ဒရုန်းခေတ်


အကောင်းဆုံးခံစစ်ဆိုတာ
အကောင်းဆုံးတိုက်စစ်ပါပဲတဲ့။
ဒါကြောင့် ရန်သူ ဘယ်တော့
လာ တိုက်မလဲ ဆိုပြီး ဘန်ကာ
တွေဆောက်ကာ ဗုံးခိုကျင်းတွေ
တူးနေတာ လည်း လုပ်သင့်တာ
မှန်ပေမဲ့ ရန်သူ လာမတိုက်နိုင်အောင်
ရန်သူ ဌာနချုပ်နေရာတွေကို
လေကြောင်းကနေ ကြိုတင်လက်ဦး
မှု ရယူပြီး ချေမှူန်းနိုင်ရင် တော့
အကောင်းဆုံးပေါ့။

ဒီကာလ ရန်သူ ဟာ နေရာခံစစ်ထက်
မောင်းသူမဲ့ ဒရုန်းတွေ ကို အားပြုပြီး
လှုပ်ရှားခံစစ်နဲ့ အားပြုတိုက်ခိုက်နေတာ
တွေ့ရတယ်။

ရန်သူ က သူတို့ ဘယ်နေရာ မှာ ရှိတယ်
ဆိုတာကို အသိမခံဘဲ ကိုယ်ရှိတဲ့နေရာ
ဒရုန်းတွေနဲ့ ဗုံးကျဲတိုက်ခိုက်ပြီး မိမိတို့
တပ်တွေ ဟန်ချက်ပျက်တဲ့ အခါမှ ဝင်လုံး
တာကို တွေ့ရတယ်။မောင်းသူမဲ့ ဒရုန်း
တွေ ရဲ့ အားသာချက် က သတင်းထောက်
လှန်းရုံသာမကဘဲ သတင်းထောက်လှန်ရင်း
တိုက်ခိုက်နိုင်တာ၊ မိမိတပ်ဖွဲ့တွေရဲ့ လှုပ်ရှား
မှုကို မြင်တွေ့နိုင်တာ ကြောင့် လက်တလော
စစ်ပွဲ တွေမှာ အဓိက ဇာတ်ကောင် ဖြစ်လာ
နေတယ်။

ရုရှား ယူကရိန်း စစ်ပွဲ သင်ခန်းစာကိုကြည့်
ပြီး အမေရိကန် က မောင်းသူမဲ့ ဒရုန်း ၂သန်း
ထုတ်လုပ်မယ်ဆိုတဲ့ သတင်းတစ်ပုဒ်လည်း
ဖတ်လိုက်ရလို့ အနာဂတ်စစ်ပွဲတွေ မှာ မောင်းသူမဲ့
ဒရုန်းတွေ ဟာ ပျံလွှားတွေလို အသုံးချလာမဲ့
သဘောကို  ခန့်မှန်းလို့ ရနေပါပြီ။

ဒါကြောင့် မိမိတို့ အနေနဲ့လည်း မောင်းသူမဲ့
ဒရုန်းတွေကို တိုက်ခိုက်ရေးတပ်တွေနဲ့ အတူ
လိုက်ပါတိုက်ခိုက်နိုင်ဖို့ ပြင်ဆင်ထားသင့်
ပြီလို့ အကြံပြုချင်တယ်။

ခြေလျင်တပ်တွေမှာ မောင်းသူမဲ့ ဒရုန်းတပ်စု
တွေ ထည့်သွင်းဖွဲ့စည်းသင့်ပြီ။ဒရုန်းတပ်စု
အတွင်းမှာ ဒရုန်းနည်းပညာအသုံးချတိုက်ခိုက်
ရေးတပ်စိတ် ၊ ဒရုန်းနည်းပညာသုံးခဲယမ်းဗုံးသီး
အသုံးချတိုက်ခိုက်ရေးတပ်စိတ်၊ လေကြောင်းရန်
ကာကွယ်ရေးနဲ့ လေကြောင်းကင်းထောက်ရေး
တပ်စိတ်တွေ ကို အသေးစိတ်ထည့်သွင်းဖွဲ့စည်း
သင့်တယ်လို့ အကြံပြုချင်တယ်။

ဒရုန်းနည်းပညာတွေ ဘယ်ကရမလဲလို့ စဥ်းစား
ကြည့်တဲ့ အခါ မီးစတစ်ဖက် ရေမှုန်တစ်ဖက်
လုပ်နေတဲ့ တရုတ် ရုရှားတို့ဆီ က မျှော်လင့်မထား
ပါနဲ့။အီရန် တူရကီ အစ္စရေး တို့ ဟာ လည်း
ဒရုန်းမှာ ဆရာတစ်ဆူ ဖြစ်လာနေပြီမို့ ကိုယ်နဲ့
သဟဇာတ ဖြစ်တဲ့ အီရန်ဆီ က ရနိုင်မယ်ထင်
ပါရဲ့။

ဒရုန်း ထုတ်လုပ်ရေး ကပစ တွေ ဒရုန်းတပ်ရင်း
တပ်မတွေ ဒရုန်းဌာန တွေ ကို စနစ်တကျဖွဲ့စည်း
နိုင်ရင်တော့ အတိုင်းထက် အလွန်ကောင်းတာ
ပေါ့။

ဘာပဲ ပြောပြော ဒရုန်းခေတ် ရောက်နေပြီဆို
တာ ကတော့ လက်ခံကြရပါတော့မယ်။

ကျွန်တော် ကိုယ်တိုင်လည်း ဒရုန်းခေတ်
အကြောင်းကို အကျယ်တဝင့် ရေးသားခဲ့
ပြီးပါပြီ။

မြန်မာ့တပ်မတော် ရဲ့ တရားသောစစ်အောင်မြင်ပါစေ

အောင်နိုင်သူ

Post a Comment

Previous Post Next Post