ဇူကာဘတ် ဒူးခေါင်းထိခိုက်သဖြင့် ဆေးရုံတက် ကုသနေရ


facebook ကို တည်ထောင်ခဲ့သူနှင့် Meta ကုမ္ပဏီပိုင်ရှင် ဖြစ်သူ မာ့ခ်ဇူကာဘတ်သည် အားကစားလေ့ကျင့်စဉ် ဒူးခေါင်းထိခိုက်ကာ၊ အတွင်း ဒူးဆစ်ဂုံညင်းရိုးရှေ့မှအရွတ်တွင် ဒဏ်ရာရရှိသွားသဖြင့် ဆေးရုံတက်ကာ ကုသမှုခံယူနေရသည်။

"ကျွန်တော့် ဒူးခေါင်းထိခိုက်မှုအတွက် ခွဲစိတ်ကုသပြီး အစားထိုးမှုကို ခံယူရမှာပါ။ ကျွန်တော့်ကို ဂရုစိုက်ကုပေးနေကြတဲ့ ဆရာဝန်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ MMA ယှဉ်ပြိုင်ပွဲအတွက် လာမယ့်နှစ်အစောပိုင်းမှာ လေ့ကျင့်ဖို့ မူလက စီစဉ်ထားပေမယ့် ခုတော့ လေ့ကျင့်မယ့်ရက်ကို ရွှေ့ရတော့မှာပေါ့။ နည်းနည်းတော့ နောက်ကျသွားတော့မှာပါ။ ဒါပေမယ့် ဒူးခေါင်းပြန်ကောင်းရင် လေ့ကျင့်မှုကို စ,လုပ်မှာပါ။ ကျွန်တော့်အပေါ် မေတ္တာထား အားပေးကြသူအပေါင်းကိုလဲ ကျေးဇူးတင်ပါတယ်"ဟူ ဇူကာဘတ်က သူ၏ facebook အကောင့်တွင်ရေးသားထားသည်။

သို့ရာတွင် MMA ယှဉ်ပြိုင်ထိုးသတ်ရန်မှာ မည်သူနှင့် ထိုးသတ်မည် ဆိုခြင်းကို မသိရသေးချေ။

ပုံ - ဇူကာဘတ် ဖေ့စ်ဘုတ်

Post a Comment

Previous Post Next Post