လွိုင်ကော်တက္ကသိုလ် ဆရာမလေးရေးတဲ့ ပို့စ်ကို ပြန်လည်ဖော်ပြတာပါ


သို့
လေးစားရပါသော နိုင်ငံတကာသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများရှင့်


ကျွန်မ လွိုင်ကော်တက္ကသိုလ်က နည်းပြဆရာမတစ်ယောက်အနေနဲ့ ဝမ်းနည်းစွာပဲ ဒီစာကိုရေးသား လိုက်ပါတယ်။ ကျွန်မတို့ လွိုင်ကော်တက္ကသိုလ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ KNPP နဲ့ KNDF အဖွဲ့တွေက ဒရော့ဗုံးတွေချပြီး၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ကြပါတယ်။ စစ်တပ်ဘက်က ကျွန်မတို့ ပညာရေးဝန်ထမ်းတွေကို လာရောက်ကယ်ထုတ်ပေမယ့်လည်း ဟိုဘက်အဖွဲ့က အင်အား အဆမတန်များနေတာကြောင့် အချိန်မမီတော့ဘဲ KNPP နဲ့ KNDF တွေက ကျွန်မတို့ ပညာရေးဝန်ထမ်းတစ်ချို့ကို ရက်ရက်စက်စက် သ-တ်ဖြတ်ခဲ့ပြီး၊ ဆရာ/ ဆရာမ ၃၆ ဦးနဲ့ မိသားစုတွေကို ဖမ်းဆီးခေါ်ဆောင်သွား ကြပါတယ်။ စစ်တပ်ဘက်က သေဆုံးသူ တွေလည်းရှိပါတယ်။ တက္ကသိုလ်ပါချုပ်ကြီးလည်း အ-သ-တ်ခံရတယ်ကြားပြီး သေလား၊ ရှင်လား မသိရသေးပါ။ ကျန်ရှိ တဲ့ဆရာ/ ဆရာမတွေရဲ့ အသက်အန္တရာယ်လည်း စိုးရိမ်နေရပါတယ်။ ကျွန်မနဲ့ ဝန်ထမ်း ၂ ဦး သာကျောင်းရဲ့ အနောက်ဘက်ကနေ ထွက်ပြေးတိမ်းရှောင်ပြီး ကံကောင်း ထောက်မစွာ ထွက်ပြေး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
*
ကျွန်မတို့ ပညာရေးဝန်ထမ်းတွေဆိုတာ နိုင်ငံရေးတွေကို သေချာနားမလည်ပါဘူး။ ဘယ်အစိုးရတက်တက် ကျောင်းသားတွေကို စာသင်ပေးရမယ့် တာဝန်ရှိတယ်လို့ပဲ ခံယူထားကြတာဖြစ်ပါတယ်။ ဒါကို CDM မလုပ်လို့ဆိုတဲ့ အကြောင်း ပြချက်နဲ့ KNPP နဲ့ KNDF တွေက သ-တ်ဖြတ်ခဲ့ကြပါတယ်။ ဒါကို ကျွန်မအနေနဲ့ နားမလည်နိုင်အောင်ဖြစ်ရပါတယ်။ ကျွန်မသိထားသလောက် ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေကို အကြမ်းဖက်တိုက်ခိုက်တာ ကုလသမဂ္ဂအပါအဝင် ဘယ်နိုင်ငံကမှ လက်မခံဘူး၊ ဥပဒေတွေနဲ့ ကာကွယ်ထားတယ်လို့ သိထားတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ မြန်မာနိုင်ငံမှာ ဒီလို ပညာရေးကဏ္ဍအကြမ်းဖက်ခံနေရတာကို ဝင်ရောက် တားဆီးပေးခြင်းမရှိ၊ ထုတ်ပြန်ချက် လေးတစ်စောင်တောင် ထုတ်ပြန်မပေး တာကို တွေ့ရတော့ ကျွန်မနေနဲ့ နားမလည်နိုင်အောင်ဖြစ်ရပါတယ်။ စစ်တပ်ကို မကြိုက်တာ တစ်ခုနဲ့ ပညာရေးကဏ္ဍကို အကြမ်းဖက်နေတာကို မသိချင်ယောင် ဆောင်နေကြတာက မဖြစ်သင့်ဘူးလို့ပဲထင်ပါတယ်။ ဒီလိုအကြမ်းဖက်သမားတွေ နိုင်သွားခဲ့ရင်တောင် မြန်မာနိုင်ငံအတွက် မတွေးရဲစရာပါပဲ။
*
ယခုလည်း KNPP နဲ့ KNDF အဖွဲ့တွေက လွိုင်ကော်တက္ကသိုလ် ဆရာ/ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ မိသားစုတွေကို သူတို့ကယ်ထုတ်သွားကြ သယောင် လိုင်းပေါ်မှာ ပြောနေကြပေမယ့် လိမ်ပြောနေကြတာဖြစ်ပါတယ်။ အမှန်တော့ သူတို့သတ်ဖြတ်ခဲ့ ကြတာပါ။ စာမှာ အပြစ်မဲ့အရပ်သား ပညာရေးဝန်ထမ်း တစ်ဦးကို သတ်ဖြတ်ပြီး အောင်ပွဲခံနေတဲ့ KNDF တစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံကို ထည့်ပေးလိုက်ပါတယ်။
*
မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍကို အကြမ်းဖက်ခံနေရာတာကို နိုင်ငံတကာက လျစ်လျူမရှုကြဖို့ ဒီစာကနေတစ်ဆင့် မေတ္တာရပ်ခံလိုက်ရပါတယ်။

Post a Comment

Previous Post Next Post