တရုတ်-မြန်မာနယ်စပ်က မူးယစ်ဆေးဝါးစစ်ပွဲ


2023 နှစ် မကုန်မှီ စကစကို နိုင်သလောက်အားကုန်တိုက်မယ်။
ရသလောက် နယ်မြေသိမ်းထားမယ်။

၂၀၂၃ ဒီဇင်ဘာဆို နစကကြေငြာထားတဲ့တဖက်သတ်အပစ်ရပ်ကာလကုန်ပြီ။
၂၀၂၄ ရောက်တာနဲ့အပစ်ရပ်ဘို့ နစကကိုကမ်းလှမ်းငြိမ်းချမ်းရေးစားပွဲစီလာ...ဝိုင်ခွက်တိုက်နယ်မြေတောင်းကြမယ်။
NCA တော့ လုံးဝထိုးမည်မဟုတ်။ ပြည်နယ်အဆင့်အပစ်ရပ်တော့ ထိုးနိုင်တယ်။
ဒါက တဖက်က တွေးဆနိုင်ချက်အခင်းအ ကျင်း။
ပြောရရင် ရိုးရိုးမြင်သာအောင် လှန်ပြထားတဲ့ ဖဲချပ်။
အခု ရှမ်းမြောက်နဲ့စစ်ကိုင်းအထက်ပိုင်းကိုတချိန်တည်းတပြိုင်တည်းတိုက်ကွက်ဖေါ်ဘို့က လွန်ခဲ့တဲ့တနှစ်လောက်ကတည်းကအားစမ်းရင်း...ကြိုတင်ပြင်ဆင်ခဲ့တယ်။အဓိကတော့"ဝ"ထဲမှာဘဲ။ ဘာလို့ ဝ ထဲမှာကြိုတင်ပြင်ဆင်သလဲ။ ဝ နယ်မြေဟာ နိုင်
ငံတော်က မတို့မထိတဲ့နယ်မြေဖြစ်နေလို့ဘဲ။
ဒါကြောင့် မိမိဘက်က ရိပ်ဖမ်းသံဖမ်းတောင် မသိခဲ့ဘူး။

ရန်သူ့ faith တွေကြားမှာ..ကရင်၊ ကယားနဲ့ကချင်မှာ တပ်တွေ ဝင်သွားတယ်။ စစ်ပန်းနေတယ်။
တနိုင်ငံလုံးအနှံ့၊ အထူးသဖြင့် ဆက်သွယ်ရေးလမ်းကြောင်းနဲ့ လျှပ်စစ်ဓါတ်အားပေးလိုင်းတာဝါတိုင်တွေကို တိုက်ဖျက်ဆီးပြီး
နစကတပ်တွေ အင်အားပြန့်သွားအောင်လုပ်တယ်။
လက်နက်မဲ့ပြည်သူတွေကို L P D F တွေ
tတ်ခိုင်းပြီး လူထုအကြောက်တရားဝင်လာအောင် Mass Propaganda ကျယ်ကျယ်
ပြန့်ပြန့်လုပ်တယ်။ အဲ့ဒီအကျိုးဆက်က
အခုမြို့တွေတိုက်တော့ လူထုအကြောက်တရားကြီးပြီး ပြေးကြလွှားကြ၊ ကောလဟာလတွေ ပြန့်လွင့်နဲ့ တပ်က မြို့တွေအဓိကကာကွယ်လာရပြီး တပ်အင်အားတွေထပ်ဖြန့်ခွဲလိုက်တယ်။ အရန်တပ် မရှိတော့ဘူး။
ရဲစခန်းကအစ တပ်က ဝင်ထိုင်မှရတော့တယ်။ တပ်မပါရင် ဘယ်နေရာမှ မကာကွယ်နိုင်တော့လောက်အောင် တပ်အင်အားတွေဖြန့်ခွဲလာကြရတော့.....
တပ်လက်ထဲမှာ အရန်တပ်မရှိတော့ဘူးလို့တွက်ဆပြီး
ဒီအချိန်အခါကိုယူ ရှမ်းမြောက်နဲ့စစ်ကိုင်းအထက်ပိုင်းကို တချိန်တည်းတိုက်ကွက်ဖေါ်တာဘဲ။
အဓိကပြဿနာက အရန်တပ်မရှိတဲ့ပြဿနာ။

တပ်မတော်ကိုတော့ လုံးဝချေမှုန်းနိုင်မှာတော့ မဟုတ်ဘူး။
ဒါပေမဲ့...တိုက်မယ်၊ ဘေးကြပ်နံကြပ်ဖြစ်အောင် လုပ်မယ်။
၂၀၂၃ ဒီဇင်ဘာ မကျော်ခင် ရသလောက်နယ်မြေတိုက်ယူထားကြလိမ့်မယ်။
၂၀၂၄ မှာ အပစ်ရပ်တို့၊ ငြိမ်းချမ်းရေးတို့ကိုကြားပွဲစားတွေ၊ ပါလေရာငပိချက်တွေနောက်ကွယ်က ခေါင်းကိုင်ဖခင်ကြီးတွေထွက်လာပြီးပြောလိမ့်မယ်။
အထူးသဖြင့် အာစီယံတို့..ဘာညာကွိကွအဖွဲ့တွေ၊ လူတွေ။
ဒါက စစ်ရေးအမြင်နဲ့လက်ရှိမြင်နေရတာ။

ဒီတော့တပ်မတော်ရဲ့(နစကရဲ့)မဟာဗျူဟာရည်မှန်းချက်ကဘာလဲ?
NCA က မဟာဗျူဟာရည်မှန်းချက်လား?
ဒါဆို...ရန်သူအကြိုက်ဘဲ။ NCA ဟာ တပ် မတော်ရဲ့အားနည်းချက်တစ်ရပ်လိုဖြစ်နေတာကြာပြီ။

ဘာ့ကြောင့်လဲ?

