တရုတ်က လောက်ကိုင်မြို့မှာရှိနေတဲ့ ကျားဖြန့်လုပ်ငန်း(အွန်လိုင်းလိမ်လည်မှု)မှာ ပါဝင်နေတဲ့ သူတွေကို ဖမ်းပေးဖို့ မြန်မာအစိုးရကို တောင်းဆိုတယ်။
မြန်မာအစိုးရက လောက်ကိုင်ဟာ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သလို အစိုးရရဲ့ အုပ်ချုပ်မှု့အောက်မှာမရှိလို့ တိုက်ရိုက် ဝင်ဖမ်းပေးလို့မရဘူး။
ဒါကြောင့် မြန်မာအစိုးရက လောက်ကိုင်မြို့ အုပ်ချုပ်ရေးကလူတွေနဲ့ညှိနှိုင်း ပြီး အောက်ခြေက အသေးအမွားတွေကိုသာ ဖမ်းပေးနိုင်ခဲ့တယ်။
တရုတ် တကယ်အလိုရှိနေတာက ကျားဖြန့်လုပ်ငန်းရဲ့ ခေါင်ချုပ်လဲဖြစ် လောက်ကိုင်မြို့ရဲ့ လက်နက်ကိုင် အဖွဲ့အစည်းရဲ့ ခေါင်းဆောင်လဲဖြစ်တဲ့ မြီစော်ချန်းမိသားစုပါ။
မြန်မာအစိုးရက မဖမ်းပေးနိုင်တော့ ဖုန်တာရွှမ်းရဲ့ MNDAA ကို ဝင်ဖမ်းခိုင်းတယ်။
ဖုန်တာရွှမ်း ဝင်ဖမ်းမှာကို မြီစော်ချန်းက ကြိုတင်သတင်းရပြီး ကျားဖြန့်အဖွဲ့ကို နေရာရွှေ့ချိန်မှာ သူ့ဝန်ထမ်း ၂၀၀ ထွက်ပြေးတယ်။
ထွက်ပြေးဝန်ထမ်းတွေကို မြီစော်ချန်းရဲ့ လက်နက်ကိုင်အဖွဲ့တွေက လိုက်ဖမ်းတော့ ၇၀ ပြန်မိတယ်။
ပြန်မိတဲ့သူတွေကို အကုန်သတ်လိုက်တဲ့အထဲမှာ တရုတ်ထောက်လှမ်းရေး ၄ ယောက်ပါသွားတယ်။ ထောက်လှမ်းရေး ၄ ယောက်ကို သတ်လိုက်တာက မြီစော်ချမ်းရဲ့ သားအငယ်ကောင် မြီကော်ဖျဉ်း။
သူ့ထောက်လှမ်းရေး ၄ ယောက် အသတ်ခံရတာကို မကြေနပ်တော့ MNDAA ကို တရုတ်က လောက်ကိုင်မြို့ကို ဝင်တိုက်ခိုင်းတာ။
လောင်ကိုင်ကိုတိုက်မယ်ဆိုရင် ကိုးကန့်ဒေသ လုံခြုံရေးယူထားတဲ့ စစ်တပ်စခန်းတွေကို အရင်တိုက်ရတယ်။ တပ်ရဲ့ လုံခြုံရေးစခန်းတွေက အနားပေးကာလလဲဖြစ် အင်အားလျော့ထားချိန်လဲဖြစ်သလို MNDAA ကို တရုတ်က နည်းပညာ ခဲယမ်း ငွေကြေး အကုန်ကူထားတော့ MNDAA ရဲ့ ဒရုန်းတွေကို ဖျက်မချနိုင်ဘူး။ တပ်မတော် ဒရုန်းတွေကိုတော့ တက်မရအောင် တရုတ်က ဂျမ်မာတွေနဲ့ ကာထားပေးတယ်။ ဒါကြောင့် ကွမ်းလုံအထိ ရောက်လာတာ။
MNDAA က မြောက်သုံးကောင်အဖွဲ့ဝင်ဖြစ်တော့ MNDAA ကိုးကန့်ဒေသကို တိုက်နေချိန် စစ်တပ်စစ်ကူမလာနိုင်အောင် TNLA နဲ့ AA က ကြားကနေဖြတ်တောက်ပေးတယ်။ ဒီတော့ TNLA ရဲ့ တပည့်ဖြစ်တဲ့ ပဒက်တွေကပါ ဝင်ကူအားဖြည့်တိုက်တယ်။
ဒါကို ဘူမသိကိုးမသိ ပြည်တွင်းပဒက်တွေက တောမီးလောင် တောကြောင်လက်ခက်မောင်းခတ်ဆိုသလို ရမလားဆိုပြီး ထတိုက်ကြတာ။
ဒါကြောင့် အစိုးရက ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးကြေငြာလိုက်တော့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လောက်ကိုင်မြို့ရဲ့ အုပ်ချုပ်ရေးဟာ စစ်တပ်ရဲ့လက်အောက်ရောက်သွားတယ်။
စစ်တပ်ဟာ လောက်ကိုင်မြို့ကို အုပ်ချုပ်ခွင့်ရသွားတော့ တရုတ်လိုချင်နေတဲ့ ကျားဖြန့်ခေါင်းဆောင်လဲဖြစ် လောက်ကိုင်မြို့ရဲ့ လက်နက်ကိုင်ခေါင်းဆောင်လဲဖြစ်တဲ့ မြီစော်ချန်း မိသားစုကိုဖမ်းပြီး တရုတ်လက်ကို အပ်လို့ရသွားတယ်။ မြီစော်ချမ်းကတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်။
နိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ တစ်ချက်လေးလှုပ်ရှားမှုဟာ မြန်မာနိုင်ငံအနေနဲ့တော့ ရှမ်းမြောက်တခွင် ပြဲပြဲစင် ခံလိုက်ရတယ်။
နောင်တချိန် ဒီလိုမျိုး ဆက်မဖြစ်နိုင်အောင် ဘာတွေကြိုတင်ကာကွယ်ရမလဲဆိုတာရယ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ဆက်လက်ရှူ့စားကြတာပေါ့။
#Crd
Post a Comment