ရဲတွေနဲ့ လုံခြုံရေးလုပ်ဆောင်နေတဲ့
ရဲဘော် အနည်းငယ်သာရှိတဲ့
မြို့တွေကို သိမ်းတာဟာ အောင်မြင်ခြင်းလို့
ပြောလို့မရပါဘူး၊
မြို့နေလူထုရဲ့ ကောင်းကျိုးကို
လုပ်ဆောင်နိုင်မှ စွမ်းဆောင်နိုင်တယ်လို့
မှတ်ယူရမှာဖြစ်ပါတယ်၊
အုပ်ချုပ်ရေး,တရားစီရင်ရေး, ဥပဒေပြုရေး
ဆိုတဲ့ အရေးကြီးတဲ့ အဲဒီအချက်တွေကို
တော်လှန်ရေးသမားတွေလို့အမည်တပ်ထားတဲ့
သူတွေအားလုံး ထိန်းချုပ်ထားတဲ့နယ်မြေတွေ
အပေါ်မှာ အထက်ပါအချက်လက်တွေ
ပြုလုပ်ဖို့ လုပ်ငန်းစဉ်တွေရှိနေပြီလား?
ကျန်းမာရေး,ပညာရေး,လူမှုရေး,ဘာသာရေး
စီးပွားရေး,စသည်ဖြင့် လူထုကောင်းကျိုး
အတွက် စီမံချက်တွေရော လက်တွေ့လုပ်နေပြီလား?
မရှိဘူး,မလုပ်နိုင်ဘူးဆိုရင်ဖြင့်,
အသိတရား၊ဆင်ခြင်တုံ
တရားနဲ့နေထိုင်နေတဲ့လူထုကို
ဒုက္ခပေးရာရောက်ပါတယ်၊
မြို့ကိုလည်း ဖျက်ဆီးသလိုဖြစ်နေပါတယ်၊
တည်ဆဲအစိုးရတပ်
တွေကမြို့ကိုပြန်
လည်သိမ်းရင်လည်း
တော်လှန်ရေးသမားဆိုသူတွေက
မြို့နေလူထုကို ရှေ့ကထားပြီး လူသားတွေကို
ဒိုင်းအနေနဲ့
ကာထားဦးမှာဖြစ်ပါတယ်၊
အစိုးရတပ်တွေက, လူတွေအစုလိုက်
သတ်ဖြတ်နေပါတယ်လို့ လည်း
သတင်းလုပ်ပြီးပြောကြမှာ ဖြစ်ပါတယ်၊
မြန်မာပြည်နယ်စပ်တွေမှာ လုံခြုံရေးအားနည်းတဲ့
မြို့တွေအများကြီးရှိပါတယ်၊
အားနည်းတဲ့နေရာတွေမှာ အင်အားသုံးပြီး
တိုက်နေခြင်းဖြစ်ပါတယ်၊
အစိုးရတပ်များရှိတဲ့ မြို့တွေကို မထိရဲပါဘူး၊
သူတို့ဟာ စစ်မှန်တဲ့ တော်လှန်ရေးသမားတွေလည်း
မဟုတ်ပါဘူး၊
အကြမ်းဖက်သမားတွေသာဖြစ်ပါတယ်၊
တည်ဆဲအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးဖို့
အခါပေါင်းများစွာခေါ်ဆိုပြီးဖြစ်ပါတယ်၊
ဆန့်ကျင်ဖက်မှာ ရှိနေတဲ့သူတွေဟာ
ငြိမ်းချမ်းရေးကို မလိုလားခြင်း
မြန်မာ့တပ်မတော်ကိုမုန်းတီးခြင်း,
အတွေးခေါ်နိမ့်ကျခြင်း
တိုင်းတပါးသားကို,အားကိုးခြင်းနဲ့
အထင်ကြီးကြပြီး
တိုင်ပြည်ကို ဖျက်ဆီးနေကြပါတယ်၊
သူတို့ကိုကူညီနေကြတဲ့ တိုင်းတပါးသား
တွေရှိနေပါတယ်၊
တည်ဆဲအစိုးရအနေနဲ့ စီမံချက်ချပြီး
လုပ်ဆောင်ဖို့လိုပါတယ်၊
အိမ်စောင့်အစိုးရအနေဖြင့်,
အခုတိုက်ပွဲဟာ နိုင်ငံတကာနဲ့ တိုက်နေရတယ်ဆိုတာ
ပြည်သူသိအောင် ချပြရ မှာဖြစ်ပါတယ်၊
ဒါကြောင့်
ပြည်သူနဲ့ထိတွေ့ဖို့လိုပါတယ်၊
အကြမ်းဖက်သမားတွေကိုပြတ်ပြတ်သားသား
ချေမှုန်းနိုင်ရမယ်၊
ကျဆင်းနေတဲ့မျိုးချစ်စိတ် တွေမြှင့်တင်ရပါမယ်၊
ပြည်သူရှေ့ကနေပြီးခေါင်းဆောင်ကောင်းတွေအနေနဲ့
သတ္တိရှိရှိ ရပ်တည်စေချင်ပါတယ်၊
ပြည်တွင်းလုံခြုံရေးကို
အမြင့်ဆုံးမြှင့်တင်ရမှာဖြစ်ပါတယ်၊
အဓိကအချက်ကတော့
မြန်မာပြည်ဆိုင်ရာFacebook team နဲ့
တွေ့ပြီး မြန်မာပြည်ရဲ့လုံခြုံရေးအတွက်
ဆွေးနွေးစေချင်ပါတယ်၊
မြန်မာပြည် ထိခိုက်မဲ့အရာတွေကို
အမြန်ဆုံး
ပိတ်သိမ်းရမှာဖြစ်ပါတယ်၊
မြန်မာပြည်အေးချမ်းပါစေ။
အောင်သန်းဝင်း(မင်းသမီး)
Crd
Post a Comment