မော်လမြိုင်မြို့တွင်အကြမ်းဖက်သမားများအားဆန့်ကျင်ရှုတ်ချကြောင်းဆန္ဒပြ

နေပြည်တော်၊ နိုဝင်ဘာ ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က စစ်ကဲကုန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ထားဝယ်တံတားအနီး ကစားကွင်းနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲတွင် အမျိုးသားရေးထောက်ခံသူ မွန်/ဗုဒ္ဓ၊ ဓမ္မဝံသကျောင်း၊ မိုးနှိုင်းရပ်ကွက်၊ ပေါင်မြို့နယ်နေသူ ဥူးတေဇဝံသဦးဆောင်၍ NCA ကို ဆန့်ကျင်ပြီး စစ်ပွဲခေါ်ယူခဲ့သည့် KIA ၊ AA ၊ TNLA ၊ MNDAA ၊ BPLA နှင့် အကြမ်းဖက် PDF တို့အား ဆန့်ကျင်ရှုတ်ချခြင်း၊ မြောက်ပိုင်းအရေးကိစ္စများနှင့်ပတ်သက်သော အကြမ်းဖက်/ပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက်တပ်မတော်သားများအား အားပေးထောက်ခံကြောင်း ဟောပြောသည်။

၎င်းနောက် တက်ရောက်လာသော စစ်ကဲကုန်း၊ ရွှေတောင်၊ မရမ်းကုန်း၊ သာယာအေး စသည့်ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့အင်အား ၅၀၀ ခန့်သည် မြောက်ပိုင်းအရေးကိစ္စများနှင့်ပတ်သက်သော အကြမ်းဖက်/ပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ရှုတ်ချပွဲစာသားပါ ဗီနှိုင်းဆိုင်းဘုတ်အားစိုက်ထူပြီး အမိမြေကို ကာကွယ်ကြ၊ ပြည်တွင်းရေးကို စွက်ဖက်သူ ဒို့ရန်သူ၊ ပြည်ဖျက်မိစ္ဆာတွေကို ဆန့်ကျင်ကြ၊ ပြည်ဖျက်မိစ္ဆာများအား အမြစ်ဖြတ်ခြေမှုန်းရေး ဒို့အရေး၊ တိုင်းတစ်ပါး အားကိုးပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ ဒါငါတို့ပြည်၊ ဒါငါတို့ပြည်ထောင်စု၊ ဒါငါတို့ပြည်တွင်းရေး နှောင့်ယှက်သွေးခွဲသူများအား ဆန့်ကျင်ကြဟူသော ကြွေးကြော်သံ များကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

#PeopleMedia

Post a Comment

Previous Post Next Post