သတိပြုမိတဲ့ အပြောင်းအလဲဖြစ်စဉ်အချို့


1027 မြောက် ၃-ဖွဲ့ စစ်ရေးလှုပ်ရှားမှုရဲ့ ၁၃ ရက်မြောက်နေ့မှာ ထူးခြားတဲ့ စစ်ရေးဖြစ်စဉ်တချို့ကို စတင်သတိထားမိပါတယ်။
..
စစ်ပွဲရဲ့ ၁၅-ရက်မြောက်နေ့မှာတော့ ရှမ်းမြောက် အနောက်ပိုင်း AA_TNLA_PDFs တို့ရဲ့ လှုပ်ရှားမှုဟာ အတော်လေး အထိနာသွားပုံရတယ်။ စစ်ကြောင်းပုံ လုံး၀ ပျက်စီးသွားသလိုပါပဲ၊
ဆိုတော့ကာ ရှမ်းမြောက်_အရှေ့ပိုင်း ဘတပြန်_ကျားတပြန်ဖြစ်နေတဲ့ #MNDAA အတွက် အနောက်ဘက်က_၀င်လုံးမခံရဖို့ ကျောက်မဲ_သီပေါ_လာရှိုးလမ်းဟာ အရေးကြီးဆုံးဖြစ်လာမယ်လို့ ခန့်မှန်းရတယ်။
..
အွန်လိုင်းဓါတ်ပုံအချိုနဲ့ နီးစပ်တဲ့မိတ်ဆွေများ အဆိုအရ သေဆုံးလက်နက်ကိုင်များမှာ AA+TNLA လို့ ယူဆရသူ အနည်းငယ်သာ ပါ၀င်ပြီး ကျန်ရုပ်အလောင်းများဟာ အသက် ၂၀ ၀န်းကျင် ဗမာလူငယ်များ ဖြစ်မယ်လို့ ဆိုပါတယ်။
..
စစ်ကိုင်းတိုင်း အရှေ့ခြမ်း နေရာအနှံ့မှာတော့ ယမန်နေ့ညအထိ ထိတွေ့မှုသတင်းများကို ဆက်တိုက်ကြားရတယ်။ ယခင် ကျွန်တော်တင်ပြခဲ့တဲ့အတိုင်း ဘိန်းသူပုန် လက်နက်ကိုင်များရဲ့ မြန်မာပြည်မြေပုံ ဦးခေါင်းပိုင်း ြ-တ်ရေးဟာ ပိုပြီး ထင်ရှားလာတယ်။
..
မြို့တစ်မြို့ ကျေးရွာ တစ်ရွာကို ၀င်ရောက်စီးနင်းတယ်ဆိုတာ လွယ်ကူတယ်လို့ မပြောလိုပေမယ့် စီးနင်းပြီးတဲ့ မြို့ရွာ နယ်မြေများမှာ ဆက်လက်ခြေကုတ်ယူ ထိန်းသိမ်းထားဖို့က အဆပေါင်းများစွာ ပိုပြီး ခက်ခဲပါတယ်။ သိမ်းယူလိုက်တယ်လို့ သတင်းထုတ်ပြန်လိုက်တဲ့ မြို့ရွာတွေမှာ နောက်ထပ် ရက်ပေါင်း ဘယ်လောက်ကြာကြာ စိုးမိုးထားနိုင်မလဲဆိုတာ အကြီးမားဆုံး မေးခွန်းဖြစ်လာတယ်။
..
ယခု စစ်ရေးလှုပ်ရှားမှုမှာ ဆန့်ကျင်ဘက်ပါ၀င်သူအုပ်စုတို့ဟာ လေကြောင်း စစ်ကူစိုးမိုးနိုင်မှု လုံး၀ မရှိပါ။ သူတို့အချင်းချင်း ဆက်သွယ်ချိတ်ဆက်ဖို့ အခက်အခဲနဲ့ မပြည့်စုံမှုတွေ အများကြီးရှိနိုင်တယ်။ ရိက္ခာအတွက် အဆင်ပြေနိုင်ပေမယ့် တစ်နေရာက တစ်နေရာ အလျှင်အမြန်ရွေ့ပြောင်းနိုင်ဖို့ လွယ်ကူမည် မဟုတ်ပါ၊
..
