အမျိုးကိုချစ်တယ်ဆိုတဲ့ စကားလုံးတွေနဲ့ အမျိုးကိုမနှစ်ဖို့လိုတယ်

ရခိုင်ပြည်နယ်မှာ AA အကြမ်းဖက်အဖွဲ့က လူမျိုးရေးအကြောင်းပြပြီး လူသစ်စု၊ ရန်ပုံငွေလို့ခေါင်းစဉ်တပ်တဲ့ ဆင်းရဲသားကနေ လုပ်ငန်းရှင်တွေထိ လစဉ်၊ နှစ်စဉ် ဆက်ကြေးကောက်၊ မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်လုပ်ငန်းကရတဲ့ ငွေတွေနဲ့ လက်နက်ဝယ်ပြီး တိုက်ပွဲဖော်ဆောင်တယ်၊ အကျိုးဆက်က ရခိုင်ပြည်သူတွေ စစ်ဘေးရှောင်ဘဝရောက်တယ်၊ AA က မြို့တွေ၊ ရွာတွေမှာ တိုက်ပွဲဖန်တီးရင် မြို့ပျက်၊ ရွာပျက်တယ်၊ ဒုက္ခပင်လယ်ဝေရတယ်၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းနဲ့ ကုန်စည်စီး ဆင်းမှုတွေ ရပ်တန့်ကုန်တယ်၊ ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့အချိန်မှာ ရိုက်ချခံလိုက်ရသလို  အကျိုးဆက်တွေရလိုက်တယ်။

AA လော်ဘီတွေကတော့ ဒီတစ်ခါ နောက်ဆုံးတိုက်ပွဲ၊ ပြည်သိမ်းတိုက်ပွဲ တောင့်ခံထား ကြပါလို့ လှုံ့ဆော်နေပေမယ့်  ဘယ်လောက်ထိ တောင့်ခံရမှာလဲ? စားစရာ ငတ်လာရင် ရော အဲ့ဒီလော်ဘီတွေက စောင့်ရှောက်ကျွေးမွေးမှာလား? စိတ်ကူးယဉ်တယ်ဆိုတာ အတွေးမှာသာကောင်းပြီး လက်တွေ့ဘဝမှာ ဦးနှောက်နဲ့စဉ်းစားတွေးခေါ်မှသာ အဆင် ပြေပါလိမ့်မယ်။ အမျိုးကိုချစ်တယ်ဆိုတဲ့ စကားလုံးတွေနဲ့ အမျိုးကိုမနှစ်ဖို့တော့လိုပါတယ်။

#western24news
#DGF
https://t.me/dgf21news

Post a Comment

Previous Post Next Post