NCA ကို လိုလားတာက တပ်မတော်ဘဲဖြစ်နေပြီး ကျန်လက်နက်ကိုင်အဖွဲ့တွေက မလိုလားဘူး။ NCA ကို ကိုင်ပြီး လိုသလိုက စားဘို့ဘဲ တွက်ဆထားတယ်။
နစကရဲ့မဟာဗျူဟာရည်မှန်းချက်က
ရွေးကောက်ပွဲကျင်းပရေးလား?
နိုင်ငံအနှံ့နယ်မြေဘယ်ရာခိုင်နုန်းလောက်ရွေးကောက်ပွဲလုပ်နိုင်မလဲ။ နစကရဲ့ရွေး ကောက်ပွဲလုပ်နိုင်မဲ့နယ်မြေနည်းသထက်နည်းအောင် လုပ်လာကြမှာဘဲ။
ရန်သူ့ဘက်ကနေ ကိုယ့်ဟာကို မြင်တွေး
ကြည့်တာပါ။
ဒီလိုပွဲမျိုးမှာ အရှေ့နဲ့အနောက်လျှို့ဝှက်သိုင်းသမားတွေ၊ ယာယီမဟာမိတ်ပြုပေါင်းမလုပ်ကြဘူးလို့ဘယ်သူပြောနိုင်မလဲ?
ဝ ကို မဏ္ဍိုင်ပြုထားတာ စဉ်းစားစရာ။ ဝ ဆိုတဲ့အမျိုးကတရုတ်ကြီးမျက်ရိပ်ပြမှ လုပ်ရဲတဲ့အမျိုး။ ဝ ခေါင်းဆောင်အချို့ကို တ ရုတ်ဖမ်းတယ်ဆိုတဲ့ဖြစ်စဉ်ကလည်း ၁၀၂၇ မတိုင်မှီ တစ်လလောက်မှ ကပ်ဖြစ်လာတာဆိုတာကလဲ?
တကယ်ဆို ဘယ်လိုတရားစီရင်တယ်ဆိုတာလည်း ချပြသင့်တာပေါ့။
နစကဥက္ကဌက ကာလုံခေါ်တယ်.....ယခုဖြစ်စဉ်တွေကို
ဒီမိုကရေစီအရေး
တိုင်းရင်းသားလူမျိုးစုအရေး
လောင်းကစားကိစ္စဆိုတာ ခေါင်းစဥ်တပ်မခံဘူး။
နစက က. မူးယစ်ဆေးဝါးအရေးလို့ခေါင်းစဉ်တပ်လိုက်တယ်။ ပြောရရင် မူးယစ်ဆေးဝါးစျေးကွက်အတွက် နယ်မြေ
ရယူတဲ့....စစ်ပွဲ။
မူးယစ်ဆေးဝါးအရေးဆိုတော့...အတော်ကျယ်ပြန့်သွားပြီး ပါဝင်ပတ်သက်ဆက် နွယ်ထောက်ပံ့စီမံသူ ပြည်တွင်း/ပြည်ပအားလုံးမူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးတဲ့အထဲ အကျုံးဝင်သွားမယ်။
ပြောရရင်...ယခုဖြစ်တဲ့တရုတ်-မြန်မာနယ် စပ်စစ်ပွဲတွေဟာ မူးယစ်ဆေးဝါးပွဲ။

ကဲ...နစကလက်ထဲမှာ ဝှက်ဖဲတွေ၊ ကိုင်ဖဲတွေ ဘယ်လောက်ရှိနေပြီလဲ။
ဘယ်သူသိနိုင်မလဲ..လေ။
ဘာလို့လဲဆိုတော့...

ဝ တို့၊ ကိုးကန့်တို့...အစရှိတဲ့အဖွဲ့တွေခေါင်းဆောင်တွေရဲ့အကျိုးစီးပွားပိုင်ဆိုင်မှုအားလုံးက မြန်မာပြည်ထဲမှာ မရှိ။ အကုန်တရုတ်ပြည်ထဲမှာဘဲဆိုတဲ့အချက်က အဓိကကြီီးဖြစ်လာနိုင်မယ်ထင်တယ်။ မေးခွန်းက ဒီအကျိုးစီးပွားတွေ ဘယ်ကရသလဲ?ဆိုတာရယ်၊ ဘာလို့တရုတ်ပြည်ထဲမှာရှိနေတာလဲဆိုတဲ့အချက်တွေဘဲ။

အောက်ဖဲလှန်ကြတော့မလားဘဲ။

crd***original post
#JBT

Post a Comment

Previous Post Next Post