အရေးကြီးဆုံးက လက်နက်ကိုင်တပ်များအတွင်း အဓိကဖြစ်တဲ့ လိုအပ်သလောက် လက်နက်ခဲယမ်းပမာဏ ရရှိဖို့ အကန့်အသတ်ဖြစ်နေပါလိမ့်မယ်။ အထက်အောက် အမိန့်စီးဆင်းမှု ချောမွေ့ဖွယ် မမြင်ပါ။ လေ့ကျင့်မှု နည်းပါးပြီး တိုက်ပွဲအတွေ့အကြုံ မရှိသူအများကို အများစုဖြစ်နေပါတယ်။ တပ်ဖွဲ့စည်းပုံကလည်း ပွယောင်းယောင်း ရှိနေပါတယ်။
..
လူမျိုးကို အခြေခံမှုကြောင့် လူသစ်မရနိုင်တဲ့ EAOs တွေ ၂၀၂၁-ခုနှစ် ဖေဖော်ဝါရီ ၁-ရက်နေ့နောက်ပိုင်း လိုလို လားလားနဲ့ တပည့်ခံလာတဲ့ ဗမာလူငယ်လေးများကြောင့် နေ့ချင်း ညချင်း လူအင်အားကြီးထွားလာတယ်။ တိုက်ကွက်သစ်တွေ ဖော်ဆောင်လာနိုင်တယ်။
..
ဒါပေမယ့် အဲ့ဒီ PDFs ဗမာလူငယ်လေးတွေကိုသာ အမာခံထားပြီး သူတို့ သန္ဓေလက်နက်ကိုင်များကတော့ အုပ်စုဦးဆောင်သူအဖြစ် အနည်းငယ်သာ ပါ၀င်တယ်လို့ သုံးသပ်မိတယ်။
တကယ်လို့ ဒီစစ်ရေးလှုပ်ရှားမှုကြီး အရေးနိမ့်သွားခဲ့ရင် အကြီးအကျယ် အင်အားဆုတ်ယုတ်သွားမှာက ဗမာလူငယ်များအရေအတွက်သာဖြစ်ပြီး သူတို့ကတော့ မဆိုစလောက်သာ အရေအတွက် လျော့ပါးဖွယ် ရှိပါတယ်။
..
အချိန်တန်လို့_ငြိမ်းချမ်းရေးပါ_အော်လိုက်ယုံနဲ့ သူတို့ကျူးလွန်ခဲ့သမျှ_သင်ပုန်းချေပြီး_ခွင့်လွှတ်ခံခဲ့ရမှုပေါင်း အကြိမ်ကြိမ်_ရှိခဲ့ဖူးလို့ သူတို့အတွက်_မျှော်လင့်စရာတွေ အများကြီး ရှိနေသေးတယ်။ အခြေအနေပေးရင် ဒီထက် ပိုချမ်းသာသွားနိုင်တယ်။
.
ဒီနေရာမှာ သူတို့ရဲ့ ဥာဏ်အမျှော်အမြင်၊ အချိန်နဲ့ ဖြစ်စဉ်အလိုက် တပြေးညီ အကွက်ရွေ့တတ်ပုံနဲ့ သူ့ဘက် ကိုယ့်ဘက် ဟာကွက်များကို အသိအမှတ်ပြုမိတယ်။
..
ယခုရက်ပိုင်း စစ်ကိုင်းတိုင်း စစ်ရေးထိတွေ့မှုများနဲ့ ပတ်သက်ပြီး ကသာ၊ ပင်လည်ဘူး၊ ၀န်းသို၊ ကောလင်း၊ ထီးချိုင့်ဘက် သူတို့ရဲ့_ဒီလောက်အထိ_လက်နက်_ကျည်အား_အသုံးပြုနိုင်တာကို အံသြမိတယ်
နောက်ထပ်_ဒီလို_တိုက်ကွက်မျိုးကို_ဘယ်နှစ်ကြိမ်ဖော်ဆောင်န်ုင်မလဲဆိုတာလည်း_မှန်းဆမိတယ်
လက်နက်ကျည်_ထောက်ပို့လမ်းကြောင်းကို_ပိတ်ဆို့ခံရရင် ပွဲဆက်က_ဖို့ လုံး၀_ထိခိုက်သွားနိုင်ပါတယ်။
..
