ရမခနယ်မြေမှာ တိုက်ပွဲဝင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေ သိန်း (၈၀၀၀) ကျော် လာရောက်ဂုဏ်ပြုပေးအပ်


အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက် ဂုဏ်ပြုပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ နိုဝင်ဘာ ၁ ရက်ကပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြပြီး စေတနာရှင်အလှူရှင် ၁၈ ဦးက ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် ၄၃၇၅ သိန်းကို ဂုဏ်ပြုပေးအပ်ခဲ့ခြင်းဖြစ်သည်။

အလားတူ စေတနာရှင် အလှူရှင်များက  ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ထို့နောက် စေတနာရှင်အလှူရှင်  ၄၂ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် ၃၇၅၅ သိန်းကိုဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းနှင့် နှစ်ရပ်ပေါင်းဂုဏ်ပြုဆုငွေ ကျပ်သိန်းပေါင်း (၈၁၃၀) ဖြစ်ကြောင်း သိရသည်။

Post a Comment

Previous Post Next Post