တနိုင်ငံလုံးငရဲကာလကြီးဖြစ်လာမဲ့ အစနိဒါန်း"ဆိုတာမသိခဲ့ကြဘူး

ဒီဓါတ်ပုံတွေကတော့ ၁၉၇၅ ဧပြီလ ၁၅ ရက်နေ့မှာ
ခမာနီတပ်တွေ ဖနွမ်ပင်မြို့တော်ထဲဝင်လာတော့
ပြည်သူတွေသောင်းသောင်းဖျဖျကြိုဆိုနေကြတဲ့ပုံ..
"အဆုံးသတ်အောင်ပွဲ"လို့သူတို့ကထင်ခဲ့ကြပေမဲ့
"တနိုင်ငံလုံးငရဲကာလကြီးဖြစ်လာမဲ့ အစနိဒါန်း"
ဆိုတာမသိခဲ့ကြဘူး..
---
ဧပြီ ၁၉၇၅ - ဇန်နဝါရီ ၁၉၇၉ အကြား ၄ နှစ်နီးပါး
ကာလတိုလေးမှာ ကမ်ဘောဒီယားနိုင်ငံလူဦးရေရဲ့
၄ ပုံ ၁ ပုံ (လူ ၁.၅ သန်းကျော်) ကို ခမာနီတွေက
သတ်ဖြတ်ခဲ့ကြတယ်..
---
အသတ်ခံရသူအများစုက အယင်ဗိုလ်ချုပ်ကြီး
Lan Nol အစိုးရရဲ့ဝန်ထမ်း ဟောင်းတွေ စစ်ဖက်
ရဲဖက်ဝန်ထမ်းဟောင်းတွေ အစိုးရဘက်တော်သားနဲ့
ဒလန် သူသျှိုတွေအဖြစ်သတ်မှတ်ခံရသူတွေပါ..
---
တနိုင်ငံလုံးအနှံ့သတ်ဖြတ်မှုတွေကို ခမာနီခေါင်းဆောင်
တွေလည်းမထိန်းနိုင် ခဲ့ဘူး (ဒလန် သူသျှို ပညာတတ်
အရင်းရှင် ရှင်းလင်းရေးမူဝါဒတွေချပြီးလက်လွန်ကုန်
ကြတယ်)။ ခမာနီသူပုန်တွေကိုမြေတောင်မြှောက်ပေး
ခဲ့တဲ့ တရုပ်ကွန်မြူနစ်ပါတီနဲ့ အ ဝေးရောက်ဘုရင် မင်းသားကြီးသီဟာနုတို့ကလဲ ဒီကိစ္စတွေကိုသူတို့မသိ
သယောင် နှာစီးနေခဲ့ကြတယ်...
---
သမိုင်းကြောင်းဖြစ်ရပ်မှန်တွေရေးပြတာသင်္ခန်းစာယူ
ဖို့ပါ..။ အလားတူ တွေဖြစ်မလာအောင်ဆင်ခြင်ကြဘို့ပါ..
---
ဟိုအယင် လ စ်ဗျားနိုင်ငံအကြောင်း ဗင်နီဇွဲလားနိုင်ငံအကြောင်း အုံကြွသူတွေအကြားမှာဖြစ်တတ်တဲ့အကြမ်း
ဖက် သတ်ဖြတ်မှုတွေအကြောင်းရေးခဲ့တုန်းက ကျနော့်
ကို လူတချို့ကတံဆိပ်တွေကပ်ကြတယ်။ ကပ်ချင်သလို
ကပ်ကြပါ..
---
ကျနော်က ရေစီး ကြောင်းမှာမျှောလိုက်တတ်သူမဟုတ်
ဘူး။ ကိုယ်ယုံကြည်တာကိုပြောရဲ လုပ်ရဲ သတိပေးရဲ
တယ်။ မြန်မာပြည်ကြီးငြိမ်းချမ်းဘို့နဲ့ ဒီမိုကရေစီနည်း
လမ်းကျအစိုးရတရပ်အမြန်ဆုံးပြန်ရဘို့ဆိုတဲ့ ကျနော့်
စိတ်ရင်းဆန္နဟာလဲ ဘယ်သူ့ထက်မှမလျော့ဘူး..။
သတ်နေဖြတ်နေကြတာတွေမြင်/ကြားနေရတော့
မကောင်းတဲ့အလားအလာတွေအကြောင်းသတိပေးရ
တော့တာပေါ့..
---
ခေတ်ပျက်ကြီးနဲ့အနိဌါရုံတွေဖြစ်မလာအောင် ကြိုတင်စဉ်းစားပြီး တာဝန်ရဲရဲယူထိန်းသိမ်းကြစေချင်တယ်..

သန်းလွင်ထွန်း

Credit - Than Lwin Tun

#Tgn

Post a Comment

Previous Post Next Post