ကိုယ့်အတတ် ကိုယ်စူး


၁။ တရားဝင် စာထုတ်ထားတာတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် လက်နက်ကိုင်ထားကြတော့ ရက်စက်လိုရသေးတယ်။ ယုတ်မာလိုတော့မရဘူးဆိုတာ မေ့မထားရဘူး။ ဆိုးတာက တက္ကသိုလ်ကျောင်းပရိဝုဏ်မှာ လက်နက်တကားကား ကိုင်ထားတဲ့ ပုံတွေကို Social Network ပေါ်တင်ကတည်းက KNDF အတွက် မဟာအမှားကြီးမှားတာပဲ။ (ဒီနေရာမှာ တပ်ကလည်း ကိုင်တာပဲဆိုပြီး လူပိန်းနည်းနဲ့  ကွန်ပလိန်းတက်လို‌တော့မရဘူး) နေရာတစ်ခုကို ကာကွယ်တာနဲ့ လာတိုက်ခိုက်တာက အသွင်သဏ္ဍန်အရလည်း မတူသလို အနှစ်သာရအားဖြင့်လည်း ကွဲပြားတယ်။

၂။ နိုင်ငံခြားမှာတော့  စူပါမားကတ်တွေမှာပဲဖြစ်ဖြစ်၊ ကျောင်းတွေမှာပဲဖြစ်ဖြစ်၊ လမ်းမပေါ်မှာပဲ ဖြစ်ဖြစ်  လူ ၁၀ ယောက်လောက်ကို လူသားဒိုင်းလောက် လုပ်ရင်တောင် အသေပစ်ဖမ်းပိုင်ခွင့်ရှိနေပြီ။ ဆိုလိုတာက အကြမ်းဖက် ဖြစ်စဉ်မျိုးကို ဘယ်နိုင်ငံ တကာကမှ လက်သင့်ခံမပေးကြ‌တော့ဘူး။ ခု KNDF လုပ်ရပ်က ပညာရေးဝန်ထမ်းပေါင်း အယောက် ၂၀၀ ကျော်ကိုတောင် လက်ရဖမ်းဆီးထားသေးတယ်။ ဒါတောင် အရှက်မရှိပုံက CDM ဝန်ထမ်းများကို ကယ်ထုတ်ခဲ့တာဆိုပဲ။ CDM လုပ်ချင်နေမှတော့ ဘယ်တက္ကသိုလ်ကျောင်းသူ/သား၊ ဘယ်တက္ကသိုလ်ဆရာ/မ တွေက တက္ကသိုလ် ကျောင်းဝန်းထဲ ရှိနေကြမှာမိုလဲ။
-------------
၃။ မေးကြည့်ချင်မိတာပါ။ ဒီမိုကရေစီမှာ ပြည်သူတွေအတွက် ကိုယ်ပိုင်လွတ်လပ်ခွင့် မရှိရတော့ဘူးလား။ ပညာရေးဟာ ပြည်သူတွေအတွက် စိတ်ကြိုက်ရွေးချယ်ခွင့် မရှိရတော့ဘူးလား။ ကိုယ်မထောက်ခံတဲ့ အစိုးရလက်ထက်မှာ လက်နက်ကိုင်တစ်စုရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ပညာရေးဝန်ထမ်းတွေအပေါ်  ဝမ်းသာပြနေတဲ့ ကိုယ့်စိတ်နှလုံးဟာ ဘယ်လောက်အထိ အောက်တန်းကျနေပြီလဲ ဆိုတာ မေးခွန်းထုတ်ကြည့်ဖို လိုနေပြီလို ထင်တာပါပဲ။ အစိုးရအပေါ် ကိုယ်မယုံကြည်လို CDM လုပ်တာ၊ လက်နက်ကိုင်တာဟာ ကိုယ်ပိုင်ရွေးချယ်ခွင့် အခွင့်အရေးပါပဲ။ ဒါပေမယ့် တစ်ပါးသူကိုတော့  ငါ့လိုပဲ လုပ်ရမယ်ဆိုတာမျိုးကြတော့ ပါးစပ်ကသာ ဒီမိုကရေစီ ဖြစ်ပြီး လက်‌တွေ့က ကွန်မြူနစ်စနစ်ကျင့်သုံးနေတာမျိုးသာ ဖြစ်တယ်ဆိုတာ နားလည်ထားဖိုလိုပါတယ်။ ရှက်တတ်ကြဖို လိုပါတယ်။
------------
၄။ တရားဝင် ထုတ်ပြန်လိုက်ပြီဆိုတော့ ပြန်လွှတ်ပေးဖိုပဲ ရှိပါတော့တယ်။  စစ်ရာဇဝတ်မှု/လူသားဒိုင်း ဆိုတဲ့ ပုဒ်မဟာ အတော်လေး အကျိုးသက်ရောက်မှု များစေတော့မှာ ဖြစ်လို မလွှတ်ပေးရင်တော့ မိမိထိုက်နဲ့ မိမိကံပါပဲ။ ပြည်သူ အယောက် ၂၀၀ ကျော်ရဲ့ မိသားစုဝင်တွေဟာ ဒီတိုင်း ငြိမ်ခံနေကြဖွယ်တော့ မရှိပါဘူး။  မလုပ်တတ်ရင် ကိုယ့်အတတ် ကိုယ်စူးတယ်ဆိုတာ ဒီလိုဖြစ်စဉ်မျိုးကို ပြောတာဖြစ်ပါ တယ်။


နရီမိုး

Post a Comment

Previous Post Next Post