✅ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခါနီးအချိန်မှာ ဗိုလ်အောင်ဆန်းခေါင်းဆောင်တဲ့ တပ်မတော်ကို အထမ်းအကွပ်နဲ့ထိန်းချုပ်ဖို့ လုပ်လာခဲ့ကြတယ်။ တခြားတော့မဟုတ်ဘူး။ ခေါင်းဆောင် အရာရှိအင်အားဘယ်လောက်၊ လက်အောက် စစ်သည် ဘယ်လောက်နဲ့ပဲ ဖွဲ့ရမယ် ဆိုတဲ့ ဖက်ဒရယ်ဆန်ဆန် ပုံစံမျိုးဖြစ်တယ်။ ဆိုတော့ ဘာဖြစ်လာသလဲဆိုတော့ အင်္ဂလိပ်နဲ့ ဂျပန်ကို တိုက်ထုတ်ဖို့ လက်သမား၊ တောင်သူ၊ ဘုန်းကြီး၊ ကျောင်းဆရာ စသဖြင့် အလွှာ စုံက ဝင်လာတဲ့ မြန်မာယောကျ်ားထုအတွက် အကြပ်ရိုက်ကုန်ကြတယ်။ လွတ်လပ်ရေးရပြီးတဲ့ အခါမှာ အဲဒီပိုလျှံအင်အားတွေက ဖဆပလ ထိပ်သီးခေါင်းဆောင် ပိုင်းတွေရဲ့ ခါးပိုက်ဆောင်တပ် တွေဖြစ်လာတယ်။ စနစ်တကျ တပ်မတော်တရပ် ဖြစ်လာဖို့ အတော်လေးဖြေရှင်းခဲ့လိုက်ရတဲ့ ပြသနာတစ်ရပ်လည်းဖြစ်ခဲ့တယ်။
✅ ဒီကနေ့ မြန်မာနိုင်ငံရေးအခင်းအကျင်းမှာ တပ်မတော်အနေနဲ့ ပြည်သူစစ် မဟာဗျူဟာ သွားချင်ပေမယ့် တပ်မတော်မှာ သူတို့စိုးရိမ်နေရတဲ့ အပိုင်းတွေရှိနေတာ လည်း သတိပြုမိတယ်။ တတောင့်ထိုး လက်နက်တွေ ထုတ်ပေးထားပေမယ့် စနစ်တကျ သင်ကြားလေ့ကျင့်ထား တာမဟုတ်တဲ့အတွက် လွယ်လွယ်ကူကူထွက်ပြေးအညံခံတဲ့ အခါမှာ ရန်သူ့နောက်ကို လက်နက်တွေ အလွယ်တကူပါသွားမှာမျိုး၊ နောင်တချိန်မှာ နေရာအနှံ့အပြားပြန့်ကျဲနေမဲ့ လက်နက်တွေ ကို စုစည်းဖို့အရေးကိစ္စတွေအတွက် တပ်ဟာ တွေးပူနေဟန်လည်းရှိတယ်။
✅ ဒီကနေ့ဂန့်ဂေါမှာ ဖြစ်နေတာကလည်း နယ်မြေလု စစ်ပွဲပါပဲ။ ချင်းဟာ ကလေးမြို့ အထိ ရယူချင်တဲ့ အတွေးရှိပါတယ်။ ဒါ့ကြောင့်လည်း ရေဇွာရဲ့ အရှေ့ဘက်၊ ကလေးမြို့ ရဲ့တောင် ဘက်တကြောမှာ ရှိတဲ့ နယ်မြေတွေအားလုံးကို မရရအောင် သိမ်းပိုက်နေတာပါ။ ကြားထဲက ယောသူ၊ ယောသားတွေက ပဲလှော်ကြား ဆားညှပ်နေတဲ့ပုံစံလို့ ယူဆစရာတော့ရှိတယ်။ ဒါပေမယ့် ဝန်ထမ်းတွေကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာ ကလည်း ဂန့်ဂေါက ယောသူ၊ ယောသားတွေဆိုတာ မမေ့ဖို့လိုပါတယ်။ တဆက်တည်း ပြောရရင် ခန်းပတ် ရဲစခန်း ဆိုတာတွေကလည်း ကလေးမြို့ကနေ အလွယ်တကူ စစ်ကူလိုက်ဖို့ခက်ခဲတဲ့ နယ်စပ် စခန်း တွေဖြစ်ပါတယ်။
