေနေဖြစ်သွားပါလိမ့်မယ်။

#Fourth

Post a Comment

Previous Post Next Post