၁။ နောင်ချိုနားမှာဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ပျက်စီးခဲ့တဲ့ လမ်းပိုင်းတွေကို တပ်မတော်က ပြင်ပေးနေတဲ့ မှတ်တမ်းဓာတ်ပုံတွေကို မြင်နေရတယ်။ ပြည်သူ့ အကျိုးစီးပွား နဲ့ တိုက်ရိုက်ပတ်သက်နေလေတော့ နိုင်ငံတော်ဘတ်ဂျက်နဲ့ ပြင်ပေးနေဦးမှာ ပါပဲ။ နိုင်ငံတော်ဘတ်ဂျက်ဆိုသော်ငြားလည်း ဘယ်သူ့ပိုက်ဆံလဲလို့မေးရင် ပြည်သူ့ ပိုက်ဆံပါပဲ။ ဒါက နောင်ချိုဘက်မှာဖြစ်တဲ့ ကိစ္စအတွက်ပဲ ပြောသေးတာ။ ပဲခူး-ညောင်လေးပင်ဘက်မှာ ၁ လကို နှစ်ကြိမ်လောက် ရထားလမ်း မိုင်းခွဲဖျက်ဆီးနေတဲ့ အကြောင်း မပြောသေးဘူး။
--------------
၂။ မေးချင်တာက “အကြမ်းဖက်သောင်းကျန်းသူများက ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုဖျက်ဆီးသွားပါတယ်။ နိုင်ငံတော်အနေနဲ့ ပြည်သူများအတွက် ဘယ်လိုပြင်ဆင်ပေးလိုက်နိုင်လို့ ရထားလမ်း၊ ကားလမ်းတွေက ဘယ်နေ့ကနေ စပြီး ဖြတ်သန်းသွားလာနိုင်ပါပြီ”ဆိုတဲ့ သတင်းခေါင်းစဉ်က ပြည်သူတွေကြားမှာ ဘယ်အချိန် အထိ သံသရာ လည်နေဦးမှာလဲ ဆိုတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းနဲ့ ပတ်သက်ရင် ကိုယ်လည်း မဖြေနိုင်ဘူးရယ်။
----------------
၃။ လက်ရှိ အရှေ့မြောက်မှာဖြစ်နေတဲ့ စစ်ပွဲတွေ၊ ကယားမှာဖြစ်နေတဲ့ စစ်ပွဲတွေဟာ အကြမ်းဖက်မှုမြောက်တဲ့ ဖြစ်စဉ်တွေချည်းပါပဲ။ မြို့သိမ်းတိုက်ပွဲ ခေါင်းစဉ်နဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တယားတွေဖြစ်တဲ့ ရဲစခန်းတွေ၊ ထွေအုပ်ရုံးတွေနဲ့ လဝကရုံးတွေကို မီးရှို့ဖျက်ဆီးပြီး စစ်ပွဲတွေဆင်နွှဲနေတာဟာ အကြမ်းဖက်လုပ်ရပ်တွေ မဟုတ်ဘူးလား။ ခုဆို ကောလင်းနဲ့ထီးချိုင့်လည်း မြို့ကြေနေပါပြီ။ လွိုင်ကော်ဆိုရင် တက္ကသိုလ်ဝန်းထဲထိ စစ်သလင်းဖြစ်နေပါပြီ။ ဒီလိုအကြမ်းဖက်လက်နက်ကိုင်တွေကို ဘယ်အချိန်ထိ ရှင်သန်ခွင့် ပေးနေရဦးမှာလဲ။ ဘယ်မျိုးဆက်အထိ ပြည်သူတွေက ခါးစီးခံနေရမှာလဲ။ တကယ့်ကို ခေါင်းခြောက်စရာမေးခွန်းပါပဲ။
-----------------
၄။ TNLA ရှိနေသမျှ နောင်ချို-ကျောက်မဲနဲ့ လားရှိုး-ကွတ်ခိုင်တကြောလုံးက မလုံခြုံပါဘူး။ ဒီလိုဖြစ်စဉ်တွေဆိုတာ ဆက်ရှိနေဦးမှာပါပဲ။ ပြောချင်တာက ကိုယ်တွေနိုင်ငံမှာ-
-သွေးမထွက်တဲ့ နိုင်ငံရေးတွေ ဆွေးနွေးလို့ အဆင်မပြေတော့ဘူးလား။
-ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသတွေက ပြည်နယ်အဆင့် ထပ်တိုး လိုချင်တယ်။ ပြည်နယ် ရထားပြီးသားသူတွေက “ဝ”လိုမျိုး ကွန်ဖန်ထရိတ်ဆန်ဆန် ခွဲထွက်ချင်ကြတယ်။ နိုင်ငံရဲ့ လူမျိုးဟာ ၁၃၅ မျိုးရှိပါတယ်။ ဘာတွေဖြစ်ချင်နေကြတာလဲလို့ မေးကြည့်ချင်စရာပါပဲ။
-နိုင်ငံတော်အလံလွှင့်ထူထားတဲ့ ရိခေါဒါရ်စခန်းကို CNFက ချင်းအလံတက်ထောင်တယ်။ KNU တပ်မဟာ(၆)မှာ ကိုယ်တွေစစ်သည်တွေကို ကရင်အလံကို အလေးပြုခိုင်းသတဲ့။ MNDAA က မုံကိုးစခန်းကိုရတော့ သူတို့အလံ လွှင့်ထူတယ်။ သေချာတာကတော့ လူမျိုးရေးအစွဲကြီးပြီး အာဃတ တရားအပြည့်ရှိနေတဲ့ ဒီကောင်တွေမှာ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ မရှိနေဘူး။
--------------------
၅။ ပြဿနာတိုင်းမှာ အဖြေဆိုတာရှိတယ်တဲ့။ “ဒီနေရာမှာ မင်းဆိုရင်ရော ဘာလုပ်မှာလဲ?”
(နရီမိုး)
Post a Comment