✅ စစ်ရေးသတင်းဘက် ဆက်ရရင် CNF တွေကြောင့် ထန်တလန်မြို့ကြီး ပြာကျခဲ့သလို KIA တွေကြောင့် ကောလင်းလည်း ပျက်စီးရတော့ဘေး ကြုံနေရပါပြီ။ ရွှေလုပ်ကွက်တွေ ရှိတဲ့နေရာမို့ KIA အတွက်ကတော့ အရှုံးမရှိပါဘူး။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ရုံပါပဲ။ နောင်ချို-ကျောက်မဲ ဟာ ပြင်ဦးလွင်ရဲ့ ခံစစ်စည်းဖြစ်သလို ကွမ်လုံဟာလည်း သန္နီပြီးရင် ရှေ့တန်းကျတဲ့ ခံစစ်စည်းတစ်ခုပါပဲ။ တခြားမြို့တွေ ကျတာ အကြောင်းမဟုတ်ပေမဲ့ ဒီမြို့ တွေကတော့ ဘယ်လိုနည်းနဲ့မှ ကျလို့မရတဲ့ စစ်ဗျူဟာအရေးကြီးနယ်မြေတွေလည်း ဖြစ်ပါတယ်။ ဒီလမ်းကြောင်း အူမတွေ မထိန်းနိုင်ရင် ကုန်ကြမ်း၊လောက်ကိုင်နဲ့ ပါစင်ဂျာက တပ်တွေ ဟာ ချောင်ပိတ်မိနိုင်တဲ့သဘောဖြစ်ပါတယ်။
✅ ၂၀၂၀ က ပြန်စလိုက်တဲ့ စစ်ပွဲတွေဟာ ယူကရိန်း-ရုရှားစစ်လိုပဲ အချိန်အတိုင်းအတာ တစ်ခုအထိ ရှည်ကြာနေခဲ့တာက တပ်မတော်အတွက် ရေရှည်အန္တရာယ်များပါတယ်။ အရေးကြီးတာက စစ်ပန်းသွားနိုင်ပါတယ်။ ခုလက်ရှိ ရင်ဆိုင်နေရတာက လည်း မြောက်ပိုင်း ၃ ဖွဲ့ အပြင် KIAနဲ့လည်း ရင်ဆိုင်နေရသလို အောက်ဘက်မှာလည်း KNU နဲ့ ပါ တွယ်နေရတဲ့အချိန်ဖြစ်လို့ စစ်ဟာ ဖြန့်ကျက်ကစားနေရသလို ဖြစ်နေတာဖြစ်ပါတယ်။ အစိုးရ ၂ ဆက်ချိန်းပြီးတဲ့အထိ NCA ကို စိတ်ဝင်စားတဲ့ အရပ်အယောင် မပြတဲ့အပြင် စခန်း ကုန်းတွေကိုပါ အဆက်မပြတ်တိုက်ခိုက်နေတာမျိုးကတော့ သူတို့ရည်ရွယ်ချက်က ဘာဖြစ်ချင် သလဲဆိုတာရှင်းပါတယ်။
✅ လက်လွှတ်ခဲ့ရတဲ့ စခန်းကုန်းနေရာတွေကို အချိန်အတိုင်းအတာ တစ်ခုရောက်ရင် တပ်အနေနဲ့ပြန်သိမ်းပိုက်ရရှိနိုင်ပေမယ့် အဲဒီအချိန်ရောက်ရင် ဒီသောင်းကျန်းသူတွေက NCA ဘက်ကိုပဲ လှည့်ပြီး မျက်နှာပြောင်ပြောင်နဲ့ ငြိမ်းချမ်းရေးအကြောင်း ပြောကြမလား ဆိုတာကလည်း တွေးရခက်ပါတယ်။ TNLA ဟာ သူ့ဌာနချုပ်မထိသေးသရွေ့တိုက်စစ် ဖွင့်နေဦးမှာဖြစ်သလို KIA ကလည်း အလားတူပုံစံပါပဲ။ ခုဆို တိုက်ပွဲဧရိယာက လားရှိုး တဝိုက်မှာတင် ကစားနေကြတာဖြစ်လို့ တဖက်ရန်သူရဲ့ လက်တံကို မှန်းဆလို့ ရနိုင်ပါပြီ။
သေချာတာကတော့ ငြိမ်းချမ်းရေး ဒီရေ အတက်အကျ အကြောင်းမပြောနိုင်သေးခင် မြို့ရွာ တွေ ဘယ်လောက်များများ ပျက်စီးသွားပြီလဲဆိုတာ ထိုင်ရေတွက်ရမဲ့ ကိန်းဆိုက်နေ တာကတော့ အမှန်တရားပဲဖြစ်ပါတယ်။ နောက်ကွယ်မှာ အမေရိကန် ပါနေတာကိုးလို့ ပြောချင်ပြောနေပါစေ။ ဒီအချိန်မှာ ငြိမ်းချမ်းရေး အကြောင်းမပြောတဲ့ အစ္စရေးကို ပိုပြီး အားကျပါတယ်။
(နရီမိုး)
Post a Comment