ရှမ်းမြောက်တိုက်ပွဲတွေမှာ ဝနှင့် NDAA မိုင်းလား အဖွဲ့ပါဝင်မှာ မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်


(“ဝ"နဲ့ မိုင်းလား စာထုတ်)

NDAA မိုင်းလား
=======
ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ NDAA မိုင်းလားအဖွဲ့အနေနဲ့ ဘက်မလိုက်တဲ့ နိုင်ငံ ရေးရပ်တည်ချက်အတိုင်း လက်နက်ကိုင် ပဋိပက္ခတွေမှာ ပါဝင်မှာ မဟုတ်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ တရုတ်-မြန်မာနယ်စပ် စစ်ရေးပဋိ ပက္ခတွေကြောင့် ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။

"ဝ"
-------
"ဝ"ပြည်အနေနဲ့ လက်ရှိဖြစ်နေတဲ့ ပြသနာတွေနဲ့ ပတ်သက်ပြီး အင်အားသုံးမဖြေရှင်းကြဘဲ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့နဲ့ တတ်နိုင်သလောက် အပစ်ရပ်နိုင်ဖို့ တိုက်တွန်း၊ နိုင်ငံရေးဆွေးနွေးတဲ့နည်းတွေနဲ့ ပြသနာတွေ ဖြေရှင်းဖို့
မျှော်လင့်ကြောင်း၊
“ဝ” ပြည်အနေနဲ့ကတော့ လက်ရှိလက်နက်ကိုင်တိုက်ပွဲမှာ ပါဝင်မှာမဟုတ်ကြောင်း။

“၀”ပြည်အနေနဲ့ “၀”ပြည်လုံခြုံရေးကို ကာကွယ်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို အပြည့်အဝ
ကာကွယ်သွားရမှာဖြစ်ကြောင်း၊

မိုင်းလားစာက အောက်ပုံပါအတိုင်း

"ဝ"နဲ့ မိုင်းလား က လက်ရှိဖြစ်နေတဲ့စစ်ပွဲမှာ ပါဝင်မှာမဟုတ်ကြောင်းကို စာထုတ်တာပါ။

Post a Comment

Previous Post Next Post