နှစ်ချီပြီး ဥပက္ခော ပြုထားသလိုဖြစ်ခဲ့စဉ် ကြိုတင်စုဆောင်းထားတဲ့ ကျည်တွေလည်းဖြစ်မယ်။
..
ဥပမာ ကောလင်းမြို့နယ် ခံသာကျေးရွာရဲ့ ရဲကင်းကို ၀င်ရောက်စီးနင်းခဲ့လို့ ရဲတပ်ဖွဲ့၀င်များ ဒဏ်ရာရ ထွက်ပြေးခဲ့ရတာ ၂၀၂၁-ခုနှစ် မတ်လ ၁၇-ရက်နေ့ ( အာဏာထိန်းပြီး တစ်လကျော်အကြာ) တည်းကဖြစ်ကြောင်း အထိတ်တလန့် ပြန်သတိရမိတယ်။
.
အဲ့ဒီနောက်ပိုင်း အုပ်ချုပ်ရေး လုံခြုံရေး လျော့ရဲနေတဲ့ နယ်မြေကြီးတစ်ခုလုံး လက်နက်ကိုင် တောကြောင်များရဲ့ သုခဘုံ ဖြစ်ခဲ့ဟန်တူပါတယ်။ ရွှေထွက်ရာ ဥက္ကံမိုးနှံဒေသဟာ ဥပဒေမှ ထွက်ပြေးတိမ်းရှောင်သူများခိုလှုံရာ စစ်ကိုင်းတိုင်းရဲ့_လိုင်ဇာ ဖြစ်သွားတယ်လို့ ဆိုကြတယ်။
.
ကောလင်း ထီးချိုင့်တစ်ဝှိုက်မှာ ပျံ့ကြဲနေထိုင်တဲ့ ရှမ်းနီတွေရှိတတ်တော့ KIA အတွက် စိတ်ကြိုက်ဖျက်ဆီးခွင့်ရရှိ သွားတယ်

.
ကြားက အညာသားတွေကတော့ ဗမာအချင်းချင်း -တ်ရာမှာ နယ်ရုပ်ဖြစ်သွားပါတယ်။
..
ဆည်ရေသောက်နိုင်လာပြီးနောက် မြန်မာပြည်ရဲ့ နာမည်အကျော်ကြားဆုံး ထိပ်တန်းဆန်ကောင်းထွက်ရာ စစ်ကိုင်းတိုင်းဒေသမှာ သီဟတင်စိုးကား အကြည့်များသွားသူတွေကို တားဆီးလို့ ရနိုင်ဖွယ် မမြင်မိပါ။
..
သမ္မတ ဘီလ်ကလင်တန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မဲဒယ်လင်း_အော်လ်ဘရိုက်ရဲ့ ၁၉၉၆-ခုနှစ် မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်အပြီး မြန်မာအတိုက်အခံတို့အကြား အသံကျယ်လောင်လာတဲ့ အလုံးစုံ_ပျက်သုဉ်းရေး #Uttermost_Devastation ဟာ အထိရောက်ဆုံး အသက်၀င်နေပါပြီ
..
ထူးခြားချက်ကတော့ ငပွကြီးရဲ့_အဲ့ဒီ_အာသာဆန္ဒအတိုင်း မြန်မာနိုင်ငံ အရှေ့မြောက်အိမ်နီးချင်းနိုင်ငံကြီးရဲ့ ပြည်နယ်အစိုးရအတွင်း ထပ်တူညီတဲ့_အရိပ်အယောင်များတွေ့ရခြင်းဖြစ်ပါတယ်။
..
တနည်းအားဖြင့် မြန်မာဟာ_ကိုလံဘီယာလို_နိုင်ငံအနှံမူးယစ်ရာဇာများ_ကြီးစိုးပြီး
ဆီးရီးယား_လစ်ဗျားလို လက်နက်ကိုင်_စစ်ဘုရင်အသီးသီးနဲ့ တိုင်းပြည်ပြိုကွဲဖို့_ဖြစ်လာပါတယ်။
..
လူအချို့ သမိုင်းတရားခံဖြစ်သွားပြီး ကမ္ဘာ့နိုင်ငံအလယ်မှာ စံပြုရလောက်တဲ့ စိတ်ပျက်စရာနိုင်ငံဖြစ်သွားနိုင်ပါတယ်။
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine

Post a Comment

Previous Post Next Post