နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သား များအား ထောက်ခံပွဲကျင်းပ


14th Nov

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြ သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင် များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံ လျက်ရှိကြပါတယ်။

သို့အတွက်ကြောင့်ရဟန်းရှင်လူ ပြည်သူအပေါင်း ယနေ့နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ ၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ပြင်ဦးလွင်မြို့နယ် အတွင်းရှိ ငြိမ်းချမ်းရေးလို လားသည့် ပြည်သူများက တိုင်းပြည်အလုံးစုံ ပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF အမည်ခံ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချကြပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများအား ထောက်ခံအားပေးပွဲကို ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

#

Post a Comment

Previous Post Next Post