ကိုးကန့်ဒေသခံ (၁၀၀၀၀) ကျော် နယ်စပ်မျဉ်း မိုင်တိုင်အမှတ် (၁၂၅) မှာ တိုက်ပွဲရှောင်လာတဲ့အတွက်ကြောင့်ရာ အသုံးဆောင်များနဲ့စားနပ်ရိက္ခာများ လိုအပ်နေတယ်လို့သိရပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ဒေသ နေရာအနှံ့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
လူ့အသုံးဆောင်များနဲ့စားနပ်ရိက္ခာများ ပြတ်လတ်မှုနှင့် ရင်ဆိုင်နေရကြောင်း တိုက်ပွဲရှောင်စခန်း တာဝန်ခံ ပြောဆိုချက်အရ သိရပါတယ်။
ဒီအပြင် လက်ရှိတွင် တိုက်ပွဲဧရိယာအတွင်းရှိ ကိုးကန့်ဒေသ နေရာအနှံ့မှ ဒေသခံများက သူတို့ရဲ့နေအိမ်များနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို စွန့်ခွာကာ လုံခြုံသည်ဟု ယူရတဲ့နေရာများကို တိမ်းရှောင်နေရကြောင်းတိုက်ပွဲရှောင်စခန်း တာဝန်ခံကပြောပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ပံ့ပိုးကူညီမှု၊ အိမ်နီးချင်းနိုင်ငံများရဲ့ထောက်ပံ့မှုနှင့် လူမှုအဖွဲ့အစည်းများရဲ့ လှူဒါန်းမှုဖြင့် လက်ရှိတွင် (၁၂၅) တိုက်ပွဲရှောင်စခန်းမှာပြည်သူ (၁၀၀၀၀) ကျော်ကို စနစ်တကျ ကူညီပေးနေကြောင်း သိရပါတယ်။
Post a Comment