တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများအား လွဲပြောင်းပေးအပ်


ရှမ်းပြည်နယ် အရှေ့ပိုင်းနယ်မြေအတွင်း တရားမဝင် ခိုးဝင်ရောက်လာပြီး ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ကျား(၅၅၀)ဦး၊ မ(၂၃)ဦး စုစုပေါင်း ၅၇၃ဦးအား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ မြန်မာ-တရုတ် နယ်ခြားမှတ်တိုင်အမှတ် (၂၁၈ ) တာလော့ ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ ယနေ့ နံနက်ပိုင်း (၁၀)နာရီ မိနစ်(၃၀)အချိန်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

လူဝင်မှုကြီးကြီးရေးနှင့် ပြန်လည်နေရာချထားရေးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်း ဦးစီးအဖွဲ့ဖြင့် ကျိုင်းတုံမြို့နယ်မှ ကျား (၃၆၇)ဦး၊မ (၁၆)ဦး၊တာချီလိတ်မြို့နယ်မှ ကျား (၁၂၉)ဦး၊မ (၉)ဦး၊မိုင်းဖြတ်မြို့နယ်မှ ကျား (၂၃)ဦး၊မိုင်းဆတ်မြို့နယ်မှ ကျား (၁၀)ဦး၊
မိုင်းယောင်းမြို့နယ်မှ ကျား (၉)ဦး၊
မိုင်းပျဉ်းမြို့နယ်မှ ကျား (၁၀)ဦး စုစုပေါင်း (၅၇၃)ဦးအား တရုတ်နိုင်ငံ၊ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားပြည်နယ်ခွဲ မှ ဒုတိယအုပ်ချုပ်ရေးမှူး ရှီဟိုက်ခွန်း  ဦးစီးသည့်အဖွဲ့အား  လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

crd

Post a Comment

Previous Post Next Post