အချိန်တန်ရင် “သွေး”က စကားပြောပါလိမ့်မယ်


၁။  ကမ္ဘာကြီးက စစ်တိုက်တဲ့ပုံစံပြောင်းသွားတယ်။ ကမ္ဘာ့ပါဝါအချိန်းအပြောင်းတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်။  နိုင်ငံခေါင်း ဆောင်တွေဟာ စစ်ဘက်ဆိုင်ရာအမြင်တစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး။ စစ်တော့ တိုက်တတ်တယ်။ ဥပဒေမသိရင် ကိုယ်ခံရဖို့ များသွားတယ်။ ဒါက လက်ရှိဖြစ်နေတဲ့ ကမ္ဘာလုံးဆိုင်ရင် စစ်ရေးအခင်းအကျင်းပဲ။ တစ်ခုတော့ ရှိတယ်။ Backup Power  အ တွက် အင်အားကြီးနိုင်ငံတချို့ရဲ့ အထောက်အပံ့လည်း ရဖို့လိုအပ်တယ်။
----------

၂။  ၂၀၂၀ အရေးအခင်းနဲ့ပတ်သက်ရင် တပ်မတော်အနေနဲ့ မမျှော်လင့်တဲ့ အတားအ ဆီး ၂ ခုကို ရင်ဆိုင်လိုက်ရတယ်လို့မြင်တယ်။ တစ်ခုက ကိုဗစ်အခင်းအကျင်း။ နောက်တစ်ခုက C D M လှုပ်ရှားမှုရဲ့ ဆိုးကျိုးတွေ။ ဒီနှစ်ခုဟာ အရှိန်နဲ့ရုန်းထဖို့ ပြင်နေတဲ့ မြန်မာ့စီးပွားရေးနဲ့ နိုင်ငံရဲ့ ဝန်အားကို အတော်လေး ထိခိုက်မှုဖြစ်သွားစေခဲ့တာတွေ့ရတယ်။
------------

၃။ လက်ရှိ မြောက်ပိုင်းစစ်အရှိန်က ပြီးသွားပြီလို့ ဆိုလို့ရတယ်။ ဒါက စစ်ပွဲပြီးသွားပြီလို့ဆိုလိုတာ မဟုတ်ဘူး။ အဓိက စစ်ကစားမယ့်နယ်မြေဟာ ကိုးကန့်ဒေသပဲ။ မဟာ မိတ်အဖွဲ့တွေမို့သာ T N L A က ကျောက်မဲ-နမ့်ခမ်းတကြောမှာ စစ်ကူလမ်းကြောင်း ဖြတ်တောက် ပေးထားတယ်။ AA က စစ် မျက်နှာစာဧရိယာပြန့်သွားအောင် ရခိုင်ပြည်မှာ တိုက်ကွက်ဖော်ပေးတယ်။ ဒီလောက်ပါပဲ။ ဒါပေမယ့်...သူတို့မှာ ကိုယ်စီ ရည်မှန်းချက်တွေ ရှိထားတယ်။ ရှိကြတယ်ဆိုတာ သတိရနေဖို့လိုတယ်။ ကာလရှည် ကြာတဲ့ စစ်ပွဲတစ်ခုကို “စ”ဖို့ဆိုတာ Logistic နိုင်ဖို့လိုပါတယ်။ နိုင်ငံရေးနဲ့ စစ်ရေးအရ မြို့/ရွာတွေကို အသိမ်းပြမယ်။ စစ်ကြောင်းလာရင် ပြန်ဆုတ်မယ်။ အကျိုး ဆက်ကတော့ မြို့/ရွာ နာတာပါပဲ။ ဒီကနေ့ ကောလင်းနဲ့ထီးချိုင့် ဘယ်လိုဖြစ်ပြီး ကျန် ရစ်ခဲ့သလဲဆိုတာ အဖြေပဲ။ ကိုယ်တွေ ထူးပြီး ရှင်းပြစရာလိုမယ်မထင်တော့ပါဘူး။
-----------------

