နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိတဲ့ လုံခြုံရေးတပ်ဖွဲဝင်များကို ဂုဏ်ပြုချီးမြှင့်ငွေများလာရောက်ပေးအပ်


အကြမ်းဖက်သောင်းကျန်းသူများမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် တိုက်ပွဲများဖော်ဆောင်လျက်ရှိသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိတဲ့ လုံခြုံရေးတပ်ဖွဲဝင်များအတွက် စေတနာရှင်၊ အလှူရှင် မိဘပြည်သူများက ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိနေပါတယ်။
လုံခြုံရေးတပ်ဖွဲဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမတွင်ပြုလုပ်ခဲ့ပြီး စေတနာရှင်အလှူရှင်မိဘပြည်သူ ၁၈ ဦးက ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် ၄၃၇၅ သိန်း၊ အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမတွင် စေတနာရှင်အလှူရှင် ၄၂ ဦးက လုံခြုံရေးတပ်ဖွဲဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် ၃၇၅၅ သိန်းတိုကို ဂုဏ်ပြုပေးအပ်ခဲ့ရာ တိုင်းမှူးများနဲ့ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့တယ်လို သိရပါတယ်။
ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို သက်စွန့်ဆံဖျား ကာကွယ်စောင့်ရှောက်နေကြတဲ့ ပြည်သူ့တပ်မတော်သားများကို ယခုလိုပြည်သူတွေက ကူညီထောက်ပံ့ပေးတာဟာ တပ်မတော်သားတွေအတွက် အားဆေးတစ်ခွက်ဖြစ်ပါတယ်။ ရှေ့တန်းရောက် တပ်မတော်သားတွေကိုယ်စား ကျေးဇူးအထူးတင်ပါတယ်။

Post a Comment

Previous Post Next Post