ရခိုင်ပြည်နယ်၌ ခရီးသွားရာသီစတင်သည့် အထိမ်းအမှတ်အဖြစ် ဆောင်းဦးပွဲတော်ကို ငပလီကမ်းခြေအပါအဝင် ခရီးသွားနယ်မြေငါးခုတို၌ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲထံမှ သိရသည်။
ယခင်နှစ် ခရီးသွားရာသီ၌ အဆိုပါ ဆောင်းဦးပွဲတော်ကို ငပလီကမ်းခြေတစ်ခုထဲမှာသာ ပြုလုပ်ခဲ့ရာမှ အခုနှစ်တွင် မြောက်ဦး ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊ စစ်တွေကမ်းခြေ၊ ကျောက်ဖြူကမ်းခြေနှင့် မာန်အောင်ကျွန်းတိုမှာပါ တိုးချဲ့ပြုလုပ်သွားမည်ဟုဆိုသည်။
အဆိုပါ ဆောင်းဦးပွဲတော်ကို ယခုနိုဝင်ဘာ ၁၈ ရက်၊ စနေနေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး ငပလီကမ်းခြေ၌ကျင်းပမည့် ဆောင်းဦးပွဲတော်အတွက် စျေးရောင်းချမည့် စျေးဆိုင်ခန်းနေရာများကို စတင်ရောင်းချနေပြီဟုလည်း ဆိုထားသည်။
ရခိုင်ပြည်နယ်၌ ငပလီကမ်းခြေနှင့် မြောက်ဦးယဉ်ကျေးမှုနယ်မြေတိုသည် အဓိကခရီးစဉ်ဒေသကြီးနှစ်ခုဖြစ်ပြီး ' ဂွ ' ကမ်းခြေ၊ ကျောက်ဖြူကမ်းခြေနှင့် မာန်အောင်ကျွန်းတိုသည်လည်း အလားအလာကောင်းသည့် ခရီးစဉ်များဖြစ်သဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံဖြိုးလာစေရန် ရခိုင်ပြည်နယ်အစိုးရအဖွဲက လုပ်ဆောင်နေသည်ဟု သိရသည်။
Post a Comment