စစ်ပွဲတွေ ဖြစ်လာရင် ဘယ်သူတွေနစ်နာသလဲ

အခုတစ်လော ရခိုင်ပြည်နယ်အတွင်းမှာ AA အဖွဲ့ရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် တိုက်ပွဲဖြစ်ပွားနေပြီးဒီထက်ပိုပြင်းထန်လာမှာကို ရခိုင်လူထုက စိုးရိမ်နေကြပါတယ်။ AA ဟာ တပ်မတော်ရဲ့ ကင်းစခန်းငယ်တွေ၊ ရဲကင်းတွေ၊ နယ်စပ်လုံခြုံရေးကင်းတွေကို အင်အားအလုံးအရင်းနဲ့ ဝင်တိုက်ပြီး စစ်မီးမွှေးလာတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကောင်းစားရေးအတွက်လို့ တသွင်သွင်အော်နေပေမဲ့ AA ရဲ့ လုပ်ရပ်ဟာ ရခိုင်ပြည်သူတွေ ဒုက္ခပင်လယ်ဝေမဲ့ ကိစ္စရပ်တွေချည်းပါပဲ။ စစ်ပွဲတွေ ဖြစ်ရင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားသလို ပြည်နယ်တိုးတက်ရေးကိုလည်း နှောင့်နှေးစေပါတယ်။ အဆိုးဆုံးကတော့ ဒေသခံ ပြည်သူလူထုတွေဟာ မိမိတို့ရဲ့ အိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ပြီး စစ်ရှောင်ဘဝနဲ့ ဒုက္ခပင်လယ်ဝေကြရတာပါပဲ။ ဒါတွေကို သိတဲ့ တပ်မတော်ဟာ ပြည်သူလူထုအကျိုးကို ရှေ့ရှုပြီး ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ် စိတ်ရှည်သည်းခံခဲ့တာဖြစ်ပါတယ်။ AA ကတော့ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေ ဒုက္ခပင်လယ်ဝေစေမဲ့ တစ်ကြော့ပြန် စစ်ပွဲတွေကို ဖန်တီးနေတာကို ကြည့်ရရင် ဒီအဖွဲ့ရဲ့ ရပ်တည်ချက်နဲ့ ရည်ရွယ်ချက်တွေဟာ မေးခွန်းထုတ်စရာတွေဖြစ်လာနေပါတယ်။
#dgf21news

Post a Comment

Previous Post Next Post