ဖမ်းဆီးထားသူအချိုကို ပြန်လွှတ်ပေးသွားမှာဖြစ်ကြောင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ သတင်းထုတ်ပြန်


ဟားမက်စ်အဖွဲ့က ၎င်းတို့အနေနဲ့ လာမယ့်ရက်ပိုင်းအတွင်း ဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတွေကို ပြန်လွှတ်ပေးသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Abu Ubaida ဟာ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကြားဝင်စေ့စပ်ပေးနေသူများနဲ့တွေ့ဆုံဆွေးနွေးချိန်မှာ ထုတ်ဖော်ပြောဆိုသွားခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ဟားမက်စ်အဖွဲ့ဟာ ဖမ်းဆီးထားသူတွေထဲက လူဘယ် လောက်ပြန်လွှတ်ပေးမလဲဆိုတဲ့အချက်နဲ့ ဘယ်နိုင်ငံသားတွေကို ပြန်လွှတ်ပေးမလဲဆိုတဲ့အချက်ကိုအတိကျပြောဆိုခြင်းမျိုးမရှိကြောင်းသိရပါတယ်။

ဟားမက်စ်အဖွဲ့က ၎င်းတို့ဟာ စစ်မျက်နှာသုံးခုမှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေပြီး အစ္စရေးစစ်သားအများအပြားကို သုတ်သတ်နိုင်ခဲ့ကြောင်း၊ ဒါ့ပြင် အစ္စရေးစစ်တပ်ရဲ့စစ်ကားအရေအတွက်အနည်းဆုံး ၂၂ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောပါတယ်။

အဆိုပါ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ရေတပ်အုပ်စုဟာ ‘Aasif' လို့ အမည်ပေးထားတဲ့ ရေအောက်ဒုံးကျည်တွေကိုလည်း ဒီစစ်ပွဲအတွင်း ပထမဆုံးအကြိမ်အသုံးပြုလာခဲ့ကြောင်းသိရပါတယ်။

Post a Comment

Previous Post Next Post