၄။ တရားဝင်အစိုးရအနေနဲ့ စစ်ရေးနဲ့ဆိုင်တဲ့ သတင်းတွေကို တရားဝင်သတင်းထုတ်နိုင်ဖို့ ဆိုတာ အတော်လေးခက်ပါတယ်။ သူတို့မှာ ကန့်သတ်ချက်နဲ့ ဘောင်တွေ ရှိပါတယ်။ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေဟာ နိုင်ငံရဲ့ တည်မြဲဥပဒေတွေကိုလည်း လိုက်နာရသ လို နိုင်ငံတကာရဲ့ဥပဒေတွေကိုလည်း မျက် ကွယ်ပြုထား လို့မရပါဘူး။ ဒါဟာ တရား ဝင်တပ်မတော်တစ်ခုရဲ့အဓိကအတားအ ဆီးဖြစ်ပါတယ်။ ဒီကနေ့ ခေတ်သစ်စစ်ပွဲတွေဟာ လက်နက်ခဲယမ်းတွေနဲ့သီးသန့်တိုက်ရတာမျိုး မဟုတ်တော့ပါဘူး။ အဆင့်မြှင့်နည်းပညာတွေ ပါလာသလို မီဒီယာရဲ့ အခန်းကဏ္ဍတွေ၊ သံတမန်ရေးဆိုင်ရာ အ ထောက်အကူပြုမှုတွေအပါအဝင် ကဏ္ဍအ သီးသီးက တိုက်ယူနေရတဲ့ ဘက်ပေါင်းစုံ စစ်ပွဲဖြစ်လို့ ပြည်သူတွေ စိတ်ရှည်ဖို့လိုပါတယ်။ (ကိုးကန့်မှာဆို ဘာသာရေးနဲ့ လူမျိုး ရေးတောင် ပါပါတယ်)
------------------

၅။ လက်ရှိ EAOs တွေမှာ တပ်အင်အားဖြည့်နည်း (၂)ခုရှိပါတယ်။ တစ်ခုက လူမျိုး ရေးစိတ်ဓာတ်ရိုက်သွင်းပြီးမှ ဖြည့်တင်းထားတာဖြစ်ပြီးတော့ တစ်ခုကတော့ အ ကြောက်တရားနဲ့ ရိုက်သွင်းထားတာဖြစ်ပါတယ်။  ခုဖြစ်နေတဲ့စစ်ပွဲတွေကို အပေါ်ယံ ကြည့်ပြီး တပ်မတော်မှာ တိုက်စွမ်းရည်ကျ နေတယ်လို့ သုံးသပ်လို့ မရပါဘူး။ တချို့ဖြည့်တင်း/ပြင်ဆင်ရမယ့်ကိစ္စတွေလည်းရှိပါတယ်။ လက်ရှိစစ်ပွဲတွေမှာ ကိုးကန့်စစ် သည်တွေအများစုက မူးယစ်ဆေးဝါးသုံးပြီး တိုက်တာဖြစ်ပါတယ်။ လက်တလော အပင်ပန်းခံနိုင်တယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွမှုရှိစေပေမယ့် ရေရှည်မှာတော့ အလုပ်မဖြစ်ပါဘူး။ တချို့သော တပ်မ တော်ရဲ့ကာကင်းစခန်းတွေဟာ ရန်သူ့လက် အောက်ကျလို့သာ ကျသွားခဲ့ပေမယ့် ရာနဲ့ချီတဲ့ ရန်သူ့တပ်တွေကို အချိန်နာရီပေါင်းများစွာ တောင့်ခံတိုက်ခဲ့ကြတာဖြစ်ပါတယ်။  
---------------

၆။ ဆိုရှယ်မီဒီယာခေတ်မှာ သတင်းတွေဟာ ဖုံးဖိလို့ မရပါဘူး။ ဒရုန်းနဲ့ဗုံးကြဲလို့တောင် ကိုယ့်စစ်သည်တွေ သေဆုံးတယ်ဆိုရင် MIG-29 ရဲ့ ဗုံးတွေဟာလည်း ထွန်းရွှေဝါ လိမ်းလို့ မရတာတော့ သေချာပါတယ်။ အဓိကကတော့ ဆင့်ကဲတာဝန်ရှိသူတွေအ နေနဲ့လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားပေးကြပါ။ နယ်မြေတစ်ခုချင်းစီအလိုက် ရှေ့ထွက်ရပ်ပေးကြပါ။  ပြည်သူတွေကလည်း အားပေးထောက်ခံပေးကြပါ။ တပ် မတော်ဆိုတဲ့ အင်စတီကျူးရှင်းဟာ လေ တိုက်တဲ့ကျိုးကြေလွယ်တဲ့ စိတ်ဓာတ်တွေနဲ့ တည်ဆောက်ဖွဲ့စည်းထားတာမဟုတ်ပါဘူး။ အချိန်တန်ရင် “သွေး”က စကားပြောပါလိမ့်မယ်။

crd***နရီမိုး
#JBT

Post a Comment

Previous Post Next Post